အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွတွေအကြား စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အရှေ့အလယ်ပိုင်း ဒေသအတွင်းမှာ ဆက်တိုက်ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေ၊ ရှုပ်ထွေးတဲ့ ကြေညာချက်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပေါ်ထွက်လာခဲ့ပါတယ်။
ကမ္ဘာမှာ အအောင်မြင်ဆုံး အနုပညာရှင်တဦးဖြစ်တဲ့ အမေရိကန် ပေါ့အဆိုတော် တေလာဆွိဖ်ဟာ ၂၀၂၄ iHeartRadio ဂီတဆုချီးမြှင့်ပွဲအတွက် ဆုနေရာ ၉ ခု အတွက် စကာတင် တစ်ကြိုရွေးချယ်ခံထားရပါတယ်။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ဟာ ရီပတ်ဘလစ်ကန်သမ္မတကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပြီး ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ Donal Trump ကို ထောက်ခံကြောင်း ကြေညာပါတယ်။
ရုရှားနဲ့ မဟာဗျုဟာ၊ နည်းဗျုဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်မံတိုးမြှင့်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ကန်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးလာနေတဲ့ ၂ နိုင်ငံကြား ညီညွှတ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ရုရှားသမ္မတ အလည်အပတ်လာနိုင်ခြေ ရှိတယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်
အမေရိကန်သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဇန်နဝါရီ ၁၉ ရက်၊ မနေ့က တယ်လီဖုန်းနဲ့ စကားပြောကြားခဲ့ပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဒေသတော်တော်များများမှာ အေးခဲတဲ့နှင်းမုန်တိုင်းဒဏ်ခံနေရပြီး ဆိုးဝါးတဲ့ရာသီဥတုကြောင့် သေဆုံးသူ ၅၅ ယောက် ထက်မနည်း ရှိနေပါပြီ။
ပင်လယ်ကမ်းရိုးတန်း ရေတိုက်စားတာတွေကို ကာကွယ်ဖို့ သန္တာကျောက်တန်းတု ဖန်တီးထားတာ၊ ပြစ်ဒဏ်ခံနေရတဲ့ ဆေးခြောက် သုံးစွဲသူတွေကို သမ္မတက ပြန်လွှတ်ပေးလိုက်ပေမယ့်လည်း ဒီထက် ပိုအခွင့်အရေးပေးဖို့ တောင်းဆိုနေကြတာ၊ ရွှေဖရုံသီးအထွက်တိုးအောင် ဘယ်လို စိုက်ပျိုးသလဲ စတာတွေကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အများစုမှာ အခု သီတင်းပတ်ထဲ နှင်းမုန်တိုင်းတွေ တိုက်ခိုက်နေပြီး ရေခဲ အမှတ် သုညအောက် အပူချိန် ကျဆင်းနေပါတယ်။ ပြင်းထန်တဲ့ ဆောင်းရာသီဥတုကြောင့် တပတ်အတွင်းမှာ နိုင်ငံတဝန်းသေဆုံးသူ ၄၀ ကျော်ရှိနေပြီး တန်နက်ဆီပြည်နယ်တခုတည်းမှာတင် ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်နယ်အလိုက် ပဏာမရွေးပွဲတွေမှာအနိုင်ရတဲ့သူကို သက်ဆိုင်ရာပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံမှာ သမ္မတလောင်းအဖြစ် တင်မြှောက်တာပါ။ ရီပတ်ဘလစ်ကန် ပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့်ဂျူလိုင်လမှာ ကျင်းပမှာပါ။ ဒီမိုကရက်ပါတီကတော့ ဩဂုတ်လမှာ ကျင်းပပါတယ်။
ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ မစ်ဇိုင်းဒုံးတွေဖြစ်တာကြောင့်ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအပေါ် ကြီးမားတဲ့ခြိမ်းခြောက်ရန်ကို ကာကွယ်လိုက်တာဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ်ကွပ်ကဲရေးဌာနချုပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာ နိုင်ငံတကာသင်္ဘောတွေကို ရက်သီတင်းပတ်တွေနဲ့ချီ တိုက်ခိုက်နေတဲ့ ယီမင်က ဟူသီအဖွဲ့ကို အထူးသတ်မှတ်ချက်အဆင့်ရှိ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပြန်လည် သတ်မှတ်လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် ထောက်ပံ့ရေးအပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ အသုံးစရိတ် သဘောတူညီချက်ရအောင် ညှိနှိုင်းဖို့ ထိပ်တန်း လွှတ်တော်ခေါင်းဆောင်လေးဦးအပါအဝင် တခြားလွှတ်တော်အမတ်တွေကို အမေရိကန်သမ္မတ Joe Biden က အိမ်ဖြူတော်ကိုလာဖို့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဖိတ်ကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။