ဂါဇာတခြားဒေသကနေ စစ်ဘေးလွတ်အောင် လာရောက်ခိုလှုံနေကြသူတွေအပါအဝင် လူပေါင်း ၁ သန်းကျော်ရှိနေတဲ့ Rafah ကို ထိုးစစ်မဆင်ဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က တားနေတဲ့ကြားမှာပဲ လူသားချင်းစာနာမှုအရ ဘေးကင်းတဲ့နေရာလို့ အစ္စရေးစစ်တပ်ကဆိုတဲ့ Al-Mawasi ကို ထပ်ပြီးပြောင်းရွှေ့ခိုင်းတာ ဖြစ်ပါတယ်။
Boeing ကုမ္ပဏီထုတ် စစ်လက်နက်တွေ အစ္စရေးကို တင်ပို့မှုတွေ အမေရိကန်က ဆိုင်းငံ့ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အမေရိကန်ရဲ့ အနီးကပ်မဟာမိတ် အစ္စရေးကို နိုင်ငံရေးအရ သတင်းစကားပါးတာ ဖြစ်ကြောင်းလည်း နီးစပ်သူ ၄ ဦးထဲက ၂ ဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ်၊ Boston မြို့မှာရှိတဲ့ MIT နည်းပညာတက္ကသိုလ်ဝင်းထဲကို ရဲတွေရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြ ကျောင်းသားတွေ အရင်ဆန္ဒပြခဲ့ကြတဲ့နေရာကို ပြန်ဝင်သွားခဲ့ကြပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump အနေနဲ့ သူ့အမှုက သက်သေတွေကို တိုက်ခိုက်ခြင်းမပြုရ" ဆိုတဲ့ တားမြစ်ချက်ကို ဆက်လက်ချိုးဖောက်ရင် ထောင်ဒဏ်အပြစ်ကျခံရနိုင်တယ်လို့ နယူးယောက်တရားသူကြီးက တနင်္လာနေ့မှာ ပြင်းထန်စွာသတိပေးလိုက်ပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို တရုတ်ရဲ့ ဦးဆောင်မှုထက်ပိုပြီးလက်ခံကြတဲ့အကြောင်း တနင်္လာနေ့မှာထုတ်ပြန်တဲ့ Gallup စစ်တမ်းကဖော်ပြပါတယ်။ အမေရိကန် ဦးဆောင်မှုကို နိုင်ငံတော်တော်များများ ထောက်ခံပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ဒီအင်အားကြီးနှစ်နိုင်ငံလုံးကို ထောက်ခံမှုကျဆင်းသွားတယ်လို့ စစ်တမ်းကဖော်ပြတာပါ။
ရီပါဘလစ်ကန် သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်လာဖို့ ရှိနေတဲ့ Donald Trump ဟာ သူ့ဟာ အရွေးခံရရင် ပထမဦးဆုံးနေ့မှာပဲ မူဆလင်အများစုရှိတဲ့နိုင်ငံက လူတွေ အမေရိကန်ကို လာရောက်ခွင့်၊ ခရီးသွားလာခွင့် ပိတ်ပင်မယ်လို့ ပြောပါတယ်။
ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တချို့ မှာ ဆန္ဒပြမှုတွေ ရပ်ဆိုင်းထားကြပါတယ်။ ပါလက်စတိုင်းထောက်ခံတဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်အာဏာပိုင်တွေကြား သဘောတူညီမှုတွေ ရခဲ့ပြီးနောက် ဆန္ဒပြပွဲတွေကို ရပ်ခဲ့ကြတာဖြစ်ပါတယ်။
အိန္ဒိယနဲ့ ဂျပန်နိုင်တွေဟာ တရုတ်နဲ့ ရုရှားနိုင်ငံတွေလိုပဲ နိုင်ငံခြားသားတွေကို လက်မခံချင်ကြတဲ့အတွက် စီးပွားရေးအရ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ဂျပန် အစိုးရတွေက တုံ့ပြန်လိုက်ကြပါတယ်။
ကိုယ်ဝန် သီတင်းပတ် ၆ ပတ်နောက်ပိုင်း ဖျက်ချတာကို တားမြစ်တဲ့ ဥပဒေသစ်တခုကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ပြဌာန်းလိုက်ပါတယ်။ ဒီအပေါ် ဒေါ်နယ်ထရမ့်က ခုခံကာကွယ်နေပြီး သမ္မတ Joe Biden ကတော့ အခုပြဌာန်းခွင့်ဟာ အမျိုးသမီးတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံတလွှားက တက္ကသိုလ်ကျောင်းဝင်းတွေမှာ ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ တိုးလာနေချိန်မှာပဲ သမ္မတဂျိုးဘိုင်ဒန်က လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အတူ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်ကြောင်း ကြာသပတေးနေ့မှာ သမ္မတအိမ်ဖြူကနေ ပြည်သူကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာ အစ္စရေးစစ်ပွဲ အဆုံးသတ်ရေးဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေတာမှာ ကြာသပတေးနေ့ မနက်အစောပိုင်းကတော့ Los Angeles က California တက္ကသိုလ်မှာ ဆန္ဒပြသူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို ရဲတွေ စတင်ဖယ်ရှားခဲ့ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် သမ္မတဟောင်း Donald Trump ဟာ ဒီသီတင်းပတ်ထဲမှာ အနောက်အလယ်ပိုင်းပြည်နယ် မစ်ရှီဂန်မှာ မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေပါတယ်။ နိုဝင်ဘာသမ္မတရွေးကောက်ပွဲ ရလဒ်ကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ အရေးပါတဲ့ ပြည်နယ် အနည်းအကျဉ်း ရှိတဲ့အထဲမှာ မစ်ရှီဂန်ပြည်နယ်လည်း ပါဝင်တာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။