ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်ကို အင်အားအပြင်းအထန်သုံး ချေမှုန်းနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု လုပ်ရပ်ဟာ အစ္စရေးနိုင်ငံအတွက် အထောက်အကူ မဖြစ်စေဘဲ ထိခိုက်နစ်နာမှုတွေသာ ဖြစ်စေကြောင်း သမ္မတ Joe Biden က ဝေဖေန်ပြောကြားလိုက်ပါတယ်။
ဂါဇာဒေသမှာ ယာယီဆိပ်ခံတံတားဆောက်မယ့် ပစ္စည်းတွေ တင်ဆောင်လာတဲ့ အမေရိကန်စစ်တပ်က သင်္ဘောတစင်း ဒီကနေ့ပဲ မြေထဲပင်လယ်ဒေသကို သွားရောက်နေပါတယ်။
ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲမှာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်ရေး ဒရုန်း ၁၅ စင်းကို အမေရိကန် နဲ့ မဟာမိတ် တပ်ဖွဲ့တွေက ဒီကနေ့ ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ပို့ဆောင်ပေးမယ့် လူသားချင်းစာနာတဲ့ အကူအညီတွေ Cyprus ကျွန်းကနေ သင်္ဘောနဲ့ ပို့ဆောင်ဖို့ ပစ္စည်းတွေ တင်ဆောင်နေပြီလို့ အမေရိကန်ပရဟိတအဖွဲ့တခုက ဒီနေ့ စနေနေ့မှာ ပြောကြားပါတယ်။
ဒီသတင်းကို ပထမဆုံးတင်ပြတဲ့ နယူးယောက်တိုင်းမ်စ် သတင်းစာမှာတော့ သူ့ရဲ့ သတို့သမီးလောင်းဟာ ရုရှားနိုင်ငံက အသက် ၆၇ နှစ်အရွယ် အငြိမ်းစားသိပ္ပံပညာရှင် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သူက မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာရှင် ဖြစ်ပြီး အသက် ၉၂ နှစ်အရွယ် မားဒေါ့နဲ့ မနှစ်က နွေရာသီမှာ စပြီး တွဲခဲ့ကြတာပါ။
အမေရိကန်လွှတ်တော်မှာ သမ္မတ Joe Biden ကြာသပတေးညက ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ ပြည်တွင်းရေးရာကိစ္စတွေကို အသားပေးပြောခဲ့သလို အရေးပါတဲ့ နိုင်ငံတကာကိစ္စတချို့ကိုလည်း ထည့်သွင်းပြောသွားခဲ့ပါတယ်။
အမေရိကန်နဲ့ ထိုင်း အပါအဝင် အာရှနိုင်ငံတွေ အများအပြား ပါဝင်တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကြီး ဒီကနေ့ နောက်ဆုံးနေ့ အဖြစ် ကျည်အစစ်တွေ သုံးပြီး စစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။
သမ္မတ ဘိုင်ဒန်ရဲ့ စီးပွားရေး၊ တရားရေးနဲ့ နိုင်ငံခြားရေးရာ ကိုင်တွယ်မှုတွေကို ထိုးနှက် ဝေဖန်ခဲ့သလို၊ သမ္မတ ဘိုင်ဒန်ဟာ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ကြောက်နေတဲ့သူ၊ ကိုယ် ဘာလုပ်ရမယ် ဆိုတာကို မဝေခွဲတတ်တဲ့၊ ပျော့ညံ့တဲ့ ခေါင်းဆောင် တယောက်လို့ ပြောဆိုလိုက်ပါတယ်။
ကြာသပတေးနေ့ည အမေရိကန် လွှတ်တော်နှစ်ရပ်ရှေ့ပြောကြားတဲ့ သမ္မတ Joe Bidne ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဟာ သူ သမ္မတအဖြစ်တာဝန်ယူပြီး တတိယအကြိမ်ပြောကြားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဖြစ်ပြီး အစပိုင်းမှာ ယူကရိန်းစစ်ပွဲနဲ့ အစ္စရေးဟာမတ်စ်စစ်ပွဲတွေအကြောင်းကို ပြောကြားသွားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကြာသပတေးနေ့ အမေရိကန်ဝါရှင်တန်စံတော်ချိန် ည ၉ နာရီမှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး လွှတ်တော်မှာ ကျင်းပမယ့် ဒီပွဲအတွက် သမ္မတအိမ်ဖြူတော်နဲ့ လွှတ်တော်အမတ်တွေ ပြင်ဆင်နေကြပါတယ်။
နမိတ်မကောင်းတဲ့ မေးခွန်းတခုတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတက လွှတ်တော် ၂ ရပ်ပေါင်းကို မိန့်ခွန်းပြောကြားတုန်း ဆိုးဆိုးရွားရွား တိုက်ခိုက်ခံကြရတယ်ဆို နိုင်ငံကို ဘယ်သူက အုပ်ချုပ်မှာပါလဲ။ မေးစရာရှိပါတယ်။ VOA ပုံပြရုပ်သံမှာ ကိုစည်သူရှင်းပြထားပါတယ်။
အမေရိကန်နိုင်ငံရဲ့အခြေအနေအကြောင်း လွှတ်တော်ကို ပြောကြားမယ့် သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ရှိနေချိန် သမ္မတအနေနဲ့ သူ့အစိုးရလက်ထက် အောင်မြင်မှုတွေကို လွှတ်တော် ၂ ရပ်ရှေ့မှာ မိန့်ခွန်းပြောကြားတဲ့အခါ အဓိကထား ပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။