သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ရွေးနိုင်ဖို့ မရေရာသေး 


လွတ်တော်အမတ် Steve Scalise
လွတ်တော်အမတ် Steve Scalise

အောက်လွတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရဖို့ သူ့ပါတီအတွင်းမှာတင် လုံလောက်တဲ့ မဲအရေအတွက် မရနိုင်တဲ့အတွက် လွတ်တော်အမတ် Steve Scalise ဟာ လွတ်တော်ဥက္ကဋ္ဌလောင်းအဖြစ်ကနေ ပြန်ရုပ်သိမ်းလိုက်ပါတယ်။ သူ့ဆုံးဖြတ်ချက်ကို မနေ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီတွင်း တံခါးပိတ် စည်းဝေးပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အောက်လွတ်တော်ဥက္ကဋ္ဌကိုယ်စားလှယ်လောင်းအဖြစ် ကျနော့်ကို ရွေးချယ်ထားတဲ့ အမည်စာရင်းကနေ ပြန်ရုပ်သိမ်းတဲ့အကြောင်း ကျနော့် လုပ်ဖော်ကိုင်ဘက်တွေကို အသိပေးခဲ့ပါတယ်” - လို့ တံခါးပိတ်စည်းဝေးပွဲအပြီး အပြင်ကို ထွက်လာတဲ့အချိန် လွတ်တော်အမတ် Scalise က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အောက်လွတ်တော်မှာ အမတ်နေရာအများစုဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီက လွတ်တော်ဥက္ကဋ္ဌရာထူးကို ရွေးချယ်ရမှာဖြစ်တဲ့အတွက် ပါတီဝင်တွေအချင်းချင်း ညီညွတ်ကြဖို့ လိုအပ်ပေမဲ့ အဲဒီလို ဖြစ်မနေဘူးလို့ Scalise က ပြောပါတယ်။

လွတ်တော်ဥက္ကဋ္ဌဟောင်း Kevin McCarthy ကို မဲခွဲ ဖယ်ရှားခဲ့ပြီးနောက် လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီအတွင်း သဘောထားကွဲပြားမှုနဲ့ အုပ်စုကွဲမှုတွေ ရှိနေပါတယ်။ လောလောဆယ် လွတ်တော်ဥက္ကဋ္ဌ လစ်လပ်နေတာမို့ လွတ်တော်ရဲ့လုပ်ငန်းတွေလည်း မလည်ပတ်နိုင် ဖြစ်နေပါတယ်။

အောက်လွှတ်တော်မှာ ဥက္ကဋ္ဌဟောင်း Kevin McCarthy ပြီးရင် ဒုတိယနေရာရှိတဲ့ Steve Scalise နဲ့ Ohio ပြည်နယ်လွှတ်တော်အမတ် Jim Jordan တို့ ၂ ယောက်ထဲက Steve Scalise ကို အောက်လွှတ်တော် ဥက္ကဋ္ဌလောင်းအဖြစ် ပါတီတွင်း ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမဲ့ အောက်လွှတ်တော်မှာ မဲခွဲရင် လိုအပ်တဲ့ ထောက်ခံမဲ ၂၁၇ မဲ မရနိုင်ဘူးဆိုတာ သေချာတဲ့အတွက် Steve Scalise က အခုလို အမည်စာရင်းကို ပြန်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG