ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ ကုန်းလောရွာကို ဒီကနေ့ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဘုရားကျောင်းအတွင်းကျရောက်ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံးလူ ၈ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံတဦးက VOA ကို ပြောပါတယ်။
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း၊ မောင်တော၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ကို ထိုင်း မြန်မာနယ်စပ်မှာ စစ်သားနဲ့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ယောက်က အခုနှစ်ဆန်းက ညှဉ်းပမ်းရိုက်သတ်ခဲ့မှုအပေါ် ထိုင်းအစိုးရအနေနဲ့ အပြည့်အဝ စုံစမ်းပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားမဝင်ခိုးဝင်မှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ပြီး မြန်မာပြည်ဘက်ပြန်ပို့လိုက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၆ ဦးကို စစ်မှုထမ်းဖို့စစ်ကောင်စီက ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ပြည်ပကို နှစ်နိုင်ငံသဘောတူညီမှု အလုပ်သမားစာချုပ် ဒါမှမဟုတ် MoU စနစ်အောက်ကသွားတဲ့ အလုပ်သမားတွေအနေနဲ့ စစ်မှုထမ်းဖို့ လိုအပ်တယ်ဆိုရင် စာချုပ်သက်တမ်းပြည့်တာနဲ့ နေရပ်ပြန်လာပြီး စစ်မှုထမ်းရမယ်ဆိုတဲ့ သဘောတူညီမှုကို အလုပ်သမားစာချုပ်မှာ အသစ်ထပ်မံ ဖြည့်စွက်လိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သာမညဖလ အခါတော်နေ့မှာ မြန်မာနိုင်ငံတဝန်းက ဘုရားစေတီပုထိုးတွေမှာ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေသလို တန်ဆောင်တိုင်ပွဲတော်ကို ရန်ကုန်၊ မန္တလေး ရှမ်းပြည်နယ် တောင်ကြီးအပါအဝင် နေရာတချို့မှာ ကျင်းပကြပါတယ်။
တရုတ်နိုင်ငံ အပေါ် သဘောတင်းမာသူ China Hawk အဖြစ် ထင်ရှားသူ ရူဘီယိုဟာ မြန်မာ့အရေးကိုလည်း သိသူ ဖြစ်လို့ မြန်မာအရေး လှုံဆော်နေကြတဲ့ အမေရိကန်-မြန်မာ အသိုက်အဝန်းကတော့ ဒီ ရွေးချယ်မှုကို ကြိုဆိုလိုက်ပေမယ့် ထရမ့် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒါကိုတော့ မေးခွန်းထုတ်ကြပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့ကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက် မြောက်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ စစ်ကောင်စီတပ်တွေက လေကြောင်းက တိုက်ခိုက်သလို၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်အင်အား ထပ်ဖြည့်တင်းခဲ့ပြီး အခုအချိန်မှာတော့ မြို့ကို ထိန်းချုပ်ထားပါတယ်။
ရန်ကုန်အင်းစိန် အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဓာတ်ပုံသတင်းထောက် ကျော်စွာထွန်းဟာ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာခဲ့ပါတယ်။ စစ်ကောင်စီက သူ့ကို ပုဒ်မ ၅၀၅ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာပြဿနာထပ်ပြီး ရှည်ကြာနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Jashim Uddin တို့ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။
ချင်းကာကွယ်ရေးတပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်စစ်ဆင်ရေး စတင်နေတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ကြား တိုက်ပွဲပိုပြီးပြင်းထန်လာနေတာ ၆ ရက်ရှိလာပါပြီ။ ဒီကနေ့မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ နေအိမ်မီးလောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေ လွန်ခဲ့တဲ့ ၇ နှစ်က ကြုံခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး အခုထက်ထိ ကြုံရနိုင်တဲ့အခြေအနေရှိနေဆဲဖြစ်တယ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်