မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွန်ချွန် ကြိုးစားဆောင်ရွက်နေကြတဲ့ K3C လို့ခေါ်တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ မနေ့ မတ်လ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က အရင် Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက်မှာ ရေးပါတယ်။
အမေရိကန်ကာကွယ်ရေး အသုံးစရိတ် NDAA အောက်မှာ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ပေးမယ့် အစီအစဉ်ဟာ ဒီမိုကရေစီရေးလို့ အကြောင်းပြတာဖြစ်တယ်လို့ ဗွီအိုအေရဲ့ အမေးကို စစ်ကောင်စီက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ဟာမတ်စ်စစ်သွေးကြွတွေနဲ့ စစ်ဆင်နေတဲ့ အစ္စရေးကို သူတို့တောင်းထားတဲ့ လက်နက်အားလုံးတော့ မပေးရသေးဘူးလို့ အမေရိကန်စစ်တပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရအပေါ် ပစ်မှတ်ထားအရေးယူပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးတဲ့ Burmese Freedom and Democracy Act of 2003 ဒဏ်ခတ်ဥပဒေကို တောက်လျှောက် အထက်လွှတ်တော်မှာ ထောက်ခံအတည်ပြုခဲ့တဲ့ လွှတ်တော်အမတ်တယောက်လည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Baltimore ပြည်နယ်မှာ ကုန်တင်သင်္ဘောကြီး ဝင်တိုက်ခိုက်လို့ ကျိုးကျခဲ့တဲ့ မြစ်ဖြတ်တံတားကြီးပေါ်က ပြုတ်ကျသွားတဲ့ ကားတစီးနဲ့ အထဲက အလောင်း ၂ လောင်းကို ဆယ်ယူနိုင်ခဲ့ပါတယ်။
သန့်ရှင်းစွမ်းအင်လုပ်ငန်းတွေအတွက် တရုတ်အစိုးရကပေးနေတဲ့ အမတော်ကြေး အထောက်အပံ့တွေဟာ ၊ အမေရိကန်ကုမ္ပဏီတွေ နဲ့ အလုပ်သမားတွေအပြင် ကမ္ဘာတဝန်းက ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကိုပါ ထိခိုက်စေတဲ့ မမျှတတဲ့ပြိုင်ဆိုင်မှုတွေကို ဖန်တီးပေးနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘောလ်တီမိုးမြို့က အရေးပါတဲ့ မြစ်ဖြတ်တံတားပြိုကျမှုမှာ ဝင်တိုက်ခဲ့တဲ့ကုန်တင်သင်္ဘောရဲ့ black box ဒေတာမှတ်တမ်းကို ဆယ်ယူရရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုအဆင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ရှာဖွေ ကယ်ဆယ်ရေးကနေ အလောင်းရှာဖွေရေးအဖြစ် ပြောင်းလဲလုပ်ဆောင်မှာဖြစ်တယ်လို့ Maryland ပြည်နယ်ရဲဌာနမှူးက အင်္ဂါနေ့ညက ပြောကြားခဲ့ပါတယ်။ ရေငုပ်သမားတွေဟာ ဒီနေ့မနက် ၆ နာရီထဲကစပြီး ရှာဖွေရေးလုပ်နေကြပါတယ်။
အမေရိကန်ထဲ ရွှေ့ပြောင်းအခြေချသူတွေကို အမြန်စီစစ်နိုင်ဖို့အတွက် ယာယီစင်တာတွေကို အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနက တည်ထောင်ထားပါတယ်။ တက္ကဆက်ပြည်နယ် El Paso မြို့မှာ ပြီးခဲ့တဲ့ နှစ်က ဖွင့်လှစ်ခဲ့တဲ့ ယာယီစင်တာတခုကို ဗွီအိုအေ သတင်းထောက် Cesar Contreras ကိုယ်တိုင်သွားရောက်သတင်းယူထားပါတယ်။
စကားထစ်နေသူတွေ၊ ပုံမှန်စကားမပြောနိုင်သူတွေအတွက် သူတို့ရဲ့ပင်ကိုယ်အသံနဲ့ ပြန်ပြောနိုင်စေမယ့် AI သုံးနည်းပညာကို တီထွင်နိုင်ပြီဖြစ်တာကြောင့် အခုဆို သန်းနဲ့ချီတဲ့ ဝေဒနာရှင်တွေဟာ အဆင်ပြေပြေ ဆက်ဆံပြောဆိုခွင့်ရတော့မှာ ဖြစ်ပါတယ်။
လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ အမေရိကန်က တရုတ်အပေါ်ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲချက်ကို ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ကြီး WTO က အင်္ဂါနေ့မှာ စတင်ကြားနာပါတယ်။
လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အမျိုးသမီးကျန်းမာရေး နဲ့ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးတွေကို အဓိက အကြောင်းအရာအဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဦးစားပေး စည်းရုံးနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။