ရန်ကုန်အင်းစိန် အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဓာတ်ပုံသတင်းထောက် ကျော်စွာထွန်းဟာ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာခဲ့ပါတယ်။ စစ်ကောင်စီက သူ့ကို ပုဒ်မ ၅၀၅ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာပြဿနာထပ်ပြီး ရှည်ကြာနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Jashim Uddin တို့ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။
ချင်းကာကွယ်ရေးတပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်စစ်ဆင်ရေး စတင်နေတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ကြား တိုက်ပွဲပိုပြီးပြင်းထန်လာနေတာ ၆ ရက်ရှိလာပါပြီ။ ဒီကနေ့မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ နေအိမ်မီးလောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေ လွန်ခဲ့တဲ့ ၇ နှစ်က ကြုံခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး အခုထက်ထိ ကြုံရနိုင်တဲ့အခြေအနေရှိနေဆဲဖြစ်တယ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးက ပြောကြားလိုက်ပါတယ်။
အိုးဘိုထောင်မှာအကျဉ်းကျခံနေရတဲ့ (NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ဟာ အစာအိမ်ရောဂါ အပြင်းအထန်ခံစားနေရလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ပြင်ပထွက်ပြီး ဆေးကုသမှုခံယူခဲ့ရသလို အိုးဘိုထောင်မှာပဲ အကျဉ်းကျခံနေရတဲ့ NLD မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်လည်း ကင်ဆာဝေဒနာခံစားနေရပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို အဓိက ကုန်စည်တင်ပို့နေတဲ့ လမ်းကြောင်းတွေကို ဒီလ ၁၂ ရက်နေ့က စတင်ပြီး စစ်ကောင်စီဘက်ကပိတ်လိုက်သလို ဒီလ ၁၃ ရက်နေ့မှာလည်း လားရှိုး- မိုင်းရယ်လမ်းကိုလည်း ထပ်ပိတ်လိုက်ပါတယ်။
ကချင်ပြည်နယ်မှာ အပစ်အခတ်တွေရပ်ပြီး အခုသီတင်းပတ်ထဲမှာ မြေရှားသတ္တုကို ပြန်ပြီး တင်သွင်း လို့ရအောင် မြန်မာဘက်က လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ တရုတ်ကညှိနှိုင်းနေတယ်လို့ တရုတ်အွန်လိုင်း သတင်းဆောင်းပါးတချို့မှာ ရေးသားထားပါတယ်။ တရုတ်က တနှစ်ကို မြေရှားသတ္တုတန်ချိန် ၄၀,၀၀၀ နီးပါး မြန်မာဆီကနေရနေတာ ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ထဲက ကျပ်ငွေ သုံးသောင်းပေးကြတဲ့ အယောက် ၆၀ ကျော်ကို ပြန်လွှတ်လိုက်ပြီး ကျန်တဲ့သူတွေကို စစ်ကောင်စီက ထိန်းသိမ်းထားဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။
အာရက္ခတပ်တော်A A ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ၈ခုကိုသိမ်းပိုက်ထားနိုင်ပြီလို့ AA ဘက်က ရခိုင်တကျော့ပြန်စစ်စတင်ခဲ့တဲ့ အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်နယ်ထရမ့်ရဲ့ လက်ထက် နိုင်ငံခြားရေး မူဝါဒတွေထဲမှာ နိုင်ငံရပ်ခြား အကူအညီတွေ လျှော့ချရေး ပါဝင်လာဖွယ်ရှိတယ် ဆိုပြီး လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ မြန်မာ့အရေး အကူအညီပေးရေး အတွက် စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ၂ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်မွေး တိရိစ္ဆာန်အများအပြား သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်အတွက် အဓိက ကုန်စည်တင်ပို့နေတဲ့လမ်းကြောင်းတွေကို စစ် ကောင်စီက ဒီရက်ပိုင်းမှာပဲ ဆက်တိုက်ဆိုသလို ပိတ်လိုက်ပါတယ်။ ရပ်စောက် - ကျောက်ဂူလမ်းကို မနေ့က ပိတ်လိုက်ပြီး ဒီကနေ့မှာတော့ တောင်ကြီး - လွိုင်လင်- လဲချားလမ်းကိုပါ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်