ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက အီရန်နဲ့ဆက်နွယ်နေတဲ့ လက်နက်သိုလှောင်ရုံတခုကို အမေရိကန်စစ်လေယာဉ်တွေက ဖျက်ဆီးလိုက်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အိမ်ခြံမြေလုပ်ငန်း တန်ဖိုးအပေါ် လိမ်လည်ပြီး တန်ဖိုးမြှင့်ပြခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်တဲ့တရားရုံးချိန်းမှာ ဗုဒ္ဓဟူးနေ့က အိုင်ဗန်ကာထရမ့်က ထွက်ဆိုခဲ့ပြီး သူ့ရဲ့ဖခင်ကုမ္ပဏီမှာ လုပ်ကိုင်ခဲ့တဲ့ အိမ်ခြံမြေအရောင်းအဝယ် အသေးစိတ်အချက်အလက်တွေကို မမှတ်မိကြောင်း ပြောခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ တနှစ်သာလိုတော့တဲ့ အမေရိကန်ပြည်ထောင်စုမှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေနဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်အတွက် လှုံ့ဆော်သူတွေက ပြည်နယ်အများအပြားမှာ ဆက်တိုက် အနိုင်ရရှိနေပါတယ်။
ဝန်ကြီး Blinken ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ရုရှား-ယူကရိန်းစစ်ပွဲ၊ မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုအသစ်လုပ်နေတဲ့ အပေါ်စိုးရိမ်မှုတွေနဲ့ တရုတ်ရဲ့ ဩဇာကြီးထွားလာတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့လည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်သွားမယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။
AI လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာ အသုံးပြု ဖန်တီးမှုတွေကို ဘေးကင်းလုံခြုံဖို့၊ ယုံကြည်စိတ်ချရဖို့အတွက် သမ္မတ အမိန့်တရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီအပတ်အတွင်း လက်မှတ်ထိုးလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတုံ့ပြန်တာတွေကို Julie Taboh သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အစ္စရေး-ဟားမတ်စ် ပဋိပက္ခအပါအဝင် ကမ္ဘာ့ စိန်ခေါ်ချက်တွေ ရှိနေပေမဲ့ အင်ဒိုပစိဖိတ်ဒေသကို အမေရိကန်က အဓိကထားပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တူ
အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသကို ပြန့်နှံ့လာမှာ တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒီကနေ့ပဲ (နိုဝင်ဘာ ၆ ရက်) တူရကီနိုင်ငံကို သွားခဲ့ပါတယ်။
အမေရိကန်မှာ တိုးပွားလာနေတဲ့ မွတ်စလင်မုန်းတီးရေးတိုက်ဖျက်ဖို့ သမ္မတဂျိုးဘိုင်ဒန် အစိုးရရဲ့ ကြိုးပမ်းချက်တွေထဲ ဂါဇာမှာရှိတဲ့ အရပ်သားတွေ ကာကွယ်ဖို့အတွက်ပါ ထည့်သွင်း လုပ်ဆောင်ရမယ်လို့ အမေရိကန်မွတ်စလင်အဖွဲ့တွေပြောပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ရဲ့သတင်းကို ကိုငြိမ်းချမ်းတင်ပြပါမယ်။
အခုသီတင်းပတ် သုတစုံလင်အမေရိကန်တခွင် အစီအစဥ်မှာ အနှစ် ၂၀ ကာလအတွင်း DV အစီအစဥ် ၃ ကြိမ်လျှောက်ထားပြီးမှ ရွေးချယ်ခံရတဲ့ မစင်ဒီထွန်းက အမေရိက ရောက်လာပြီးနောက် ဘဝရပ်တည်ရေးအတွက် ဘယ်လမ်းကြောင်း ရွေးချယ်ခဲ့လဲ ဆိုတာနဲ့ ပတ်သတ်ပြီး ကို အောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
တလအတွင်း ဒုတိယအကြိမ် အရှေ့အလယ်ပိုင်းဒေသမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာဒေသထဲက အရပ်သားတွေ မထိခိုက်အောင် ကာကွယ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့အလယ်ပိုင်းဒေသခရီးစဉ် အစည်းအဝေးတွေပြီးရင် လာမယ့်သီတင်းပတ်ထဲ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ကို သွားဖို့ရှိပြီး ဂါဇာပဋိပက္ခမှာ အရပ်သားထိခိုက်သေကြေမှု နည်းနိုင်သမျှနည်းအောင် ဒေသတွင်းနိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ရှိပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာညှိနှိုင်းရေးမှူး Kurt Campbell ကို နိုင်ငံခြားရေးဌာနရဲ့ဒုတိယမြောက်အကြီးဆုံး ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတ Joe Biden က အဆိုပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။