အရှေ့အလယ်ပိုင်း ဒေသမှာ အကြမ်းဖက်မှုတွေ ထပ်တိုးမလာအောင် ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီ၊ ဆော်ဒီအာရေဗျ နဲ့ တရုတ်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဖုန်းဆက်သွယ် ပြောဆို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အင်ဒို ပိစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေအတွက် စိုးရိမ်မှုတွေ ပိုတိုးလာနေချိန်မှာ အမေရိကန်က ဒေသတွင်း စစ်ရေးအရ အရေးပါတဲ့ မဟာမိတ် ၂ နိုင်ငံနဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အာမခံပြောကြားတာလည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆောက်လုပ်ရေးလုပ်သားတွေ လိုအပ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့တခုကပြောပေမဲ့ အမေရိကန်ကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်တယ်လို့ အကျိုးအမြတ်မယူ အကူအညီပေးရေး အဖွဲ့တွေက ပြောပေမဲ့ တချို့ကတော့ဒါကိုလက်မခံပါဘူး။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအို ကို အိမ်ဖြူတော် မှာ ဗုဒ္ဓဟူးနေ့ က လက်ခံတွေ့ဆုံပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သန္ဓေသား ဖျက်ချခွင့်ကို ပြည်နယ်တခုချင်းစီကသာ ကိုယ်ပိုင်ဥပဒေ ပြဌာန်း ဆုံးဖြတ်တာမျိုး ဆက် ဖြစ်သင့်တယ်လို့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ သမ္မတနေရာ ဝင်ပြိုင်မယ့် သမ္မတဟောင်း Donald Trump က ပြောဆိုလိုက်ပါတယ်။
မြောက်အမေရိကတိုက်မှာ ဧပြီလ ၈ ရက် တနင်္လာနေ့က နေကြတ်သွားတာကို လူပေါင်းသန်းနဲ့ချီတို့ တွေ့မြင်ခဲ့ရပါတယ်။
အမေရိကန် ပြည်ထောင်စု အပါအဝင် မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဒီကနေ့ နေအပြည့်အဝကြတ်တာကို စောင့်ကြည့်ဖို့ အကြီးအကျယ် ပြင်ဆင်နေကြပါတယ်။ နေရဲ့ ရှေ့ကနေ လက ဖြတ်သွားရာက ၄ မိနစ်ခွဲလောက် အမှောင်ကြပြီး နေကြတ်တာကို အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကို နိုင်ငံတွေမှာ လူပေါင်းသန်းချီ စောင့်ကြည့်ကြမှာပါ။
အမေရိကန် ကွန်ဂရက်လွှတ်တော်က ယူကရိန်းအတွက်စစ်ရေးအကူအညီပေးရေး သဘောမတူဘူးဆိုရင်တော့ ရုရှားကို စစ်ရှုံးလိမ့်မယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ရေပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်း ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန်နဲ့ သြစတေးလျတို့ ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြတဲ့ တနင်္ဂနွေနေ့မှာပဲ တရုတ်စစ်ဖက်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ ကင်းလှည့်ခဲ့ပါတယ်။
ဂါဇာစစ်ပွဲ ၆ လ ရှိလာချိန်မှာပဲ ၂ ဘက် အပစ်အခတ်ရပ်စဲရေး နဲ့ ဓါးစာခံတွေက ပြန်လွှတ်ပေးရေးကိစ္စတွေကို ထပ်ဆွေးနွေးဖို့အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) အကြီးအကဲ Bill Burns အပါအဝင် စေ့စပ်ဆွေးနွေးသူတွေဟာ အီဂျစ်နိုင်ငံကိုင်ရိုမြို့ကို မနေ့က စတင်ရောက်လာခဲ့ကြပါတယ်။
ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံမှာ လေကြောင်းရန် ကာကွယ်ရေး မစ်ဇိုင်းဒုံးတွေ ပြတ်လတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား လွန်ခဲ့တဲ့တနှစ်အတွင်း ခက်ခဲတဲ့ ဆွေးနွေးပြောဆိုမှုတွေရဲ့ ရလဒ်အဖြစ် ပိုမိုတည်ငြိမ်တဲ့ အခြေခံတွေ ရရှိခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က တရုတ်ဝန်ကြီးချုပ် Li Qiang ကို ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။