သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မက်ဆီကိုနယ်စပ်တံတိုင်း ထပ်မံတိုးချဲ့ဆောက်လုပ်မည်


Border Wall Environment
Border Wall Environment

မက္ကဆီကိုနဲ့အမေရိကန်နယ်စပ်မှာ တံတိုင်းထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ကို သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ ကြာသပတေးနေ့မှာတိုးတိုးတိတ်တိတ် ကြေညာခဲ့ပါတယ်။ ဒီ မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးဟာ သမ္မတဒေါ်နယ်ထရန့်ရဲ့ ထင်ရှားတဲ့ မူဝါဒတခုဖြစ်ခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကတော့တံတိုင်းဆောက်ဖို့အတွက်ငွေဟာ အရင်ကတည်းက ဥပဒေပြုပြဌာန်းထားပြီးဖြစ်တဲ့အတွက် တိုင်းဆောက်တဲ့နေရာမှာပဲ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။

“ ဒီငွေတွေက နယ်စပ်တံတိုင်းဆောက်ဖို့သတ်မှတ်ထားတာပါ။ ဒါကို ကျနော်က ပြုပြင်ပြီးအခြားနေရာမှာ သုံးဖို့ကြိုးစားပါသေးတယ်။ သူတို့ကမလုပ်ကြပါဘူး။ ဒါကြောင့် ဒီငွေတွေဟာ အခုအချိန်မှာပြဌာန်းထားတဲ့ အတိုင်း အသုံးပြုရုံကလွဲပြီးအခြားနည်းလမ်းမရှိပါဘူး။” လို့သမ္မတဘိုင်ဒန်ကပြောပါတယ်။

အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနဝန်ကြီး Alejandro Mayorkas ကတော့ နယ်စပ်ကို တရားမဝင် ဝင်ရောက်တာတွေကိုကာကွယ်ဖို့ တံတိုင်းနဲ့လမ်းတွေအတွက်အ သုံးပြုနိုင်တယ်လို့ မှတ်တမ်းတင်ထားတာရှိတယ်လို့ပြောပါတယ်။

တံတိုင်းအသစ်ကို ရွှေ့ပြောင်းဝင်ရောက်သူတွေအများအပြားလာရောက်တဲ့ Rio Grande Valley ရီယို ဂရန်တေး မြစ်ဝှမ်း ဒေသမှာဆောက်မှာဖြစ်ပါတယ်။ ဒီ ဘဏ္ဍာနှစ်အတွင်း ဒီနေရာကနေ တရားမဝင် ဝင်ရောက်လာသူ ၂၄၅,၀၀၀ ကျော် ရှိတယ်လို့ ဝန်ကြီး Mayorkas ကပြောပါတယ်။

မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးကို သမ္မတဒေါ်နယ်ထရန့်ကအကောင်အထည်ဖေါ်ခဲ့တာဖြစ်ပြီး အဲဒိအချိန်က အငြင်းပွားမှုတွေ၊ ဝေဘန်မှုတွေရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် သမ္မတဘိုင်ဒန် အာဏာရခါစက နယ်စပ်တံတိုင်းဆောင်ဖို့ ပြည်သူတွေရဲ့ အခွန်ငွေတွေကို နောက်ထပ် အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG