ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းလည်းဖြစ် တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Nikki Haley က ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေ ရပ်ဆိုင်းလိုက်တဲ့အကြောင်း မတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့ မှာ ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စု ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲတွေမှာ သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ပါတီအသီးအသီးမှာ အားလုံးနီးပါး အနိုင်ရလိုက်တာကြောင့် အခုလာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာလည်း သူတို့ နှစ်ယောက်ပဲပြန်လည် ယှဉ်ပြိုင်ဖို့ ပိုပြီးနီးလာပါတယ်။
မြန်မာနွယ်ဖွားကန်နိုင်ငံသားတွေရဲ့Super Tuesday မဲပေးမှု - အမေရိကန်ပြည်ထောင်စုမှာ Super Tuesday လို့ခေါ်တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေကို မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကပါ မဲပေးခဲ့ကြပါတယ်။ သူတို့အတွေ့အကြုံနဲ့ ရွေးချယ်မှုကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းတင်ပြထားပါတယ်။
အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတွေ အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ အမေရိကန်က တွန်းအားပေးနေတဲ့ တချိန်တည်းမှာ ဂါဇာဒေသမှာ ဆေးဝါးကုသရေးနဲ့ အကူအညီတွေပေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ အပြင်းအထန် ကြုးပမ်းနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Super Tuesday လို့ခေါ်တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေ ဒီနေ့ အင်္ဂါနေ့ ပြည်နယ် ၁၅ ပြည်နယ်နဲ့ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်မှုအောက်မှာရှိတဲ့ Samoa ကျွန်းတွေမှာ ကျင်းပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Colorado ပြည်နယ်မှာ မတ်လ ၅ ရက်နေ့ကျင်းပဖို့ရှိတဲ့ ပါတီတွင်း ပဏာမသမ္မတလောင်းရွေးချယ်ပွဲမှာ သမ္မတဟောင်း Donald Trump ရဲ့ နာမည်ကို ထည့်သွင်းခွင့်ရှိရမယ်လို့ အမေရိကန် ပြည်ထောင်စုတရားရုံးချုပ်က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
မနက်ဖြန် အင်္ဂါနေ့ အမေရိကန်ပြည်ထောင်စု ပြည်နယ် တဒါဇင်ကျော်မှာ ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေ ကျင်းပတော့မှာမို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း ကိုယ်စားလှယ်လောင်းတွေ တယောက်နဲ့တယောက် အပြန်အလှန် ဝေဖန်ထိုးနှက်ပြောဆိုကြသလို ရွေးကောက်ပွဲမှာ အစီအစဉ်တွေနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေကို ချပြခဲ့ကြပါတယ်။
ဝါရှင်တန်ဒီစီမြို့မှာ ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်မှုကို မနေ့ တနင်္ဂနွေနေ့က ကျင်းပတာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်း ဖြစ်တဲ့ Nikki Haley အနိုင်ရပါတယ်။
၁၈ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီနေ့ မတ်လ ၄ ရက်နေ့ တနင်္လာနေ့ အခု အသံလွှင့်ပြီး နာရီပိုင်းအကြာ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကျင်းပမှာ ဖြစ်ပြီး သမ္မတကတော် Jill Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ဆုတွေကိုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ကျရောက်လာမယ့် ဘယ်လိုလုံခြုံရေးခြိမ်းခြောက်မှုကိုမဆို ကာကွယ်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဗာဂျီနီးယားပြည်နယ် Alexandria မြို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေကို သင်တန်းပေးနေတဲ့အကြောင်း ပြောပြပေးမှာပါ။
အစ္စရေးနဲ့ ဟာမတ်စ်ကြား ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေပြန်လွှတ်ဖို့ သဘောတူညီချက်ရရှိရေး အီဂျစ်နဲ့ ကာတာနိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေနဲ့ ဆွေးနွေးမှုတွေကို ကိုင်ရိုမြို့မှာ ဒီကနေ့ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Idaho နဲ့ Missouri ပြည်နယ်တွေမှာ ကျင်းပခဲ့တဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။