အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရင်ဆိုင်နေရတဲ့ နယူးယောက်က ရာဇဝတ်မှု စွပ်စွဲချက် တရားခွင်မှာကြားနာဖို့ အခုသီတင်းပတ်အစောပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ဂျူရီလူကြီးခုနစ်ဦးအနက် နှစ်ဦးကို ကြာသပတေးနေ့က ဂျူရီလူကြီးအဖွဲ့က ထုတ်ပယ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု Illinois, California နဲ့ New York ပြည်နယ်တွေမှာ အဝေးပြေးလမ်းတွေ၊ တံတားတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြတာပါ။ Chicago မြို့က O’Hare အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ San Francisco က Golden Gate နဲ့ နယူးယောက် Brooklyn တံတားတွေလည်း ဆန္ဒပြပွဲတွေကြောင့် ယာယီပိတ်ခဲ့ရပါတယ်။
ဒီပဋိပက္ခမှာ အမေရိကန်၊ ရုရှား၊ တရုတ် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ပါဝင်လာရင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သလို စီးပွားရေး အပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်လို့ အမေရိကန်နိုင်ငံရေး လေ့လောစောင့်ကြည့်နေသူ တဦးက သုံးသပ်ပါတယ်။
ကုန်တင်သင်္ဘောတစီးကို Hormuz ရေလက်ကြားအနီးမှာ စနေနေ့က အီရန်အာဏာပိုင်တို့ ဖမ်းဆီးလိုက်တဲ့အေပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။
အစ္စရေးအပေါ် အီရန်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့အပေါ် အမေရိကန်သမ္မတ Joe Biden က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုက ပြည်နယ် ရှစ်ခုကနို့စားနွားမွေးမြူရေး လုပ်ငန်း နှစ်ဒါဇင်ကျော်မှာ ကြက်ငှက်တုပ်ကွေး ရောဂါ ပျံ့နှံ့နေပါတယ်။ အိုင်ဒါဟို၊ ကန်းဆက်၊ မစ်ရှီဂန်၊ နယူးမက္ကဆီကို၊ မြောက်ကာရိုလိုင်းနား၊ အိုဟိုင်းယိုး၊ တက္ကဆက်နဲ့ တောင်ဒါကိုတာက နွားမွေးမြူရေခြံ ၂၆ ခုမှာ ကြက်ငှက်တုပ်ကွေး တွေ့ရှိထားပါတယ်။
မြန်မာ့ပြဿနာကို ဘက်စုံ ချဉ်းကပ်ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို မြန်မာနိုင်ငံတွင်း အခြေအနေဟာ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်လာနေပြီး အထူးသဖြင့် အင်ဒိုပစိဖိတ် ဒေသတွင်း နိုင်ငံတွေ အတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူး သံအမတ်ကြီး Robert Wood ကပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ ပြောကြားချက်ကို တရုတ်အစိုးရက ပယ်ချကြောင်းနဲ့ အမေရိကန် ဂျပန်နဲ့ ဖိလစ်ပိုင်တို့ပူးတွဲပြီး ဒေသတွင်း နိုင်ငံရေးကစားမှုကို အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ်ကပြောပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ အကြမ်းဖက်မှုတွေ ထပ်တိုးမလာအောင် ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီ၊ ဆော်ဒီအာရေဗျ နဲ့ တရုတ်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဖုန်းဆက်သွယ် ပြောဆို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အင်ဒို ပိစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေအတွက် စိုးရိမ်မှုတွေ ပိုတိုးလာနေချိန်မှာ အမေရိကန်က ဒေသတွင်း စစ်ရေးအရ အရေးပါတဲ့ မဟာမိတ် ၂ နိုင်ငံနဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အာမခံပြောကြားတာလည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆောက်လုပ်ရေးလုပ်သားတွေ လိုအပ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့တခုကပြောပေမဲ့ အမေရိကန်ကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်တယ်လို့ အကျိုးအမြတ်မယူ အကူအညီပေးရေး အဖွဲ့တွေက ပြောပေမဲ့ တချို့ကတော့ဒါကိုလက်မခံပါဘူး။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအို ကို အိမ်ဖြူတော် မှာ ဗုဒ္ဓဟူးနေ့ က လက်ခံတွေ့ဆုံပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။