အခုသီတင်းပတ် သုတစုံလင်အမေရိကန်တခွင် အစီအစဥ်မှာ အနှစ် ၂၀ ကာလအတွင်း DV အစီအစဥ် ၃ ကြိမ်လျှောက်ထားပြီးမှ ရွေးချယ်ခံရတဲ့ မစင်ဒီထွန်းက အမေရိက ရောက်လာပြီးနောက် ဘဝရပ်တည်ရေးအတွက် ဘယ်လမ်းကြောင်း ရွေးချယ်ခဲ့လဲ ဆိုတာနဲ့ ပတ်သတ်ပြီး ကို အောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
တလအတွင်း ဒုတိယအကြိမ် အရှေ့အလယ်ပိုင်းဒေသမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာဒေသထဲက အရပ်သားတွေ မထိခိုက်အောင် ကာကွယ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့အလယ်ပိုင်းဒေသခရီးစဉ် အစည်းအဝေးတွေပြီးရင် လာမယ့်သီတင်းပတ်ထဲ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ကို သွားဖို့ရှိပြီး ဂါဇာပဋိပက္ခမှာ အရပ်သားထိခိုက်သေကြေမှု နည်းနိုင်သမျှနည်းအောင် ဒေသတွင်းနိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ရှိပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာညှိနှိုင်းရေးမှူး Kurt Campbell ကို နိုင်ငံခြားရေးဌာနရဲ့ဒုတိယမြောက်အကြီးဆုံး ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတ Joe Biden က အဆိုပြုလိုက်ပါတယ်။
ဂါဇာက ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေးက လက်တုံ့ပြန်ချေမှုန်းရေး အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ အစ္စရေးနဲ့ ဂျော်ဒန်ကို သွားမယ့်ခရီးစဥ်ကို ဒီနေ့ ကြာသပတေးနေ့မှာပဲ စတင်လိုက်ပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားတဲ့ အနေနဲ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဒီနေ့ပဲ ကြေညာလိုက်ကြပါတယ်။
အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာနိုင်ငံက တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အိန္ဒိယရေတပ်အရာရှိဟောင်းရှစ်ဦးကို ပြန်လွှတ်ပေးရေး အလုံးစုံကြိုးပမ်းသွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့ (အောက်တိုဘာ ၃၀) မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက Maine ပြည်နယ် Lewiston မြို့မှာ လူ ၁၈ ယောက်သေဆုံးအောင်ပစ်ခတ်ခဲ့တယ်လို့ သံသယရှိရသူ Robert Card ကို သေဆုံးလျှက် တွေ့ရှိခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
"DV အစီအစဉ်နဲ့ အမေရိကန်အတွေ့အကြုံ (အပိုင်း-၁)" အနှစ် ၂၀ ကာလအတွင်း DV အစီအစဥ် ၃ ကြိမ်လျှောက်ထားပြီးမှ ရွေးချယ်ခံရတဲ့ မစင်ဒီထွန်းက DV အစီအစဥ်နဲ့ ပတ်သတ်ပြီး သူ အတွေ့အကြုံတချို့ကို ပြန်လည် ပြောပြထားပါတယ်။ ကို အောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်ကို ရောက်နေတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ တို့ သောကြာနေ့က သမ္မတ အိမ်ဖြူတော်မှာ ၁ နာရီကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြိုင်ဘက်နိုင်ငံကြီး နှစ်ခုကြား ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ အခွင့်လမ်းကောင်းလို့ အိမ်ဖြူတော်ကဆိုပါတယ်။
ဆီးရီးယားနိုင်ငံထဲက အီရန်အထူးတပ်တွေရဲ့ စစ်စခန်း ၂ ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဆီရီးယားနိုင်ငံအရှေ့ပိုင်းက အီရန်တော်လှန်ရေးတန်ပြန်အစောင့်တပ်တွေရဲ့ လက်နက်ခဲယမ်းသိုလှောင်တဲ့ နေရာ ၂ ခုကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြေညာချက်ထုတ်ပြန်ပါတယ်။
ရာပေါင်းများစွာသော ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့က အမေရိကန် အရှေ့မြောက်ဘက်ခြမ်း Maine ပြည်နယ်အတွင်း ဖြန့်ချထားပြီး လူ ၁၈ ဦး သေဆုံးအောင် ပစ်ခတ်သွားတဲ့ သံသယရှိသူကို ဖမ်းမိနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။