အမေရိကန်နိုင်ငံတဝန်းက တက္ကသိုလ်ကျောင်းတွေမှာ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို တချို့တက္ကသိုလ်တွေနဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူတာတွေ ရှိနေချိန်မှာပဲ၊ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကတော့ ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း Nebraska, Iowa နဲ့ Texas ပြည်နယ်တွေမှာ သောကြာနေ့က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။ ပျက်စီးမှု အများဆုံးကတော့ လေဆင်နှာမောင်း တခုမက ဝင်တိုက်ခံရတဲ့ Nebraska ပြည်နယ် Omaha မြို့မှာ ဖြစ်ပါတယ်။
သမ္မတ Biden ဟာ လာမယ့်ရွေးကောက်ပွဲအတွက် သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ အခွင့်အရေးတွေကို အဓိကထား မဲဆွယ်စည်းရုံးနေပြီး သန္ဓေသားဖျက်ချခွင့်ဥပဒေတွေကို တင်းကြပ်ဖို့လမ်းဖွင့်ခဲ့တဲ့ သမ္မတဟောင်း Trump ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ Trump ကတော့ ဒီတကြိမ်ရွေးကောက်ပွဲမှာ ဒါနဲ့ပတ်သက်ပြီး အလယ်အလတ်သဘောထားကို ပြသနေတာပါ။
ကမ္ဘာ့စီးပွား အင်အားအကြီးဆုံး နိုင်ငံကြီး ၂ ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးမှာ သဘောထား ကွဲလွဲတာတွေရှိပေမဲ့လို့ နှစ်နိုင်ငံ ပြိုင်ဘက်တွေ ဖြစ်စရာမလိုဘဲ လက်တွဲဖက်နိုင်ငံတွေသာ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ Xi Jinping က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
"အမေရိကန်နဲ့ တရုတ်ပြည်သူတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တာဝန်သိသိဆက်ဆံရေးထားရှိဖို့ ဝတ္တရားရှိကြောင်းနဲ့ ဒီတာဝန် ဝတ္တရားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို အလေးအနက်ထားပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြမှုတွေ အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကြီးတွေမှာ ပိုပြီး ကျယ်ပြန့်လာတာနဲ့အတူ ဗုဒ္ဓဟူးနေ့က တချို့တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲ ရလဒ်တွေမှာ AI ဉာဏ်ရည်တု နည်းပညာခြိမ်းခြောက်မှုရှိမှာကို တချို့က စိုးရိမ်သလို AI ဉာဏ်ရည်တု အသုံးပြုမှုနဲ့ ပတ်သက်လို့ ပိုကောင်းတဲ့ မူဝါဒတွေချမှတ်ဖို့ လွှတ်တော်အမတ်တချို့နဲ့ မဲဆန္ဒရှင်တွေက လိုလားကြတဲ့အကြောင်း မမြသဇင်အောင်ပြောပြပေးပါမယ်။
ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်နဲ့ တခြား မဟာမိတ်တွေအတွက် စစ်ဘက်ရေးရာ အကူအညီတွေပါဝင်တဲ့ ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ်အတည်ပြုလိုက်ပါတယ်။
လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာအက်ပ်တခုဖြစ်တဲ့ TikTok ကို မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ပိုင် ByteDance ကနေ ၉ လအတွင်း ခွဲထွက်ရင်ထွက် ဒါမှမဟုတ် အမေရိကန်ဈေးကွက်မှာ တားမြစ်မယ့် ဥပဒေကို အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့နှောင်းပိုင်းမှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ထိပ်တန်းရောက် သမ္မတလောင်း နှစ်ဦးလုံးက ဆေးခြောက် အသုံးပြုခွင့်နဲ့ ပတ်သက်လို့ သဘောထားတသမတ်တည်း မရှိကြသေးတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ကမ္ဘာ့လူ့အခွင့်အရေးအတွက် စိုးရိမ်စရာ အထင်ကရဖြစ်ရပ်တွေထဲမှာ ရုရှားယူကရိန်းကျူးကျော်စစ်၊ ဆူဒန်ပြည်တွင်းစစ်နဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲတွေ ပါဝင်တယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်းကြီး Antony Blinken ကပြောပါတယ်။
မြန်မာစစ်ကောင်စီဟာ အာဏာချုပ်ကိုင်နိုင်ဖို့အတွက် အကြမ်းဖက်ရက်စက်မှုတွေ ဆက်ကျူးလွန်နေတာကြောင့် လူပေါင်း လေးထောင်ကျော်သေဆုံးရပြီး လူ နှစ်သောင်းခွဲကျော် ဖမ်းဆီးထိမ်းသိမ်းခံနေရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။