အမေရိကန်ပြည်ထောင်စုမှာ သန္ဓေသား ဖျက်ချခွင့်ကို ပြည်နယ်တခုချင်းစီကသာ ကိုယ်ပိုင်ဥပဒေ ပြဌာန်း ဆုံးဖြတ်တာမျိုး ဆက် ဖြစ်သင့်တယ်လို့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ သမ္မတနေရာ ဝင်ပြိုင်မယ့် သမ္မတဟောင်း Donald Trump က ပြောဆိုလိုက်ပါတယ်။
မြောက်အမေရိကတိုက်မှာ ဧပြီလ ၈ ရက် တနင်္လာနေ့က နေကြတ်သွားတာကို လူပေါင်းသန်းနဲ့ချီတို့ တွေ့မြင်ခဲ့ရပါတယ်။
အမေရိကန် ပြည်ထောင်စု အပါအဝင် မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဒီကနေ့ နေအပြည့်အဝကြတ်တာကို စောင့်ကြည့်ဖို့ အကြီးအကျယ် ပြင်ဆင်နေကြပါတယ်။ နေရဲ့ ရှေ့ကနေ လက ဖြတ်သွားရာက ၄ မိနစ်ခွဲလောက် အမှောင်ကြပြီး နေကြတ်တာကို အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကို နိုင်ငံတွေမှာ လူပေါင်းသန်းချီ စောင့်ကြည့်ကြမှာပါ။
အမေရိကန် ကွန်ဂရက်လွှတ်တော်က ယူကရိန်းအတွက်စစ်ရေးအကူအညီပေးရေး သဘောမတူဘူးဆိုရင်တော့ ရုရှားကို စစ်ရှုံးလိမ့်မယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ရေပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်း ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန်နဲ့ သြစတေးလျတို့ ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြတဲ့ တနင်္ဂနွေနေ့မှာပဲ တရုတ်စစ်ဖက်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ ကင်းလှည့်ခဲ့ပါတယ်။
ဂါဇာစစ်ပွဲ ၆ လ ရှိလာချိန်မှာပဲ ၂ ဘက် အပစ်အခတ်ရပ်စဲရေး နဲ့ ဓါးစာခံတွေက ပြန်လွှတ်ပေးရေးကိစ္စတွေကို ထပ်ဆွေးနွေးဖို့အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) အကြီးအကဲ Bill Burns အပါအဝင် စေ့စပ်ဆွေးနွေးသူတွေဟာ အီဂျစ်နိုင်ငံကိုင်ရိုမြို့ကို မနေ့က စတင်ရောက်လာခဲ့ကြပါတယ်။
ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံမှာ လေကြောင်းရန် ကာကွယ်ရေး မစ်ဇိုင်းဒုံးတွေ ပြတ်လတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား လွန်ခဲ့တဲ့တနှစ်အတွင်း ခက်ခဲတဲ့ ဆွေးနွေးပြောဆိုမှုတွေရဲ့ ရလဒ်အဖြစ် ပိုမိုတည်ငြိမ်တဲ့ အခြေခံတွေ ရရှိခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က တရုတ်ဝန်ကြီးချုပ် Li Qiang ကို ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးပုံစံနဲ့ပတ်သက်လို့ အမေရိကန် စိုးရိမ်တဲ့ကိစ္စတွေကို ဆွေးနွေးသွားကြဖို့ နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်နေတဲ့ အစ္စရေးကို အမေရိကန်က လက်နက်တင်ပို့မှု ရပ်ဆိုင်းထားဖို့ အမေရိကန် Democrat ပါတီဝင် အောက်လွှတ်တော်အမတ် ၄၀ က သမ္မတ Joe Biden ကို တောင်းဆိုလိုက်ပါတယ်
အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်ကို ဗဟိုပြုပြီး ၄.၈ ပြင်းအားနဲ့ ငလျင်လှုပ်ခဲ့တယ်လို့ အမေရိကန်ဘူဗိဗေဒတိုင်းတာရေးဌာနက ပြောပါတယ်။ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကို နယူးဂျာစီနဲ့ ကပ်နေတဲ့ နယူးယောက်မြို့တချို့နေရာတွေအထိ ခံစားခဲ့ရပါတယ်။
ဂါဇာကမ်းမြောင်မှာ ဒီသီတင်းပတ်ထဲ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကူညီပေးရေး ဝန်ထမ်း ၇ ဦး သေဆုံးခဲ့ရတာ အပါအဝင် ဂါဇာမှာ သေဆုံးသူ ၃၃၀၀၀ ကျော်အထိ ရှိလာတာကြောင့် လူတွေ အမျက်ဒေါသတွေ ထွက်နေကြသလို၊ အမေရိကန်က အစ္စရေးကို စစ်လက်နက်ပစ္စည်း ရောင်းချနေတာနဲ့ ပတ်သက်လို့ စောင့်ကြည့်မှုတွေလည်း ပိုများလာပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။