စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီကနေ့ Tel Aviv မှာတွေ့ဆုံပြီး ဂါဇာပဋိပက္ခနဲ့ တင်းမာမှုတွေ လျော့ချနိုင်ရေးနဲ့ ရှေ့ဆက် ဂါဇာ အနာဂါတ်ရေး ဆွေးနွေးပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE သမ္မတ Sheikh Mohammed bin Zayed Al Nahyan အပါအဝင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman တို့နဲ့ ဒီကနေ့ တွေ့ဆုံပြီးနောက် အစ္စရေးနိုင်ငံကို ဆက်ပြီး သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဂါဇာဒေသမြောက်ပိုင်းက ဟာမတ်စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖြိုခွင်းလိုက်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုလိုက်ပါတယ်။ ထိုးစစ်တွေကို ပိတ်ဆို့ဝန်းရံထားတဲ့ ဂါဇာဒေသ တောင်ပိုင်းဘက်ကို အပြည့်အဝ ပြောင်းရွှေ့မယ်လို့လည်း အစ္စရေး၊ ဟာမတ်စ် စစ်ပွဲ ၄ လပြည့်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ကြေညာလိုက်တာပါ
အရှေ့အလယ်ပိုင်းဒေသအရေး ဆွေးနွေးဖို့ ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဂျော်ဒန်နိုင်ငံကို ရောက်ရှိနေပြီး ဂျော်ဒန်ဘုရင် ဒုတိယမြောက် Abdullah နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့နဲ့ တွေ့ဆုံပါတယ်။
စစ်ကြောင့် ပျက်စီးနေတဲ့ ဂါဇာကမ်းမြှောင်ကို အကူအညီတွေ ပိုမို ပို့ပေးနိုင်ဖို့ ၊ သံတမန်လမ်းကြောင်းက အပြင်းအထန်ကြိုးပမ်းရင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့အလယ်ပိုင်းကို ရောက်ရှိနေပါတယ်။ ဒေသတွင်း တင်းမာမှု လျော့ပါရေး ဝန်ကြီး Blinken ဟာ တူရကီ ဂရိခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ကြိုးစားနေတဲ့ Donald Trump ဟာ အမေရိကန် ဒီမိုကရေစီအတွက် အန္တရာယ်ဖြစ်တယ်လို့ သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီနိုင်ငံကို သောကြာနေ့က ဆိုက်ရောက်ခဲ့ပြီး စနေနေ့မှာတော့ တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံဖွယ် ရှိနေပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က စခဲ့တဲ့ အစ္စရေးလ်နဲ့ ဟားမတ်စ်ကြား တိုက်ပွဲနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ၄ကြိမ်မြောက်ခရီးစဉ်ဖြစ်။
အိုင်အိုဝါပြည်နယ်အထက်တန်းကျောင်းတခုမှာ ၁၇ နှစ်အရွယ် ကျောင်းသားတဦးက ပစ်ခတ်မှုကြောင့် ၆ တန်းကျောင်းသားတဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ သံတမန်ရေးနည်းလမ်းအရ ဆွေနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ဒီကနေ့ သွားရောက်မှာဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ထောက်လှမ်းရေး ဂြိုလ်တု ၃ စင်း ထပ်မံလွှတ်တင်မှာ ဖြစ်သလို၊ စစ်ဖက်သုံး ဒရုန်းယာဉ်တွေနဲ့ နျူကလီးယားလက်နက် ပိုပြီးပိုင်ဆိုင်လာအောင် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း California ပြည်နယ်ကမ်းရိုးတမ်းကို ကြီးမားတဲ့လှိုင်းလုံးကြီးတွေ သောကြာနေ့ ရိုက်ခတ်ခဲ့ပြီး ဒီထက်ကြီးတဲ့လှိုင်းကြီးတွေ လာဦးမယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။