ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ သမ္မတဟောင်း Donald Trump က ဖလော်ရီဒါပြည်နယ်မှာ ရွေးကောက်ပွဲ ရံပုံငွေ မဲဆွယ်ပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီမိုကရက်တစ်ပါတီက လက်ရှိ သမ္မတ Joe Biden ကို ယှဉ်ပြိုင်ဖို့ လျောနည်းနေတဲ့ ရံပုံငွေ ပမာဏ ရအောင် အင်တိုက်အားတိုက် လုပ်ဆောင်လာနေပါတယ်။
စိန့်ပီတာရင်ပြင်မှာကျင်းပတဲ့ အီစတာပွဲတော် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ကမ္ဘာ့အကျပ်အတည်းတွေပြေလည်ရေးနဲ့ ငြိမ်းချမ်းရေးပေါ်ပေါက်လာစေဖို့ ပုပ်ရဟန်းမင်းကြီး Francis က အလေးအနက် ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နိုင်ငံသား ၂ ဦးအပါအဝင် နိုင်ငံခြားသားအတော်များများကို ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးထားတယ်လို့တာလီဘန်အစိုးရက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။
အစ္စရေးကို ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ဗုံးတွေနဲ့ တိုက်လေယာဉ်တွေ ပေးပို့ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်က ခွင့်ပြုလိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကို အတည်ပြုထားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ပါလက်စတိုင်းတွေ ခိုလှုံနေတဲ့ ရာဖာကို အစ္စရေးက ထိုးစစ်ဆင်မှာကို ကန်က စိုးရိမ်နေ။
အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်မျဉ်းတလျှောက် ခြေကျင်လေ့လာရေးလုပ်နေကြတဲ့ UNTSO အဖွဲ့ဝင် ၄ ယောက်နား ဗုံးကျည်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အပစ်အခတ်ရပ်ဆဲရေး လေ့လာစောင့်ကြည့်အဖွဲ့ UNTSO အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီမိုကရေစီအခွင့်အရေးတွေကို ပိုပြီးကန့်သတ်တင်းကြပ်တဲ့ လုံခြုံရေးဥပဒေသစ် ဟောင်ကောင်မှာ ထုတ်ပြန်ခဲ့ပြီး မကြာခင် အခုလို အရေးယူမှုတွေ လုပ်တော့မယ်လို့ ကန့်နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွန်ချွန် ကြိုးစားဆောင်ရွက်နေကြတဲ့ K3C လို့ခေါ်တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ မနေ့ မတ်လ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က အရင် Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက်မှာ ရေးပါတယ်။
အမေရိကန်ကာကွယ်ရေး အသုံးစရိတ် NDAA အောက်မှာ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ပေးမယ့် အစီအစဉ်ဟာ ဒီမိုကရေစီရေးလို့ အကြောင်းပြတာဖြစ်တယ်လို့ ဗွီအိုအေရဲ့ အမေးကို စစ်ကောင်စီက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ဟာမတ်စ်စစ်သွေးကြွတွေနဲ့ စစ်ဆင်နေတဲ့ အစ္စရေးကို သူတို့တောင်းထားတဲ့ လက်နက်အားလုံးတော့ မပေးရသေးဘူးလို့ အမေရိကန်စစ်တပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရအပေါ် ပစ်မှတ်ထားအရေးယူပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးတဲ့ Burmese Freedom and Democracy Act of 2003 ဒဏ်ခတ်ဥပဒေကို တောက်လျှောက် အထက်လွှတ်တော်မှာ ထောက်ခံအတည်ပြုခဲ့တဲ့ လွှတ်တော်အမတ်တယောက်လည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Baltimore ပြည်နယ်မှာ ကုန်တင်သင်္ဘောကြီး ဝင်တိုက်ခိုက်လို့ ကျိုးကျခဲ့တဲ့ မြစ်ဖြတ်တံတားကြီးပေါ်က ပြုတ်ကျသွားတဲ့ ကားတစီးနဲ့ အထဲက အလောင်း ၂ လောင်းကို ဆယ်ယူနိုင်ခဲ့ပါတယ်။
သန့်ရှင်းစွမ်းအင်လုပ်ငန်းတွေအတွက် တရုတ်အစိုးရကပေးနေတဲ့ အမတော်ကြေး အထောက်အပံ့တွေဟာ ၊ အမေရိကန်ကုမ္ပဏီတွေ နဲ့ အလုပ်သမားတွေအပြင် ကမ္ဘာတဝန်းက ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကိုပါ ထိခိုက်စေတဲ့ မမျှတတဲ့ပြိုင်ဆိုင်မှုတွေကို ဖန်တီးပေးနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။