အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ သံတမန်ရေးနည်းလမ်းအရ ဆွေနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ဒီကနေ့ သွားရောက်မှာဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ထောက်လှမ်းရေး ဂြိုလ်တု ၃ စင်း ထပ်မံလွှတ်တင်မှာ ဖြစ်သလို၊ စစ်ဖက်သုံး ဒရုန်းယာဉ်တွေနဲ့ နျူကလီးယားလက်နက် ပိုပြီးပိုင်ဆိုင်လာအောင် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း California ပြည်နယ်ကမ်းရိုးတမ်းကို ကြီးမားတဲ့လှိုင်းလုံးကြီးတွေ သောကြာနေ့ ရိုက်ခတ်ခဲ့ပြီး ဒီထက်ကြီးတဲ့လှိုင်းကြီးတွေ လာဦးမယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
အာဖရိကတိုက်မှာ အခြေစိုက်တဲ့ al Shabaab အကြမ်းဖက်အဖွဲ့ထဲဝင်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်မဟာမိတ်တွေကို တိုက်ခိုက်ဖို့ ကြိုးစားသူ အမေရိကန်နိုင်ငံသားတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
။ ၂၀၂၁ ဇန်နဝါရီလတုန်းက လွှတ်တော်အဆောက်အဦး တိုက်ခိုက်ခံရအောင် ထရမ့်က လှုံ့ဆော်ခဲ့တာကြောင့် ပါတီတွင်း သမ္မတလောင်း ပမာဏရွေးချယ်ပွဲလုပ်ကြတဲ့အခါ မဲပြားပေါ်မှာ ထရမ့် နာမည်ပါဝင်ခွင့် မရှိဘူးလို့ မိန်း ပြည်နယ် အတွင်းရေးမှူး Shenna Bellows ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်နိုင်ဖို့ မက္ကဆီကိုနိုင်ငံနဲ့ကပ်နေတဲ့ အမေရိကန် အနောက်တောင်ပိုင်းနယ်စပ်ကို ရောက်လာသူတွေ အဆမတန်များလာနေတဲ့ကိစ္စအပေါ် အမေရိကန်ထိပ်တန်းသံတမန်တွေနဲ့ မက္ကဆီကို သမ္မတတို့ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံအတွက် အမေရိကန်အစိုးရက ပေးမယ်လို့ ကတိပြုထားတဲ့ စစ်ရေးအကူအညီတွေထဲက လက်ကျန် ဒေါ်လာသန်း ၂၅၀ ဖိုး လက်နက်အကူအညီတွေ ပို့ပေးမယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့က ကြေညာခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ကိုအာမခံတဲ့ First Amendment ခေါ် အခြေခံဥပဒေပြင်ဆင်ချက် အမှတ်(၁) ခိုင်ခိုင်မာမာ ရှိပေမဲ့လို့လည်း အခု ၂၀၂၃ ခုနှစ်အတွင်း ဒီအခြေခံအပေါ် အကဲစမ်းချက်တွေ ကြုံခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခုလို Christmas နဲ့ နှစ်သစ်ကူးအချိန်မှာ နေအိမ်တွေကို မီးရောင်တွေနဲ့ အလှဆင်ကြတာက Christmas အစဉ်အလာတခု ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အစ္စရေးစစ်တပ်ဟာ ဒီနေ့ တနင်္ဂနွေနေ့ အစောပိုင်းက Jabalia မြို့အပေါ် ဆက်လက်တိုက်ခိုက်နေပါတယ်။ စနေနေ့က ဂါဇာဒေသထဲက ပစ်မှတ်ပေါင်း ၂၀၀ လောက်ကို တိုက်ခိုက်ခဲ့ပြီး မြောက်ပိုင်းဒေသတခုလုံး နီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အားဖြည့်ကိုဗစ်ကာကွယ်ဆေးသစ် မထိုးရသေးသူတွေများနေတာကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း ကိုဗစ်ရောဂါ ကူးစက်သူ များလာနိုင်တယ်လို့ အမေရိကန် ရောဂါကူးစက်မှု ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC က သတိပေးလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ပုံစံက စာနာမှုအကူအညီတွေပေးရေးအတွက် ကြီးမားတဲ့အဟန့်အတားတွေ ဖြစ်စေတဲ့ တကယ့်ပြဿနာ အစစ်အမှန်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။