အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားတဲ့ အနေနဲ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဒီနေ့ပဲ ကြေညာလိုက်ကြပါတယ်။
အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာနိုင်ငံက တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အိန္ဒိယရေတပ်အရာရှိဟောင်းရှစ်ဦးကို ပြန်လွှတ်ပေးရေး အလုံးစုံကြိုးပမ်းသွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့ (အောက်တိုဘာ ၃၀) မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက Maine ပြည်နယ် Lewiston မြို့မှာ လူ ၁၈ ယောက်သေဆုံးအောင်ပစ်ခတ်ခဲ့တယ်လို့ သံသယရှိရသူ Robert Card ကို သေဆုံးလျှက် တွေ့ရှိခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
"DV အစီအစဉ်နဲ့ အမေရိကန်အတွေ့အကြုံ (အပိုင်း-၁)" အနှစ် ၂၀ ကာလအတွင်း DV အစီအစဥ် ၃ ကြိမ်လျှောက်ထားပြီးမှ ရွေးချယ်ခံရတဲ့ မစင်ဒီထွန်းက DV အစီအစဥ်နဲ့ ပတ်သတ်ပြီး သူ အတွေ့အကြုံတချို့ကို ပြန်လည် ပြောပြထားပါတယ်။ ကို အောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်ကို ရောက်နေတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ တို့ သောကြာနေ့က သမ္မတ အိမ်ဖြူတော်မှာ ၁ နာရီကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြိုင်ဘက်နိုင်ငံကြီး နှစ်ခုကြား ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ အခွင့်လမ်းကောင်းလို့ အိမ်ဖြူတော်ကဆိုပါတယ်။
ဆီးရီးယားနိုင်ငံထဲက အီရန်အထူးတပ်တွေရဲ့ စစ်စခန်း ၂ ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဆီရီးယားနိုင်ငံအရှေ့ပိုင်းက အီရန်တော်လှန်ရေးတန်ပြန်အစောင့်တပ်တွေရဲ့ လက်နက်ခဲယမ်းသိုလှောင်တဲ့ နေရာ ၂ ခုကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြေညာချက်ထုတ်ပြန်ပါတယ်။
ရာပေါင်းများစွာသော ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့က အမေရိကန် အရှေ့မြောက်ဘက်ခြမ်း Maine ပြည်နယ်အတွင်း ဖြန့်ချထားပြီး လူ ၁၈ ဦး သေဆုံးအောင် ပစ်ခတ်သွားတဲ့ သံသယရှိသူကို ဖမ်းမိနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်ဖို့နဲ့ ခိုင်မြဲတည်တံတဲ့ဖွံဖြိုးမှုလမ်းကြောင်းကို ပြန်သွားနိုင်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ ကြိုးစားနေတယ်လို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ Lewiston မြို့က ဘိုးလင်းကစားတဲ့ အရက်ဘားဆိုင်တခုမှာ မနေ့တုန်းက လူအယောက် ၂၀ လောက် သေဆုံးစေတဲ့ သေနတ်ပစ်ခတ်မှု ကျူးလွန်သူကို ရာနဲ့ချီတဲ့ ရဲတွေ ရှာဖွေနေပါတယ်။
ဩစတြေးလျနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာယာ၀ပြောမှုတွေနဲ့ အခြေတည်ထားတယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်ကိုရောက်လာတဲ့ ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese နဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ရီပတ်ဘလီကန်အောက်လွှတ်တော်အမတ် Mike Johnson ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ထိပ်ဆုံးခေါင်းဆောင်မှုထဲမှာပါဝင်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေတာ ၂၂ ရက်ကြာပြီးတဲ့နောက် အခုလို ရွေးချယ်နိုင်ခဲ့တာပါ။
အရှေ့အလယ်ပိုင်းမှာ ကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်ပွားမှာကို စိုးရိမ်လာတာနဲ့အတူ အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်အင်အားတွေ ထပ်တိုးချလာနေပြီး ဒေသတွင်းမှာရှိတဲ့ အမေရိကန်တွေနဲ့ အဆောက်အအုံတွေကို ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့လည်း သတိပေးနေပါတယ်။ Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။