နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ သီတင်းတပတ်ကြာ တောင်ကြီးမြို့ အဝေရာ ကွင်းမှာကျင်းပသွားမယ့် မီးပုံးပျံပွဲတော်မှာ ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနဲ့ နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမယ့်အကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းက ပြောပါတယ်။
"ပြည်သူဘက်ကကျဆုံးမှုအနေနဲ့က ကိုကျော်ဆန်း ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်ခင်ဗျ။ သူတို့က လက်ရှိ လျှပ်စစ်ရုံးရဲ့အရှေ့ဘက်မှာနေတာ သူ့အိမ်မှာ တည့်ကျပြီးတော့ သူကသေဆုံးတယ်။ သူ့မိန်းမက ခေါင်းထိခိုက်မှုဒဏ်ရာ ပြင်းပြင်းထန်ထန် နဲ့ ကုသမှုခံယူနေဆဲပေါ့။" (ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်)
ပြည်ပသွင်းကုန်အပေါ် ကန့်သတ်စိစစ်မှုတွေတိုးလာတာနဲ့အမျှ ကုန်ပစ္စည်းရှား၊ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေထိခိုက်လာပြီး နိုင်ငံခြားငွေဈေးတက်တာ၊ ကုန်သွယ်ရေး လျော့ကျတာနဲ့ ကုန်ကြမ်းရှားပါးတာကြောင့် လာမဲ့နှစ် မွေးမြူရေးအစာဈေးတွေတက်နေဦးမယ်လို့ လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းယူထားတဲ့ မိုးကုတ်မြို့ကို တနင်္လာနေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂၀ သေဆုံးပြီး ၁၃ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။
(၁၁၁၁) တစ်လေးလုံး စစ်ဆင်ရေး တနှစ်တာကာလအတွင်း ကယားပြည်နယ် ကရင်နီဒေသက မြို့ပေါင်း ၇ မြို့ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ ရှေ့တန်းတပ်စခန်း အားလုံးနီးပါးကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအား သတိပြုလိုက်နာဖို့ဗီဇာသက်တမ်းကျော်လွန်ရင် ဒဏ်ကြေးပေးရမယ့်အပြင် ပြည်ဝင်ခွင့်တွေပါပိတ်ခံရမယ်ဆိုပြီး မြန်မာသံရုံးက အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို တနိုင်တပိုင်တင်သွင်းနေတာတွေကို တနင်္လာနေ့ကစပြီး ခွင့်မပြုတော့ဘူးလို့ ယူနန်ပြည်နယ်၊ ရွှေလီမြို့ ပြည်သူ့အစိုးရဂိတ်ဆိုင်ရာ ရုံးခန်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
“နိုဝင်ဘာ ၁ဝ ရက်နေ့က ပစ်တာ၊ အတည်ပြုလို့ရတယ်။ စစ်ရဟတ်ယာဉ်ကမနေ့က လာခဲ့တယ်။ အဲဒီမှာ ၄ စီးရောက်တယ်။ ပထမဆုံးဆင်းတဲ့တစီးကို ပြန်တက်တဲ့အချိန်မှာ အာရက္ခတပ်တော်က ပစ်လိုက်တာ။ ဘယ်နေရာကို သွားထိလဲ ဆိုတော့ တောင်ပံကိုထိတာ။ အဲဒီမှာလေယာဉ်က ပြေးပေါက်ရှာပြီးတော့ တောင်ပေါ်ဘက်ကိုထိုး တက်တာ။" (ရခိုင်အရေးစောင့်ကြည့်သူ)
“ဆော့လော်၊ ချီဖွေ၊ ပန်ဝါဘက်က အခြေအနေကတော့ သိပ်ပြီးမှ အပြောင်းအလဲတွေ မရှိဘူး။ ဟိုးတရုတ်ပြည်နယ်စပ်အစွန်ဘက်က လန်ဆယ်ဆိုတဲ့ရွာတခုကိုတော့ ၁၀ ရက်နေ့မနက်ပိုင်းမှာ သိမ်းပြီးမှ အခုတော့ အဲဒီမှာ ကျနော်တို့နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ လုံခြုံရေးတွေ လုပ်နေတယ်။” (ဗိုလ်မှူးကြီးနော်ဘူ-KIA ပြန်ကြားရေးတာဝန်ခံ)
ရှမ်း ကယားနယ်စပ် ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် နှစ်နေရာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ် ဗုံးကြဲတိုက်ခိုက်လို့ နိုဝင်ဘာလ (၈) ရက်တရက်တည်းမှာပဲ အရပ်သား(၆)ဦးသေဆုံးပြီး တချို့ဒဏ်ရာပြင်းထန်ရခဲ့ကြတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။
NLD အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရာကနေ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၁ ရက်အကြာ နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတုအပတွေ လုပ်တာကို စီစစ်တွေ့ရှိရတဲ့အတွက်ဆိုပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းတာမျိုး၊ အမည်မည်းစာရင်း သွင်းတာမျိုးလုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်