၂၀၂၄ ခုနှစ်ထဲ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေချိန်မှာ AI လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာအသုံးပြု သတင်းမှားဖြန့်ဝေတာတွေနဲ့ သတင်းလုပ်ငန်း ဘေးကင်းလုံခြုံရေးကိစ္စတွေက အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုလာနေကြပါတယ်။
ရီပတ်ဘလစ်ကန်ပါတီတွင်း New Hamsphire ပြည်နယ် ပါတီသမ္မတကိုယ်စားလှယ်လောင်းရွေးကောက်ပွဲမှာ သမ္မတဟောင်း Donal Trump က ပြိုင်ဘက်ဖြစ်တဲ့ သံအမတ်ကြီးဟောင်း Nikki Haley ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း သံအမတ်ကြီး Nikki Haley ကတော့ ပါတီတွင်းနောက်ထပ်ရွေးကောက်ပွဲတွေမှာ ထပ်မံယှဉ်ပြိုင်သွားမယ်လို့ ပြောထားပါတယ်။
တိုက်ခိုက်မှုအတွင်း အီရတ်နိုင်ငံက စစ်သွေးကြွအုပ်စုရဲ့ ဌာနချုပ်နဲ့ နိုင်ငံတကာ ရေကြောင်းသွားလာရေး လမ်းကြောင်းကို တိုက်ခိုက်မယ့် ယီမင်နိုင်ငံက မစ်ဇိုင်းဒုံးတွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း အမေရိကန် စစ်တပ်က သတင်းထုတ်ပြန်ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ်မှာ အင်္ဂါနေ့ကကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေမှာ ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဟောင်း Donald Trump က မဲအားလုံးရဲ့ ၅၂.၅ ရာခိုင်နှုန်း၊ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley က မဲအားလုံးရဲ့ ၄၆.၆ ရာနှုန်ကိုး ရရှိကြောင်း AP သတင်းဌာနက ကြေညာပါတယ်။
စီးပွားရေးတောင့်တင်းခိုင်မာမှုဆိုတဲ့ အကြောင်းအရာက မကြာခဏဆိုသလို အမေရိကန်ရဲ့ အထွေထွေရွေးကောက်ပွဲတွေနဲ့ နောက်တက်မယ့် သမ္မတတွေအပေါ်မှာ ကြီးမားတဲ့ အခန်းကဏ္ဍက နေရာယူလေ့ရှိပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့လာတဲ့ သတင်းကို ကိုစံကျော် ပြောပြပါမယ်။
တကယ်တန်း နိုင်ငံရေးခေါင်းဆောင် လုပ်လာတဲ့အချိန်ကျတော့ စာပေမှာထူးချွန်ရုံနဲ့ တခြားအလုပ်ကိစ္စတွေမှာ ထူးချွန်ရုံနဲ့လည်း မလွယ်လှဘူး။ နိုင်ငံရေးလောက-က တမျိုးလေ။ အခု နိုင်ငံရေးလောကကို ရောက်လာတဲ့အချိန်ကျတော့ သူ့မှာ အားနည်းချက်တွေ၊ ချွတ်ယွင်းချက်တွေ တွေ့လာရတယ်။ (ကိုမိုးချမ်း-အမေရိကန်နိုင်ငံရေးလ့လာနေသူ)
အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွတွေအကြား စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အရှေ့အလယ်ပိုင်း ဒေသအတွင်းမှာ ဆက်တိုက်ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေ၊ ရှုပ်ထွေးတဲ့ ကြေညာချက်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပေါ်ထွက်လာခဲ့ပါတယ်။
ကမ္ဘာမှာ အအောင်မြင်ဆုံး အနုပညာရှင်တဦးဖြစ်တဲ့ အမေရိကန် ပေါ့အဆိုတော် တေလာဆွိဖ်ဟာ ၂၀၂၄ iHeartRadio ဂီတဆုချီးမြှင့်ပွဲအတွက် ဆုနေရာ ၉ ခု အတွက် စကာတင် တစ်ကြိုရွေးချယ်ခံထားရပါတယ်။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ဟာ ရီပတ်ဘလစ်ကန်သမ္မတကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပြီး ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ Donal Trump ကို ထောက်ခံကြောင်း ကြေညာပါတယ်။
ရုရှားနဲ့ မဟာဗျုဟာ၊ နည်းဗျုဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်မံတိုးမြှင့်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ကန်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးလာနေတဲ့ ၂ နိုင်ငံကြား ညီညွှတ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ရုရှားသမ္မတ အလည်အပတ်လာနိုင်ခြေ ရှိတယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်
အမေရိကန်သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဇန်နဝါရီ ၁၉ ရက်၊ မနေ့က တယ်လီဖုန်းနဲ့ စကားပြောကြားခဲ့ပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဒေသတော်တော်များများမှာ အေးခဲတဲ့နှင်းမုန်တိုင်းဒဏ်ခံနေရပြီး ဆိုးဝါးတဲ့ရာသီဥတုကြောင့် သေဆုံးသူ ၅၅ ယောက် ထက်မနည်း ရှိနေပါပြီ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။