ယူကရိန်းက အမေရိကန်လုပ် ATACMS မစ်ဇိုင်းဒုံး ၉ ခုနဲ့ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ခဲ့သလို၊ တခြားဒေသတွေမှာလည်း အဝေးထိန်းဒရုန်း အနည်းဆုံး ၆၀ လောက်နဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း ရုရှားတာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဌဟောင်း Nancy Pelosi ကို ပြန်ပေးဆွဲဖို့ ကြိုးစားမှု၊ သူ့အမျိုးသားကို တူနဲ့ ထုရိုက်မှုတို့အတွက် David DePape ကို ထောင်ဒဏ် အနှစ် ၃၀ ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အထူးသဖြင့် လူနည်းစုတွေကို အကာအကွယ်ပေးဖို့ အထူးအရေးကြီးတာကြောင့် အာရှနွယ်ဖွားတွေကို အန္တရာယ်ပြုတိုက်ခိုက်တာတွေကို ကာကွယ်နိုင်အောင် ဥပဒေတွေ ပြဋ္ဌာန်းပေးခဲ့တယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကာက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် လက်ရှိသမ္မတ Joe Biden နဲ့ ပြိုင်ဘက် သမ္မတဟောင်း Donald Trump တို့ ၂ ဦး လာမယ့် ဇွန်လ ၂၇ ရက်နဲ့ စက်တင်ဘာ ၁၀ ရက်နေ့တွေမှာ နှစ်ကြိမ် စကားစစ်ထိုးပွဲ ကျင်းပဖို့ သဘောတူလိုက်ပါတယ်။
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဟောင်း Donald Trump နဲ့ လက်ရှိသမ္မတ Joe Biden တို့ ၂ ယောက်လုံးက AI ဉာဏ်ရည်တုနည်းပညာသုံးပြီး မဲဆွယ်ဖို့ ကြိုးစားနေပါတယ်။ AI နည်းပညာရဲ့ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုအကြောင်း မအိသန့်စင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံတွင်းအွန်လိုင်းရာဇဝတ်မှုတွေဟာ အမေရိကန်နိုင်ငံသားတွေကိုပါ ပစ်မှတ်ထားလာတယ်လို့ USIP ထုတ်ပြန်တဲ့ “ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ အရှေ့တောင်အာရှ အခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ” အကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြပါမယ်။
အမေရိကန်က ပို့ပေးမယ့် လက်နက်အသစ်တွေဟာ ယူကရိန်းရဲ့ ရှေ့တန်းစစ်မျက်နှာအတွက် အများကြီးအထောက်အကူပြုစေမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဉာဏ်ရည်တုနည်းပညာ AI နဲ့ပတ်သက်ပြီးလုံခြုံရေးစိုးရိမ်ချက်တွေကို အမေရိကန်နဲ့တရုတ်နိုင်ငံအရာရှိတွေ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးကုသမှုခံယူခဲ့တဲ့ ပထမဆုံးလူနာဟာ ကုသမှုခံယူပြီး ၂ လအကြာ မေလ ၁၂ ရက်နေ့မှာပဲ ကွယ်လွန်သွားပါတယ်။
သမ္မတ Joe Biden နဲ့ Donald Trump တို့ကြား ယှဉ်ပြိုင်ကြတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ၄ နှစ်ကနဲ့ယှဉ်ရင် အာရှနွယ်ဖွား အမေရိကန် မဲဆန္ဒရှင် ၂ သန်းတိုးလာမယ်လို့ Pew သုတေသနစင်တာကဖော်ပြပါတယ်။
လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ၄ နှစ်ကနဲ့ ယှဉ်ရင် အာရှနွယ်ဖွား အမေရိကန် မဲဆန္ဒရှင် ၂ သန်း တိုးလာမယ်လို့ Pew သုတေသန စင်တာက ဖော်ပြပါတယ်။ သူတို့ရဲ့ မဲဆန္ဒတွေ ရရှိရေး အာရှနွယ်ဖွား လွှတ်တော်အမတ်တွေ ကြိုးစားနေတဲ့ အကြောင်း Scott Stearns သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်ပြောပြမှာပါ။
ဂါဇာတခြားဒေသကနေ စစ်ဘေးလွတ်အောင် လာရောက်ခိုလှုံနေကြသူတွေအပါအဝင် လူပေါင်း ၁ သန်းကျော်ရှိနေတဲ့ Rafah ကို ထိုးစစ်မဆင်ဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က တားနေတဲ့ကြားမှာပဲ လူသားချင်းစာနာမှုအရ ဘေးကင်းတဲ့နေရာလို့ အစ္စရေးစစ်တပ်ကဆိုတဲ့ Al-Mawasi ကို ထပ်ပြီးပြောင်းရွှေ့ခိုင်းတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။