ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတိုက်ဖျက်ရေး ရန်ပုံငွေထဲကို အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်သွားမယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က UAE အာရပ်စော်ဘွားများပြည်ထောင်စု Dubai မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆို
အမေရိကန် အောက်လွတ်တော်အနေနဲ့ ယူကရိန်းအတွက် ထောက်ပံ့ရေးအကူအညီကို အခုလမကုန်ခင်မှာ အမြန်ဆုံး အတည်ပြုပေးဖို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က တောင်းဆိုလိုက်ပါတယ်။
SpaceX အာကာသကုမ္ပဏီရဲ့ Rocket ဒုံးနဲ့ တောင်ကိုရီးယားနိုင်ငံလုပ် ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုလ်တုကို အမေရိကန် California ပြည်နယ်မှာရှိတဲ့ Vandenberg အာကာသစခန်းကနေ သောကြာနေ့က လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ သောကြာနေ့မှာ တွေ့ဆုံပြီး တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့စစ်ရေးအင်အားကို တန်ပြန်ဖို့ ရည်ရွယ်တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့ အခြားအဆင့်မြင့်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို တတိယအကြိမ်အဖြစ် ထပ်တိုးလိုက်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျော်ဒန်မြစ် အနောက်ဘက်ခြမ်း West Bank ဒေသမြို့ဖြစ်တဲ့ Ramallah ကို သွားရောက်ပြီး ပါလက်စတိုင်း သမ္မတ Mahmoud Abbas နဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ သမ္မတအိမ်ဖြူတော်ကို နှစ်စဉ် ခရစ္စမတ်ကာလ အလှဆင်ဖို့အတွက် နိုင်ငံတဝန်းက လူထောင်ပေါင်းများစွာဟာ သူတို့ရဲ့ ဆောင်းရာသီ အားလပ်ရက်မှာ စေတနာ့ဝန်ထမ်း လာရောက်ကူညီဖို့ လျှောက်ထားနိုင်ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီအထဲကမှ လူပေါင်း ၃၀၀ ကိုသာ ရွေးချယ်သာဖြစ်ပါတယ်။
အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်းလည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဟင်နရီကစ်ဆင်ဂျာ မနေ့က ကွယ်လွန်သွားပါတယ်။ သံတမန်ရေးလောကမှာ ဩဇာသက်ရောက်မှုသလို သူရဲ့ သံတမန်ရေးချဉ်းကပ်မှုပုံစံနဲ့ ကမ္ဘာ့အမြင်တွေအပေါ်မှာ သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။
နိုင်ငံတကာ သံတမန်ရေး ကိစ္စ အောင်မြင်မှုတွေအတွက် ချီးကျုးခံရသူ တဦးဖြစ်ပေမဲ့လည်း သူ့ရဲ့ ကမ္ဘာ့နိုင်ငံရေး တွက်ဆချက်တွေအပေါ် အငြင်းပွားမှုတွေ ဝေဖန်မှုတွေလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ သူ ဘာကြောင့် သေဆုံးတယ်ဆိုတာကိုတော့ သူတည်ထောင်ထားတဲ့ အကြံပေး ပညာရှင်အဖွဲ့က ကြေညာခြင်း မရှိပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရက်ရာသီ လွတ်တော်လုပ်ငန်းတွေ မရပ်နားခင် ယူကရိန်းကို ဘီလျံနဲ့ချီ အကူအညီပေးရေးကိစ္စ သဘောတူနိုင်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေ အချိန်လု ကြိုးစားနေကြပါတယ်။ ယူကရိန်းကို အကူအညီပေးချင်တယ်ဆိုရင် နယ်ခြားလုံခြုံရေးအတွက် အသုံးစရိတ်ကိုလည်း အတည်ပြုရမယ်လို့အမတ်တချို့ကတောင်းဆိုနေပါတယ်။
လူရှစ်ဦးကိုတင်ဆောင်လာတဲ့ အမေရိကန် စစ်ဘက်လေယာဉ်တစင်း ဂျပန်တောင်ပိုင်းမှာ ဒီနေ့ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူတဦး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့တွေကလည်း သမုဒ္ဒရာထဲမှာ လေယာဉ်အပျက်အစီးတွေနဲ့ လူတယောက်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။
သမ္မတဟောင်းကာတာရဲ့ဇနီး ရိုဆလင်း ကာတာရဲ့စျာပနအခမ်းအနားကို အတ္တလန္တာမြို့မှာ အင်္ဂါနေ့ က ကျင်းပခဲ့ပြီး သက်ရှိထင်ရှားသမ္မတကတော်အားလုံး နဲ့ ယခင်သမ္မတ အသက် ၉၉ နှစ်အရွယ် ခင်ပွန်း ဂျင်မီကာတာအပါအဝင် သမ္မတသုံးယောက်တို့ တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်န်ကန်ဟာ မြောက်အတ္တလန်တိတ် စစ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ တနင်္လာနေ့က ဘရပ်ဆဲမြို့ကို ထွက်ခွါသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။