ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လာမယ့် တနင်္လာနေ့၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မြန်မာ့အရေး သီးသန့်ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဂျော်ဒန်နိုင်ငံက အမေရိကန် စစ်တပ်အခြေစိုက်စခန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီရီးယားနိုင်ငံတွေထဲက အီရန်ပံ့ပိုးထားတဲ့အဖွဲ့တွေရဲ့ ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းနဲ့ သောကြာနေ့က တိုက်ခိုက်ခဲ့ပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့ကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေဘက်က အမေရိကန်အစိုးရဆက်လက် ရပ်တည်ရမယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardin က ပြောကြားလိုက်ပါတယ်။
မြန်မာ့အရေး အမေရိကန်အစိုးရတွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပူးပေါင်းထားတဲ့ Burma Caucus အဖွဲ့ကို ဒီနေ့ စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ရက်စက်တဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဆက်လက် ကန့်သတ်နေတဲ့အပေါ် အပြင်းထန်ဆုံး ရှုတ်ချကန့်ကွက်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဥရောပနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲ ကြေညာချက် ထုတ်ပြန်ကြပါတယ်။
၁၉ ရာစုနှောင်းပိုင်းက အစပြုလို့ ၊ ကမ္ဘာ့စစ်ပွဲ ၂ ခါလည်း ကြုံခဲ့ရပြီးနောက်၊ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက သီးသန့်ခွဲခြားရပ်တည်မှု ပုံစံကနေ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြီးစိုးနိုင်မှုအနေအထားကို ပုံဖော်ရာမှာ တက်တက်ကြွကြွပါဝင်သူအဖြစ် ပြောင်းလဲမှုကြီးကြီးမားမား လုပ်ခဲ့တာပါ။
ဂျော်ဒန်နိုင်ငံမှာ အမေရိကန်တပ်သား ၃ ယောက် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာနဲ့ပတ်သက်ပြီး အကျိုးဆက်အလွန်ကြီးမားမယ့် တုံ့ပြန်ပုံမျိုး နဲ့တုံ့ပြန်ဖို့ အမေရိကန်က စီစဉ်နေတယ်လို့ သမ္မတအိမ်ဖြူတော်က တနင်္လာနေ့ က ပြောလိုက်ပါတယ်။
ဂျော်ဒန်နိုင်ငံအရှေ့မြောက်ပိုင်း ဆီးရီးယားနဲ့ နယ်စပ်အနီး အမေရိကန်စစ်တပ် အခြေစိုက်စခန်းကို စနေနေ့ည အဝေးထိန်းဒရုံးယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့အတွက် အမေရိကန်စစ်သား သုံးယောက် သေဆုံးပြီး နောက်ထပ် ၃၄ ယောက် ထိခိုက်ဒဏ်ရာရသွားတဲ့အကြောင်း အမေရိကန်စစ်တပ် အရှေ့အလယ်ပိုင်းဆိုင်ရာ ကွပ်ကဲရေးဌာနချုပ်က သတင်းပေးပို့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ကန် အမျိုးသားလုံခြုံရေးအကြံပေး၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံရာမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်းက အဓိကကျတဲ့ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာ့အရေးလည်း ပါဝင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့တာပါ။
အိုင်အက်စ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အီရတ်ကိုရောက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ပြန်လည် ထွက်ခွါရေးအတွက် အမေရိကန်နဲ့ အီရတ်အစိုးရတို့ကြား ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲကို ဘက်ဂဒက်မှာ စနေနေ့က ကျင်းပခဲ့တယ်လို့ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani က ပြောပါတယ်။
အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ တန်ဖိုးရှိတဲ့ F-16 တိုက်လေယာဉ်တွေ တူရကီကို ရောင်းချဖို့ အမေရိကန်အစိုးရက မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ခွင့်ပြုပေးလိုက်ပါပြီ။ ဒါဟာ ဆွီဒင်နိုင်ငံ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် တူရကီက သဘောတူလိုက်ပြီးတဲ့နောက် အမေရိကန်က အခုလို ရောင်းခွင့်ပြုလိုက်တာပါ။
အမေရိကန်ထောက်လှမ်းရေးဌာန CIA အကြီးအကဲဟာ အစ္စရေး၊ အီဂျစ်နိုင်ငံတို့က ထောက်လှမ်းရေး အကြီးအကဲတွေ အပါအဝင် ကာတာ ဝန်ကြီးချုပ်တို့နဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စတွေကို လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးဖို့ရှိတယ်လို့ AFP မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။