အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အန်ဖ်ရီန် အန်တာ) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်အကဲခတ်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
ဂါဇာဒေသက ဆေးရုံမှာ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက် တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အစ္စရေးနိုင်ငံကို ဒီကနေ့ (အောက်တိုဘာ ၁၈) ရောက်သွားပါတယ်။
ဂါဇာကမ်းမြောင်ကို အစ္စရေးတပ်ဖွဲ့တွေ မြေပြင်က ထိုးစစ်ဆင်တိုက်ခိုက်မှု မစတင်ခင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးနိုင်ငံကို မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့ သွားရောက်မှာဖြစ်ပါတယ်။
အစ္စရေး ဟာမတ်စ်စစ်ပွဲက အပြစ်မဲ့အရပ်သားတွေ အကာအကွယ်အစောင့်အရှောက်နဲ့ အခြေခံလိုအပ်တာတွေ ရရှိစေဖို့ အမေရိကန်က ထပ်လောင်းပြောပါတယ်။ တချိန်တည်းမှာပဲ ဒေသတွင်းပဋိပက္ခတွေ ပိုကြီးအောင် လှုံ့ဆော်မယ်ဆိုရင်တော့ အမေရိကန်နဲ့ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ကို ကန်လွှတ်တော်အမတ်က သတိပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒေသတွင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဒီနေ့ပဲ အစ္စရေးကို နောက်တခေါက် ပြန်ရောက်ပါတယ်။
ရဲဌာနတွေမရှိတဲ့ မြို့ရွာငယ်ေတွကို ဘယ်သူတွေက ေစာင့်ရှောက်လဲ၊ စားကြွင်းစားကြန်တွေကို အကျိုးရှိအောင် ဘယ်လို ပြန်အသုံးချမလဲ၊ ကော်လိုရာဒိုအကျဉ်းထောင်က အသံလွှင့်ရေဒီယိုအစီအစဥ် စတာေတွကို ဒီတပတ် သုတစုံလင် အမေရိကန်တခွင် အစီအစဉ်မှာ ကိုအောင်အောင် တင်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ် အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာဘဲ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်က Time Square မှာ ပါလက်စတိုင်းတွေကို ထောက်ခံသူ ထောင်နဲ့ချီ သောကြာနေ့က ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဟာမတ် (Hamas) စစ်သွေးကြွအဖွဲ့ကို လက်တုံ့ပြန်ပြီး အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်နေတဲ့ ဂါဇာဒေသထဲ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ Rafah နယ်စပ် ဂိတ်ကနေ အီဂျစ်နိုင်ငံဘက်ကို ဒီနေ့ စနေနေ့မှာ ဖြတ်သန်း ထွက်ခွာခွင့်ပြုဖို့ အစ္စရေးနဲ့ အီဂျစ်နိုင်ငံတို့ သဘောတူခဲ့တယ်လို့ အမေရိကန် အရာရှိတဦးက ပြောပါတယ်
အရှေ့အလယ်ပိုင်း ဒေသကိုသွားရောက် ကြိုးပမ်းနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီနေ့မှာတော့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas, ဂျော်ဒန်ဘုရင် Abdullah တို့နဲ့ ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အောက်လွတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရဖို့ သူ့ပါတီအတွင်းမှာတင် လုံလောက်တဲ့ မဲအရေအတွက် မရနိုင်တဲ့အတွက် လွတ်တော်အမတ် Steve Scalise ဟာ လွတ်တော်ဥက္ကဋ္ဌလောင်းအဖြစ်ကနေ ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ဟာမက်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုခံထားရတဲ့ အစ္စရေးတို့နဲ့ စည်းလုံးမှုရှိတယ်ဆိုတာပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးနိုင်ငံ Tel Aviv မြို့ကိုသွားရောက်ပြီး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီနေ့ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးနိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်နဲ့ ပတ်သတ်လို့ ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အစ္စရေး နိုင်ငံကို သွားရောက်ပါတယ်။ အစ္စရေးအပြင် ဂျော်ဒန် နိုင်ငံကိုလည်း သွားရောက်မှာဖြစ်ပြီး အစ္စရေးပါလက်စတိုင်း စစ်ပွဲ ကိစ္စတွေ ဆွေးနွေးပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။