အစ္စရေး-ဟာမတ်စ်စစ်ပွဲဟာ အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကျောင်းတွေက ကျောင်းသားတွေကြားထဲအထိ ရိုက်ခတ်နေပါတယ်။ လူငယ်ကျောင်းသားတွေ အဲဒီလို သူတို့ရဲ့ အမြင်ကို ဖော်ထုတ်နေတာတွေကြောင့် လွတ်လပ်စွာပြောဆိုခွင့်၊ လုံခြုံမှုနဲ့ အနာဂတ် အလုပ်အကိုင်ရရှိမှုတွေအပေါ် ထိခိုက်နိုင်ခြေကို မေးခွန်းထုတ်စရာဖြစ်နေကြပါတယ်။
အစ္စရေးကို ဟားမတ်စ် လက်နက်ကိုင်အဖွဲ့တွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန် ဓားစာခံနှစ်ဦးဖြစ်တဲ့ မိခင်နဲ့ ဆယ်ကျော်သက် အရွယ် သမီး တို့ကို ဟားမတ်စ်ဘက်က သောကြာနေ့က ပြန်လွှတ်ပေးခဲ့ကြောင်း အစ္စရေးအစိုးရက ပြောပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွတို့ကြား ဖြစ်နေတဲ့ ပဋိပက္ခက အရှေ့အလယ်ပိုင်းဒေသကိုကျော်လွန်ပြီး တင်းမာမှုတွေဖြစ်နေတာကြောင့် အမေရိကန်နိုင်ငံသားတွေ နိုင်ငံခြားခရီးသွားလာတဲ့အခါ ပိုပြီးသတိရှိကြဖို့ နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဗင်နီဇွဲလားကရွှေ့ပြောင်းအခြေချလိုသူတွေကို မူရင်းနိုင်ငံထဲ ပုံမှန်ပြန်ပို့တဲ့ လုပ်ငန်းစဉ်ကို အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်မှာကတည်းက ရပ်ထားခဲ့ပေမယ့် ဗုဒဟူးနေ့တုန်းကတော့ ဗင်နီဇွဲလားနိုင်ငံသား (၁၃၅) ဦးကို လက်ထိပ်ခပ်ပြီး Texas ပြည်နယ် Harlingen လေဆိပ်ကနေ ဗင်နီဇွဲလားနိုင်ငံ၊ Caracas ကို ပြန်ပို့လိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက အစ္စရေးတို့အပေါ် Hamas စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တဲ့ကိစ္စ၊ ယူကရိန်းစစ်ပွဲအရေးကိစ္စတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ တုံ့ပြန်ပုံနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ Joe Biden ဒီနေ့ ကြာသပတေးနေ့ ညကျရင် နိုင်ငံကို မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အန်ဖ်ရီန် အန်တာ) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်အကဲခတ်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
ဂါဇာဒေသက ဆေးရုံမှာ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက် တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အစ္စရေးနိုင်ငံကို ဒီကနေ့ (အောက်တိုဘာ ၁၈) ရောက်သွားပါတယ်။
ဂါဇာကမ်းမြောင်ကို အစ္စရေးတပ်ဖွဲ့တွေ မြေပြင်က ထိုးစစ်ဆင်တိုက်ခိုက်မှု မစတင်ခင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးနိုင်ငံကို မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့ သွားရောက်မှာဖြစ်ပါတယ်။
အစ္စရေး ဟာမတ်စ်စစ်ပွဲက အပြစ်မဲ့အရပ်သားတွေ အကာအကွယ်အစောင့်အရှောက်နဲ့ အခြေခံလိုအပ်တာတွေ ရရှိစေဖို့ အမေရိကန်က ထပ်လောင်းပြောပါတယ်။ တချိန်တည်းမှာပဲ ဒေသတွင်းပဋိပက္ခတွေ ပိုကြီးအောင် လှုံ့ဆော်မယ်ဆိုရင်တော့ အမေရိကန်နဲ့ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ကို ကန်လွှတ်တော်အမတ်က သတိပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒေသတွင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဒီနေ့ပဲ အစ္စရေးကို နောက်တခေါက် ပြန်ရောက်ပါတယ်။
ရဲဌာနတွေမရှိတဲ့ မြို့ရွာငယ်ေတွကို ဘယ်သူတွေက ေစာင့်ရှောက်လဲ၊ စားကြွင်းစားကြန်တွေကို အကျိုးရှိအောင် ဘယ်လို ပြန်အသုံးချမလဲ၊ ကော်လိုရာဒိုအကျဉ်းထောင်က အသံလွှင့်ရေဒီယိုအစီအစဥ် စတာေတွကို ဒီတပတ် သုတစုံလင် အမေရိကန်တခွင် အစီအစဉ်မှာ ကိုအောင်အောင် တင်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ် အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာဘဲ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်က Time Square မှာ ပါလက်စတိုင်းတွေကို ထောက်ခံသူ ထောင်နဲ့ချီ သောကြာနေ့က ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။