သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ အိန္ဒိယ 2+2 ဆွေးနွေး 


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ အမေရိကန်နဲ့ အိန္ဒိယ 2+2 ဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နဲ့ အိန္ဒိယ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများ (နိုဝင်ဘာ ၁၀၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ အမေရိကန်နဲ့ အိန္ဒိယ 2+2 ဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နဲ့ အိန္ဒိယ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများ (နိုဝင်ဘာ ၁၀၊ ၂၀၂၃)

အမေရိကန်နဲ့ အိန္ဒိယ ၂ နိုင်ငံက ထိပ်တန်းသံတမန်တွေ နယူးဒေလီမြို့တော်မှာ ၅ ကြိမ်မြောက် 2+2 ဆွေးနွေးပွဲကို ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာကိစ္စတွေကို ၂ နိုင်ငံက နိုင်ငံခြားရးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာပါ။

အစ္စရေး-ဟာမတ်စ်စစ်ပွဲဖြစ်ပွားနေချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken, ကာကွယ်ရေးဝန်ကြီး Lloyd Austin, အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar နဲ့ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့ကြား အာရှတိုက်အနောက်ပိုင်းဒေသ ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်နဲ့ အိန္ဒိယကြားနောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာတိုးတက်အောင်ဆောင်ရွက်သွားဖို့လည်း ကတိပြုခဲ့ကြပါတယ်။

အင်ဒို-ပစိဖိတ်ဒေသမှာ လွတ်လပ် ပွင့်လင်း လုံခြုံပြီး သာယာဝပြောရေးကိုဆောင်ရွက်သွားမှာဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက် ခိုင်မာအောင်လုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့ရေးရာကိစ္စနဲ့ပါတ်သက်လို့ အာရှတိုက်အနောက်ဖက် အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့ပြဿနာဟာ စိုးရိမ်စရာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အိန္ဒိယ 2+2 ဆွေးနွေး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG