အမေရိကန်အစိုးရက ကတိပေးထားတဲ့အတိုင်း အစ္စရေးကို ကူညီပေးတဲ့ အဆင့်အမြင့်ဆုံး နောက်ဆုံးပေါ်လက်နက်တွေ ဒီကနေ့ အစ္စရေးကို ရောက်လာပြီလို့ အစ္စရေးကာကွယ်ရေးဌာနက ဒီကနေ့ ပြောပါတယ်။ အမျိုးအမည် အတိအကျမသိရတဲ့ အဲဒီ လက်နက်ကို လေယာဉ်ပေါ်ကနေ ချနေတဲ့ရုပ်ပုံကိုလည်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ (၈)ရက်နေ့က အစ္စရေးကို ဟာမတ်စ်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ပဋိပက္ခအရှိန်မြင့်လာတဲ့အပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မနေ့က (အောက်တိုဘာ ၁၀) အိမ်ဖြူတော် မိန့်ခွန်းပြောကြားခဲ့ပြီး အစ္စရေးနဲ့အတူ ရပ်တည်ကြောင်းပြသခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်မှာ ဥက္ကဋ္ဌ Kevin McCarthy ကို မဲခွဲဖယ်ရှားခဲ့ပြီးနောက် သူ့နေရာမှာ အစားထိုးမယ့်သူကိုရွေးချယ်ဖို့ ဒီနေ့ ရီပတ်ဘလစ်ကန်အမတ်တွေ တံခါးပိတ်စတင် ဆွေးနွေးကြပါလိမ့်မယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်ရှိရာ၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းမှာ ကလေးတွေ အပါအဝင် လူ ၃၀ နီးပါး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်က စစ်ကောင်စီကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အရေးတကြီးလိုနေတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ပစ္စည်းတွေကို အစ္စရေးကို စတင်ပို့နေပြီး သုံးရက်ကြာခဲ့ပြီဖြစ်တဲ့ ဟားမတ်စ်နဲ့စစ်ပွဲမှာ ဘာတွေကို မြန်မြန်ဆန်ဆန် ပို့နိုင်မလဲဆိုတာကိုသိရအောင် သိုလှောင်ပစ္စည်းစာရင်းတွေကို ပြန်ကြည့်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ဟာ ကိုလံဘတ်စ် အားလပ်ရက်နေ့ ဖြစ်သလို၊ ဌာနေတိုင်းရင်းသားနေ့ အဖြစ်နဲ့လည်း အားလပ်ရက်ကို ဆင်နွှဲကြပါတယ်။ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူအဖြစ် ခရစ္စတိုဖာ ကိုလံဘတ်စ် ကိုဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်မှာ ၁၉၃၇ ခုနှစ်ကတည်းက ကိုလံဘတ်စ် အားလပ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။
သူ့ရဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းလို့ သမ္မတ Joe Biden ကပြောကြားပြီး လွှတ်တော်အမတ် Feinstein ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကြီးမားစွာ စွမ်းဆောင်ခဲ့မှုတွေကို Video ကတဆင့် ချီးကျူးပြောကြားခဲ့ပါတယ်။
ရှေ့လ San Francisco မြို့မှာ ကျင်းပမယ့် အာရှ ပိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးညီလာခံမှာ သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ လမ်းခင်းပေးတဲ့ ခရီးစဉ်အဖြစ်လည်း မြင်နိုင်ပါတယ်။
စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှုပွဲတော်ကို စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာလ ၁ ရက်အထိ အမေရိကန်မြို့တော်ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ Bangalore မြို့မှာ ပထမဆုံးကျင်းပခဲ့ပြီး၊ ၂၀၁၁ မှာ ဂျာမဏီနိုင်ငံ Berlin မြို့နဲ့ ၂၀၁၆ မှာ အိန္ဒိယ Delhi မြို့မှာ ကျင်းပခဲ့တာပါ။
ကြာသပတေးနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အာဖရိကန်နွယ်ဖွားတွေအပေါ် စနစ်တကျ လူမျိုးရေးခွဲခြားနေတာ တိုက်ဖျက်ရေးအတွက် အမေရိကန်ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလိုက်ပါတယ်။
မက္ကဆီကိုနဲ့အမေရိကန်နယ်စပ်မှာ တံတိုင်းထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ကို သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ ကြာသပတေးနေ့မှာတိုးတိုးတိတ်တိတ် ကြေညာခဲ့ပြီး မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးဟာ သမ္မတဒေါ်နယ်ထရန့်ရဲ့ ထင်ရှားတဲ့ မူဝါဒတခုဖြစ်ခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီကို ရာထူးက ဖယ်ရှားရေးအဆိုကို မဲခွဲရာမှာ အဆိုဘက်က အနိုင်ရရှိသွားတဲ့အတွက် မစ္စတာ ကယ်ဗင်မက္ကာသီဟာ ဥက္ကဋ္ဌရာထူးကနေ အင်္ဂါနေ့ နေ့လယ်ပိုင်းက ဆင်းပေးလိုက်ရပါပြီ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။