အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ စက်တင်ဘာလကုန်အထိ အကျုံးဝင်တဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ကို လွှတ်တော်မှာ အတည်ပြုလိုက်နိုင်ပြီမို့ မကြာခင် သမ္မတ Joe Biden လက်မှတ်ထိုး ပြဌာန်မယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ အနေနဲ့ အမေရိကန်မှာ ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) အတွက် လျှောက်ထားဖို့ ၂၀၂၁ ခုနှစ်ကစတင် ခွင့်ပြုခဲ့တာ ဖြစ်ပြီး ခုချိန်အထိ အန္တရာယ်ကြီးနေသေးတာကြောင့် ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်အထိ သက်တမ်းတိုးပေးမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်အခတ်ရပ်ရေး သဘောတူညီမှုရနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်းနေတာဖြစ်ပြီး အစ္စရေးမတိုင်ခင် Saudi Arabia နဲ့ အီဂျစ်နိုင်ငံတွေကို သွားရောက် ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာစစ်ပွဲအရေးနဲ့ပတ်သက်လို့ အာရပ်နိုင်ငံတာဝန်ရှိသူတွေနဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဒီနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
ရုရှားအစိုးရကညွှန်ကြားတဲ့ မဟုတ်မမှန်လုပ်ကြံလှုံ့ဆော်မှုတွေကို တရားဝင်သတင်းဝဘ်ဆိုဒ်တွေ အယောင်ဆောင် ဖန်တီးလုပ်ကိုင်နေတဲ့စွပ်စွဲချက်နဲ့ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ရုရှားအခြေစိုက် ကုမ္ပဏီတွေကို အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။
အစ္စရေးကို ထောက်ပံ့မှုကြောင့် အိမ်ဖြူတော် Ramadan နဲ့ Eid ပွဲ မွတ်ဆလင်တွေ သပိတ်မှောက်မည်
"ငလျင်မလှုပ်ခင်မှာ မြေပြင်လှုပ်ရှားမှု ဒါမှမဟုတ် လျှပ်စစ်သံလိုက်ဓါတ် တိုင်းတဲ့ စနစ်မှာတွေ့ရတဲ့ အပြောင်းအလဲတွေကို စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် အဲဒီမှာ အပြောင်းအလဲတွေ တွေ့မယ်ဆိုရင်တော့ ငလျင်လှုပ်တော့မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။" (Alexandros Savvaidis- TexNet က စုံစမ်းစစ်ဆေးရေးမှူး)
တရုတ်ကုမ္ပဏီပိုင် TikTok ဗွီဒီယိုအတို အက်ပလီကေးရှင်းကို ကန့်သတ်မဲ့ဥပဒေ ပြဌာန်းဖို့ အမေရိကန်လွှတ်တော်ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုတွေအများကြီးရှိနေတယ်လို့ George Town တက္ကသိုလ်မှာ မဟာဘွဲ့လွန်ပညာသင်ကြားနေတဲ့ ကိုဝင်းကိုကိုအောင်က သုံးသပ်ပါတယ်။
ကမ္ဘာ့နိုင်ငံတဝက်ကျော်မှာ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေကျင်းပဖို့ရှိနေချိန် လူမှုကွန်ယက်တွေ၊ ဉာဏ်ရည်တုနည်းပညာတွေအပါအဝင် နည်းပညာသစ်တွေကြောင့် သတင်းတုသတင်းမှားတွေရဲ့ ခြိမ်းခြောက်မှုတွေ မကြုံစဖူးတိုးလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အိုဟိုင်းယိုးပြည်နယ် မဲဆွယ်ပွဲအတွင်း ရီပတ်ဗလစ်ကန် ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ်ရာပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်တချို့ရဲ့ တုံ့ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။
ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန်ပရဟိတအဖွဲ့တခုက ပေးတဲ့ အကူအညီတွေအားလုံးကို ကမ်းချပြီးသွားပြီလို့ အစ္စရေးစစ်တပ်နဲ့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကျရင် Republican ပါတီက ဝင်အရွေးခံမယ့် Donald Trump ကို သူ့အနေနဲ့ ထောက်ခံမှာ မဟုတ်ဘူးလို့ ဒုသမ္မတဟောင်း Mike Pence က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။