အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလာတက်ရင်း ကွန်ပြူတာနဲ့ ဘွဲ့ရခဲ့ပေမယ့် စက်ပြင်လုပ်ငန်းကို ဝါသနာအရလုပ်ကိုင်ရင်း ကားပြင်ဆိုင် ဖွင့်ဖြစ်လာတာလို့ ကိုမင်းဂေါင်ထွန်းက ပြောပါတယ်။ မေရီလန်းပြည်နယ် မှာဖွင့်လှစ်ထားတဲ့ မင်း ကားပြင်လုပ်ငန်းအကြောင်း ကိုအောင်အောင်က သုတစုံလင်အမေရိကန်တခွင်အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အမေရိကန်နာမည်ကျော် ရုပ်ရှင်မင်းသမီးလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ ဂျန်နဖာလိုးပတ်စ်ရဲ့ အားလုံးမျှော်နေကြတဲ့ သီချင်းသစ်နဲ့ ဂီတဗွီဒီယို ထွက်လာပါတယ်။ သီချင်းနာမည်က "Can't Get Enough" ဖြစ်ပြီး သူ့ရဲ့ တေးဓာတ်ပြားသစ် "This Is Me…Now" ("အခု ကျွန်မ") ဆိုတဲ့ တေးဓာတ်ပြား မှာပါမယ့် သီချင်းပါ။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ အိမ်ခြံမြေလုပ်ငန်းအတွက် နယူးယောက်တရားရုံးမှာ သူ့ကို တရားစွဲထားတဲ့အမှုအတွက် မနေ့က အပြီးသတ် လျှောက်လဲချက်ပေးပြီး တရားသူကြီးနဲ့ ရှေ့နေချုပ်တွေကို ဝေဖန်ထိုးနှက်ပြောဆိုသွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲ ဒေသတွင်းက တခြားနိုင်ငံတွေကို မပြန့်ပွားရေး၊ ကျန်နေသေးတဲ့ ဖမ်းဆီးခံ ဓားစာခံတွေ ပြန်လွတ်ရေး စတဲ့ ကိစ္စရပ်တွေကို အီဂျစ်သမ္မတ Abdel Fattah al-Sisi နဲ့ ဆွေးနွေးဖို့အတွက် ကိုင်ရိုမြို့ကို ဒီကနေ့ ရောက်ရှိသွားပါပြီ။
သမ္မတဟောင်း Donald Trump ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်းသမ္မတလောင်း ယှဉ်ပြိုင်နေသူ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Chris Christie က သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို အဆုံးသတ်လိုက်ပြီလို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
အရှေ့အလယ်ပိုင်းက ဂါဇာစစ်ပွဲကို တခြားဒေသတွေမှာပါ ကြီးမားကျယ်ပြန့်မသွားအောင် သံတမန်ရေးရာကြိုးပမ်းနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပင်လယ်နီထဲမှာ ယီမင်အခြေစိုက် ဟူသီ သူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေရဲ့ “အကျိုးဆက်တွေ” ကို ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ တရုတ်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ ဝါရှင်တန်မှာ မနေ့ကပဲ ပြီးဆုံးခဲ့ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ ဒီနေ့ပဲ တွေ့ဆုံခဲ့ပြီး အစ္စရေး-ပါလက်စတိုင်းကြားမှာဖြစ်နေတဲ့ ကာလရှည်ကြာ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အရေး ဆွေးနွေးခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီကနေ့ Tel Aviv မှာတွေ့ဆုံပြီး ဂါဇာပဋိပက္ခနဲ့ တင်းမာမှုတွေ လျော့ချနိုင်ရေးနဲ့ ရှေ့ဆက် ဂါဇာ အနာဂါတ်ရေး ဆွေးနွေးပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE သမ္မတ Sheikh Mohammed bin Zayed Al Nahyan အပါအဝင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman တို့နဲ့ ဒီကနေ့ တွေ့ဆုံပြီးနောက် အစ္စရေးနိုင်ငံကို ဆက်ပြီး သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဂါဇာဒေသမြောက်ပိုင်းက ဟာမတ်စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖြိုခွင်းလိုက်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုလိုက်ပါတယ်။ ထိုးစစ်တွေကို ပိတ်ဆို့ဝန်းရံထားတဲ့ ဂါဇာဒေသ တောင်ပိုင်းဘက်ကို အပြည့်အဝ ပြောင်းရွှေ့မယ်လို့လည်း အစ္စရေး၊ ဟာမတ်စ် စစ်ပွဲ ၄ လပြည့်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ကြေညာလိုက်တာပါ
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။