နိုင်ရာဂရာရေတံခွန်အနီးက အမေရိကန်နဲ့ကနေဒါ နယ်စပ်တံတား၊ အမေရိကန်ဘက်က စစ်ဆေးရေး ဂိတ်မှာ ကားတစ်စီး ပေါက်ကွဲခဲ့ပြီး ကားပေါ်ပါ အနည်းဆုံး လူ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ အေပီ သတင်း က ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ တင်းမာတဲ့ လုပ်ရပ်တွေ တိုးလာနေချိန်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာနေတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ တောင်တရုတ်ပင်လယ်မှာ လေကြောင်း၊ ရေကြောင်း ပူးတွဲကင်းလှည့်နေကြပါတယ်။
ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်တွေကို ကိုယ်စားပြုတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ ရုပ်ရှင်၊ TV စတူဒီယိုတွေအကြား ယာယီသဘောတူညီမှုရသွားပြီးတော့ ဇူလိုင်လကတည်းက စတူဒီယိုတွေကို သပိတ်မှောက်ထားတာ ရပ်လိုက်ပါတယ်။ သဘောတူညီချက်ထဲမှာ ဉာဏ်ရည်တုနည်းပညာ AI အသုံးပြုတာကနေ ပထမဦးဆုံး အကာအကွယ်ပေးမယ့် အချက်တွေလည်းပါဝင်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ ဇနီး ရိုဆလင်းကာတာဟာ အသက် ၉၆ နှစ်အရွယ်မှာ တနင်္ဂနွေနေ့ နေ့လည်က ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ ၂ ယောက် ဟာ နှစ်ပေါင်း ၇၇ နှစ် ပေါင်းဖက်ခဲ့တဲ့ ဇနီးမောင်နှံ ဖြစ်ကြပါတယ်။
ဟားမတ်စ်ဘက်က ဂါဇာမှာ ဓါးစားခံအဖြစ် ဖမ်းဆီးထားတဲ့ အမျိုးသမီးနဲ့ကလေး ဒါဇင်နဲ့ချီပြီး လွှတ်ပေးဖို့နဲ့ အပြန်အလှန်အားဖြင့် ၅ ရက်ကြား တိုက်ပွဲတွေရပ်ဖို့ အစ္စရေးလ်၊ ဟားမတ်စ်၊ အမေရိကန်ကြားမှာ အကြိုသဘောတူညီချက် ရရှိထား
အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၂၄၀ လောက် ပါတဲ့ သင်္ဘေော တစီးဟာ အင်ဒိုနီးရှား မြေပေါ်မှာ ကမ်းကပ်ခွင့်ရဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပေမယ့် ဒေသခံတွေက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် သူတို့ စီးလာခဲ့ လှေဟာ ခုတော့ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာပဲ မျောနေရတယ်လို့ AP မှာရေးပါတယ်။
အမေရိကန်မှာ လုပ်နေတဲ့ APEC ထိပ်သီးဆွေးနွေးပွဲအပြင်မှာ အာရှစီးပွားအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်တဲ့ တရုတ်သမ္မတ Xi Jinping နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ မနေ့ကပဲ သီးသန့်ဆွေးနွေးခဲ့တာပါ။
အခုသီတင်းပတ်ထဲ အမေရိကန်လွှတ်တော်မှာ ၂၀၂၄ ခုနှစ်အတွက် အပြီးသတ်အသုံးစရိတ် ဘတ်ဂျတ်အတွက် အတည်ပြုနိုင်ဖို့ ထပ်မံ နှောင့်နှေးခဲ့လို့ မြန်မာအတွက် အကူအညီနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့က အနည်းဆုံး လာမယ့်နှစ်အစောပိုင်းအထိ ရွှေ့ဆိုင်းဖွယ်ရှိနေပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့နှစ်ဦး အမေရိကန်ပြည်ထောင်စု ဆန်ဖရစ္စကိုမှာ တွေ့ဆုံခဲ့ကြပြီး အခုလို ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံမှုဟာ တဘက်နဲ့တဘက် ပိုပြီး နားလည်လာမှုရှိလာအောင်ဖြစ်တယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ ဒီကနေ့ ဆန်ဖရန်စစ္စကို (San Francisco) မြို့က သမိုင်းဝင် Filoli စံအိမ်မှာ ၄ နာရီလောက် တွေ့ဆုံပြီး၊ ၂ နိုင်ငံကြား ကိစ္စတွေနဲ့ နိုင်ငံတကာရေးရာကိစ္စတွေကို ဆွေးနွေးမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကမ္ဘာပေါ်မှာ မူဆလင်အများဆုံးနေထိုင်တဲ့ တိုင်းပြည်တခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက သမ္မတ ဂျိုကို ဝီဒိုဒိုဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာတွေ့ဆုံပြီး ဂါဇာမှာ ချက်ချင်း အပစ်ရပ်ဖို့ မူဆလင်နိုင်ငံ ၅၇ နိုင်ငံက တောင်းဆိုချက်ကို သတင်းစကားပါးခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ညီလာခံကို တက်ရောက်မယ့် ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေ ရောက်လာကြပါပြီ။ ဒီအချိန်မှာ ဆန္ဒထုတ်ဖော်ကြတဲ့သူတွေလည်း ရောက်နေပြီး ဒီထဲမှာ မြန်မာတွေလည်း ပါဝင်တာပါ။ မအိသန့်စင်က တင်ဆက်ပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။