အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ ဒီကနေ့ ဆန်ဖရန်စစ္စကို (San Francisco) မြို့က သမိုင်းဝင် Filoli စံအိမ်မှာ ၄ နာရီလောက် တွေ့ဆုံပြီး၊ ၂ နိုင်ငံကြား ကိစ္စတွေနဲ့ နိုင်ငံတကာရေးရာကိစ္စတွေကို ဆွေးနွေးမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကမ္ဘာပေါ်မှာ မူဆလင်အများဆုံးနေထိုင်တဲ့ တိုင်းပြည်တခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက သမ္မတ ဂျိုကို ဝီဒိုဒိုဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာတွေ့ဆုံပြီး ဂါဇာမှာ ချက်ချင်း အပစ်ရပ်ဖို့ မူဆလင်နိုင်ငံ ၅၇ နိုင်ငံက တောင်းဆိုချက်ကို သတင်းစကားပါးခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ညီလာခံကို တက်ရောက်မယ့် ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေ ရောက်လာကြပါပြီ။ ဒီအချိန်မှာ ဆန္ဒထုတ်ဖော်ကြတဲ့သူတွေလည်း ရောက်နေပြီး ဒီထဲမှာ မြန်မာတွေလည်း ပါဝင်တာပါ။ မအိသန့်စင်က တင်ဆက်ပေးမှာပါ။
မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတာ ချက်ချင်း ရပ်ဆိုင်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်နဲ့စစ်တပ်ချင်းဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ လိုလားနေတယ်လို့ အိမ်ဖြူတော် လုံခြုံရေးအကြံပေး Jake Sullivan က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
နိုဝင်ဘာလ ၁၁ ရက် စနေနေ့က ကျရောက်တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းများနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန် အာလင်တန် အမျိုးသားစစ်သင်္ချိုင်းကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေချရင်း အမေရိကန် စစ်မှုထမ်းတွေကို ဂုဏ်ပြုခဲ့ပါတယ်။
အမေရိကန်နဲ့ အိန္ဒိယ ၂ နိုင်ငံက ထိပ်တန်းသံတမန်တွေ နယူးဒေလီမြို့တော်မှာ ၅ ကြိမ်မြောက် 2+2 ဆွေးနွေးပွဲကို ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာကိစ္စတွေကို ၂ နိုင်ငံက နိုင်ငံခြားရးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာပါ။
အမေရိကန် အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် APEC အာရှပစိဖိတ် စီးပွားရေးပူပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲမတိုင်ခင် တရုတ် ဒုဝန်ကြီးချုပ် He Lifeng နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen တို့ရဲ့ ၂ ရက်တာ တွေ့ဆုံဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ စတင်လိုက်ပါတယ်။
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက အီရန်နဲ့ဆက်နွယ်နေတဲ့ လက်နက်သိုလှောင်ရုံတခုကို အမေရိကန်စစ်လေယာဉ်တွေက ဖျက်ဆီးလိုက်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အိမ်ခြံမြေလုပ်ငန်း တန်ဖိုးအပေါ် လိမ်လည်ပြီး တန်ဖိုးမြှင့်ပြခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်တဲ့တရားရုံးချိန်းမှာ ဗုဒ္ဓဟူးနေ့က အိုင်ဗန်ကာထရမ့်က ထွက်ဆိုခဲ့ပြီး သူ့ရဲ့ဖခင်ကုမ္ပဏီမှာ လုပ်ကိုင်ခဲ့တဲ့ အိမ်ခြံမြေအရောင်းအဝယ် အသေးစိတ်အချက်အလက်တွေကို မမှတ်မိကြောင်း ပြောခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ တနှစ်သာလိုတော့တဲ့ အမေရိကန်ပြည်ထောင်စုမှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေနဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်အတွက် လှုံ့ဆော်သူတွေက ပြည်နယ်အများအပြားမှာ ဆက်တိုက် အနိုင်ရရှိနေပါတယ်။
ဝန်ကြီး Blinken ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ရုရှား-ယူကရိန်းစစ်ပွဲ၊ မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုအသစ်လုပ်နေတဲ့ အပေါ်စိုးရိမ်မှုတွေနဲ့ တရုတ်ရဲ့ ဩဇာကြီးထွားလာတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့လည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်သွားမယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။