စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှုပွဲတော်ကို စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာလ ၁ ရက်အထိ အမေရိကန်မြို့တော်ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ Bangalore မြို့မှာ ပထမဆုံးကျင်းပခဲ့ပြီး၊ ၂၀၁၁ မှာ ဂျာမဏီနိုင်ငံ Berlin မြို့နဲ့ ၂၀၁၆ မှာ အိန္ဒိယ Delhi မြို့မှာ ကျင်းပခဲ့တာပါ။
ကြာသပတေးနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အာဖရိကန်နွယ်ဖွားတွေအပေါ် စနစ်တကျ လူမျိုးရေးခွဲခြားနေတာ တိုက်ဖျက်ရေးအတွက် အမေရိကန်ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလိုက်ပါတယ်။
မက္ကဆီကိုနဲ့အမေရိကန်နယ်စပ်မှာ တံတိုင်းထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ကို သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ ကြာသပတေးနေ့မှာတိုးတိုးတိတ်တိတ် ကြေညာခဲ့ပြီး မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးဟာ သမ္မတဒေါ်နယ်ထရန့်ရဲ့ ထင်ရှားတဲ့ မူဝါဒတခုဖြစ်ခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီကို ရာထူးက ဖယ်ရှားရေးအဆိုကို မဲခွဲရာမှာ အဆိုဘက်က အနိုင်ရရှိသွားတဲ့အတွက် မစ္စတာ ကယ်ဗင်မက္ကာသီဟာ ဥက္ကဋ္ဌရာထူးကနေ အင်္ဂါနေ့ နေ့လယ်ပိုင်းက ဆင်းပေးလိုက်ရပါပြီ။
မိမိ အကျိုးအမြတ်အတွက် အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်မှု တန်ဖိုးတွေကို လိမ်လည်တိုးမြှင့် ပြသခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုအတွက် အမေရိကန် သမ္မတဟောင်းထရမ့်ဟာ နယူးယောက်မြို့က တရားမမှုရုံးကို တနင်္လာနေ့ က လာရောက်ခဲ့ပါတယ်။
စိုးရလုပ်ငန်းတွေရပ်မသွားဖို့ ဘတ်ဂျက်ချပေးနိုင်အောင် မဲပေးခဲ့ကြတဲ့ ဒီမိုကရက်အမတ်တွေကို အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီ က ကြိုဆိုလိုက်ပြီးတဲ့နောက် သူ့ကိုဖြုတ်ချဖို့ ဒီအပတ်ကြိုးစားမယ်လို့ ကွန်ဆာဗေးတစ် ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ် (Matt Gaetz) က သတင်းဌာနတွေရဲ့ ဆွေးနွေးခန်းတွေမှာ ပြောပါတယ်။
အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် နောက်ဆုံးနာရီပိုင်းအလိုမှာပဲ လွှတ်တော်မှာ ယာယီအသုံးစရိတ်အတွက် သဘောတူညီချက်ရခဲ့ပြီး ဥပဒေကြမ်းကို သမ္မတ Joe Biden လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
အမေရိကန် အစိုးရအသုံးစရိတ် ဘတ်ဂျက်အတွက် ရေတို ၄၅ ရက်စာ ခွင့်ပြုဖို့ အဆိုကို စနေနေ့က အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၃၅ မဲ ကန့်ကွက်မဲ ၉၁ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့်အရေး ယာယီ ရှောင်ရှားနိုင်မယ့် အလားအလာ ရှိလာပါတယ်။
အမေရိကန်အစိုးရရဲ့လုပ်ငန်းတွေ ရပ်တန့်မယ့်အရေးက ရှောင်ရှားနိုင်ဖို့ ကာလတို အသုံးစားရိတ်ချပေးမယ့် အဆိုပြုချက်ကို မနေ့ သောကြာနေ့ညက အောက်လွတ်တော်မှာ မဲခွဲမှု မအောင်မြင်ခဲ့တာကြောင့် ဒီကနေ့ စနေနေ့ညသန်းခေါင်ကျော်တာနဲ့ လုပ်ငန်းတွေ ရပ်တန့်မယ့်ဘက်ကို ဦးတည်နေပါတယ်။
အောက်တိုဘာ ၁ ရက်စတင်မယ့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် ၁ သိန်း ၂ သောင်းခွဲ ကို လက်ခံဖို့ သမ္မတ Joe Biden က စက်တင်ဘာလ ၂၉ ရက် သောကြာနေ့က လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။
အမေရိကန်တက္ကသိုလ်တွေကို နှစ်စဉ် နိုင်ငံတကာကျောင်းသား ထောင်ချီ လာရောက် တက်ကြပါတယ်။ ဝါရှင်တန် မြို့တော်တဝိုက်က တက္ကသိုလ်တွေကို ရောက်လာခါစ ကျောင်းသား ၄ ဦးနဲ့ တွေ့ဆုံပြီး ဗွီအိုအေ သတင်းထောက် Laurel Bowman က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ပြောပြမှာပါ။
အရှေ့အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J Kritenbrink နဲ့ အာရှတိုက်ဆိုင်ရာ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sun Weidong တို့ စက်တင်ဘာလ ၂၈ ရက်နေ့ကတွေ့ဆုံခဲ့ပြီး မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပင်လယ်ပြင်ဆိုင်ရာ အာရှဒေသတွင်းက ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။