အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာ အစ္စရေးစစ်ပွဲ အဆုံးသတ်ရေးဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေတာမှာ ကြာသပတေးနေ့ မနက်အစောပိုင်းကတော့ Los Angeles က California တက္ကသိုလ်မှာ ဆန္ဒပြသူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို ရဲတွေ စတင်ဖယ်ရှားခဲ့ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် သမ္မတဟောင်း Donald Trump ဟာ ဒီသီတင်းပတ်ထဲမှာ အနောက်အလယ်ပိုင်းပြည်နယ် မစ်ရှီဂန်မှာ မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေပါတယ်။ နိုဝင်ဘာသမ္မတရွေးကောက်ပွဲ ရလဒ်ကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ အရေးပါတဲ့ ပြည်နယ် အနည်းအကျဉ်း ရှိတဲ့အထဲမှာ မစ်ရှီဂန်ပြည်နယ်လည်း ပါဝင်တာပါ။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ထက် တခြားကိုယ်စားလှယ်လောင်းတွေ ရှိစေချင်ကြောင်း လူငယ်တော်တော်များများက ပြောပါတယ်။ သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အရွယ်ကြောင့်ပါ။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ကို ပြန်လည် ကြီးကျယ်ခမ်းနားစေဖို့ Make America Great Again (MAGA) ဆိုပြီးလုပ်ခဲ့တဲ့လှုပ်ရှားမှုကို အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကသစ္စာဖောက်ခဲ့ကြောင်း ဂရင်းက ပြောပြီး ရာထူးမှနုတ်ထွက်ပေးဖို့ ဂျွန်ဆင်ကိုတောင်းဆိုခဲ့ပါတယ်။
အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားတက္ကသိုလ်၊ (UCLA) က ပါလက်စတိုင်းထောက်ခံတဲ့သပိတ်စခန်းတခုမှာ ဗုဒ္ဓဟူးနေ့အစောပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလို အရှေ့ခြမ်း နယူးယောက်မြို့တော်မှာတော့ ကိုလံဘီယာတက္ကသိုလ်ထဲမှာ ပါလက်စတိုင်းလိုလားသူတွေ သိမ်းထားတဲ့အဆောက်အအုံတခုကို ရဲတပ်ဖွဲ့ကရှင်းလင်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း တက္ကသိုလ်တွေမှာ ဂါဇာစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အားကောင်းလာပါတယ်။ ဝါရှင်တန်ဒီစီက ဂျော့ဂျ်ဝါရှင်တန်တက္ကသိုလ်မှာဆိုရင်လည်း ကျောင်းသားတွေဦးဆောင်ပြီး ဂါဇာစစ်ပွဲဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေပါတယ်။ မအင်ကြင်းနိုင် သတင်းယူ ပေးပို့ထားပါတယ်။
အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ နယူးယောက်မြို့ ရဲတပ်ဖွဲ့ဝင်တွေဟာ အင်္ဂါနေ့နှောင်းပိုင်းက ကိုလံဘီယာတက္ကသိုလ်ဝန်းအတွင်း ဝင်ရောက်ပြီး ကျောင်းအဆောက်အဦတခုကို စီးနင်းထားကြတဲ့ ပါလက်စတိုင်းလိုလားတဲ့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဓိကပါတီကြီး ၂ ရပ်ရှိပြီး သူတို့ကို အရောင်တွေနဲ့ ပြောဆိုသတ်မှတ်ပါတယ်။ ဒီမိုကရက်တစ်ပြည်နယ်ကို အပြာရောင်၊ ရီပါဘလစ်ကန်ပါတီကို အနီရောင်ဆိုပြီး ရည်ညွှန်း သုံးစွဲပါတယ်။ ဒီလိုအရောင်တွေကို ဘယ်လိုခွဲခြားသတ်မှတ်တာပါလဲ။ ဗွီအိုအေရဲ့ ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
သမ္မတဟောင်းထရမ့်ကို တရားရုံးအမိန့်ဖီဆန်မှုနဲ့ နယူးယောက်တရားသူကြီးက အင်္ဂါနေ့မှာ ဒဏ်ငွေ ၉,၀၀၀ ဒဏ်ချလိုက်ပါတယ်။ ထရမ့်ကိုစွဲဆိုထားတဲ့ ရာဇဝတ်မှုမှာ 'တရားရုံးကခေါ်ယူနိုင်တဲ့သက်သေတွေအပေါ် မဝေဖန်ရ' လို့ တရားရုံးက အမိန့်ထုတ်ပြန်ထားတာကို မစ္စတာထရမ့်က ချိုးဖောက်တာကြောင့် ခုလို ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကြီးတွေမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြနေကြတာတွေ ရပ်ကြဖို့ တက္ကသိုလ်ကျောင်း တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်နေတဲ့တိုင်အောင် ဆန္ဒပြပွဲတွေကတော့ ဆက် အရှိန်ကောင်းနေပါတယ်။ ဆန္ဒပြတဲ့ တက္ကသိုလ်တွေလည်း ပိုများ လာနေပါတယ်။
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကြီးတွေမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြနေကြတာတွေ ရပ်ကြဖို့ တက္ကသိုလ်ကျောင်း တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်နေတဲ့တိုင်အောင် ဆန္ဒပြပွဲတွေကတော့ ဆက် အရှိန်ကောင်းနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Powerball ထီ ဒေါ်လာ သန်းတထောင်သုံးရာဆုကို လာအိုနိုင်ငံဖွား အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်းနေထိုင်သူ တဦးဖြစ်တဲ့ Oregon ပြည်နယ် Portland မြို့က Charlie Saephan ဆိုသူ ပေါက်သွားတဲ့အကြောင်း Oregon ပြည်နယ် ထီအရောင်းဌာနက မနေ့က ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။