ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ မစ်ဇိုင်းဒုံးတွေဖြစ်တာကြောင့်ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအပေါ် ကြီးမားတဲ့ခြိမ်းခြောက်ရန်ကို ကာကွယ်လိုက်တာဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ်ကွပ်ကဲရေးဌာနချုပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာ နိုင်ငံတကာသင်္ဘောတွေကို ရက်သီတင်းပတ်တွေနဲ့ချီ တိုက်ခိုက်နေတဲ့ ယီမင်က ဟူသီအဖွဲ့ကို အထူးသတ်မှတ်ချက်အဆင့်ရှိ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပြန်လည် သတ်မှတ်လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် ထောက်ပံ့ရေးအပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ အသုံးစရိတ် သဘောတူညီချက်ရအောင် ညှိနှိုင်းဖို့ ထိပ်တန်း လွှတ်တော်ခေါင်းဆောင်လေးဦးအပါအဝင် တခြားလွှတ်တော်အမတ်တွေကို အမေရိကန်သမ္မတ Joe Biden က အိမ်ဖြူတော်ကိုလာဖို့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဖိတ်ကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲပြီးဆုံးသွားပြီးတဲ့နောက် ရှေ့သီတင်းပတ် ဂျူလိုင်လ ၂၃ ရက်နေ့ကျင်းပမယ့် နယူးဟမ့်ရှိုင်းယားပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ ရီပတ်ဘလစ်ကန် ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်တွေ အားခဲနေကြပါတယ်။
“ဒေါ်နယ်ထရန့်မှာ အဲလောက်ကြီးမားတဲ့ရာဇဝတ်မှုကြီးတွေကို ကျော်လွှားဖို့အတွက် သမ္မတရာထူးရမှပဲဖြစ်မယ့်အတွက် သူ့ဘက်ကလည်း ဗျူဟာကျကျ ထပ်ပြီးတော့စီစဉ်ပါတယ်ခင်ဗျ၊ ဒီနေရာမှာ အဆုံးအဖြတ်ကတော့ မဲပေးမယ့် သူတွေလို့ပဲ မြင်ပါတယ်ခင်ဗျ။” (ဒေါက်တာတင့်ဆွေ-နိုင်ငံရေးလေ့လာသုံးသပ်သူ)
အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ တနင်္လာနေ့ည ကျင်းပတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာ သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။
အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ ဆီးနှင်းတွေ ထူထူထပ်ထပ်ကျနေတဲ့ကြားက ကျင်းပတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ သမ္မတဟောင်း Donald Trump ပဲ အပြတ်အသတ်အနိုင်ရမယ်လို့ ကနဦးထွက်လာတဲ့ မဲစာရင်းကို အခြေခံတဲ့ လူထု စစ်တမ်းကောက်ခံရေး အဖွဲ့တွေရဲ့ ခန့်မှန်းချက်တွေမှာ ဖေါ်ပြပါတယ်။
အမေရိကန်နိုင်ငံအနှံ့မှာ အန္တရာယ်များလှတဲ့ ဆောင်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရပြီး၊ တချို့နေရာတွေမှာ ရေခဲမှတ်အောက် စံချိန်တင်အောင် အေးခဲနေပါတယ်။ ရာသီဥတုဆိုးရွားလွန်းတာကြောင့် အမေရိကန်ဘောလုံး ချန်ပီယံလုပွဲ NFL ပွဲစဉ်တွေနဲ့ ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်း ရွေးပွဲတွေကိုပါထိခိုက်မယ့် အလားအလာတွေ ရှိနေပါတယ်။
မေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ အသက်ဘေးတွေ့လောက်အောင်ပြင်းထန်တဲ့ နှင်းမုန်းတိုင်းကျပြီး သွားလာရေးအခြေအနေခက်ခဲဆိုးဝါးနေပေမဲ့လည်း Iowa Caucuses ခေါ် ပြည်နယ်အနေနဲ့ ပါတီတွင်း သမ္မတလောင်းအမည်စာရင်း တင်သွင်းပွဲတွေ ဒီနေ့ တနင်္လာနေ့ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
သိက္ခာတော်ရသင်းအုပ်ဆရာ ဒေါက်တာမာတင်လူသာ ကင်းဟာ အမေရိကန်တောင်ပိုင်း အလာဘားမားပြည်နယ်က နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက လူမျိုးရေး ခွဲခြားမှုတွေကို တိုက်ဖျက်ရာမှာ ခေါင်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဥတုရာသီဆိုင်ရာ အထူးသံတမန်မစ္စတာဂျွန်ကယ်ရီက မကြာခင် ရာထူးက နုတ်ထွက်တော့မှာဖြစ်ကြောင်း သူ့အစီအစဥ်ကို သိသူနှစ်ဦးက အေပီသတင်းဌာနကို ပြောပါတယ်။
အီရန်က ထောက်ခံမှုပေးထားတဲ့ ဟူသီသူပုန်တွေ အနေနဲ့ ပင်လယ်နီထဲမှာ ပုဂ္ဂလိက ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ လုပ်ရပ်အပေါ် တာဝန်ယူရမှာ ဖြစ်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ အီရန်ကို သီးသန့် သတင်းစကား ပေးပို့ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။