သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ကမ္ဘာ့စိန်ခေါ်ချက်တွေရှိပေမယ့် အင်ဒိုပစိဖိတ်ဒေသအလေးထား”ကန် နိုင်ငံခြားရေးဝန်ကြီး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီးနောက် အန်ကာရာလေဆိပ်မှာ သတင်းထောက်များနဲ့ စကားပြောနေစဥ်။ (နိုဝင်ယာ ၆၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီးနောက် အန်ကာရာလေဆိပ်မှာ သတင်းထောက်များနဲ့ စကားပြောနေစဥ်။ (နိုဝင်ယာ ၆၊ ၂၀၂၃)

အစ္စရေး-ဟားမတ်စ် ပဋိပက္ခအပါအဝင် ကမ္ဘာ့ စိန်ခေါ်ချက်တွေ ရှိနေပေမဲ့ အင်ဒိုပစိဖိတ်ဒေသကို အမေရိကန်က အဓိကထားပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကင်န် ဖီဒန် (Hakan Fidan) နဲ့ ၂ နာရီခွဲကြာ ဆွေးနွေးပြီးနောက် တူရကီနိုင်ငံရဲ့မြို့တော် အင်န်ကာရာလေဆိပ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောလိုက်တာပါ။

“ဂါဇာ အကြပ်အတည်းအပေါ် ကြီးကြီးမားမား အာရုံစိုက်ထားတာတောင်မှ အင်ဒိုပစိဖိတ်နဲ့ ကမ္ဘာ့ တခြားနေရာတွေက အမေရိကန်ရဲ့ အကျိုးစီးပွါးကို မြှင့်တင်မယ့် အရေးကြီးလုပ်ငန်းတွေမှာ ကျနော်တို့ တန်းတူ အာရုံစိုက်လုပ်ဆောင်နေပါတယ်” လို့ မစ္စတာ ဘလင်ကန် က ပြောပါတယ်။

G-7 ခေါ် စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကိုတက်ရောက်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို အင်္ဂါနေ့ မှာ မစ္စတာဘလင်ကန်ရောက်လာမှာပါ။ ဒီ အစည်းအဝေးမှာ မကြာမီက သူ သွားခဲ့တဲ့ အရှေ့အလယ်ပိုင်းခရီးစဥ်အကြောင်းကို ရှင်းလင်းတင်ပြဖို့ အစီအစဥ်ရှိတယ်လို့ သူက ဆိုပါတယ်။ ဂျပန်နိုင်ငံက G-7 အဖွဲ့ရဲ့ ဒီနှစ်သဘာပတိဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ Fumio Kishida နဲ့ နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါး Yoko Kamikawa တို့ နဲ့ မစ္စတာ ဘလင်ကန်တွေ့ဆုံတဲ့အခါ ဒေသတွင်းလုံခြုံရေးအပြင် ယူကရိန်း စီးပွါးရေး နာလန်ထူရေးနဲ့ စွမ်းအင်လိုအပ်ချက်တွေက အဓိက ဆွေးနွေးကြမယ့်အကြောင်းရပ်တွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG