အမေရိကန် ပြည်ထောင်စု အပါအဝင် မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဒီကနေ့ နေအပြည့်အဝကြတ်တာကို စောင့်ကြည့်ဖို့ အကြီးအကျယ် ပြင်ဆင်နေကြပါတယ်။ နေရဲ့ ရှေ့ကနေ လက ဖြတ်သွားရာက ၄ မိနစ်ခွဲလောက် အမှောင်ကြပြီး နေကြတ်တာကို အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကို နိုင်ငံတွေမှာ လူပေါင်းသန်းချီ စောင့်ကြည့်ကြမှာပါ။ အမေရိကန်က Vermont နဲ့ Maine ပြည်နယ်တွေမှာ ရာသီဥတု သာယာပြီး နေကြတ်တာကို အပြည့်အ၀ ခံစားနိုင်မယ်လို့ ခန့်မှန်းထားပြီး၊ ဗွီအိုအေ ရုံးချုပ်ရှိရာ ဝါရှင်တန်နဲ့ အနီးတဝိုက်မှာတော့ နေကြတ်တာကို အပြည့်နီးပါးသာ မြင်ကြရမှာ ဖြစ်ပါတယ်။
ရာသီဥတုကောင်းတဲ့ နေရာတွေမှာ နေကြတ်တာကို ကောင်းကောင်း မြင်ကြရမှာ ဖြစ်ပေမဲ့ အထူးဖန်တီးထားတဲ့ မျက်မှန်တွေနဲ့သာ ကြည့်ရှုကြဖို့လည်း ကျွမ်းကျင်သူတွေ သတိပေးထားတာပါ။ အမေရိကန်မှာ လွန်ခဲ့တဲ့ ၇ နှစ်က နေကြတ်တာကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရပေမဲ့ အခုတကြိမ်လောက်တော့ အချိန်မကြာခဲ့ပါဘူး။ အခုလိုမျိုး နေအပြည့်အ၀ ကြတ်တာမျိုးကို အမေရိကန်မှာ နောက်တကြိမ် မြင်ရဖို့ ၂၁ နှစ် စောင့်ရဦးမှာ ဖြစ်ပါတယ်။
Forum