“နိုဝင်ဘာ ၁ဝ ရက်နေ့က ပစ်တာ၊ အတည်ပြုလို့ရတယ်။ စစ်ရဟတ်ယာဉ်ကမနေ့က လာခဲ့တယ်။ အဲဒီမှာ ၄ စီးရောက်တယ်။ ပထမဆုံးဆင်းတဲ့တစီးကို ပြန်တက်တဲ့အချိန်မှာ အာရက္ခတပ်တော်က ပစ်လိုက်တာ။ ဘယ်နေရာကို သွားထိလဲ ဆိုတော့ တောင်ပံကိုထိတာ။ အဲဒီမှာလေယာဉ်က ပြေးပေါက်ရှာပြီးတော့ တောင်ပေါ်ဘက်ကိုထိုး တက်တာ။" (ရခိုင်အရေးစောင့်ကြည့်သူ)
“ဆော့လော်၊ ချီဖွေ၊ ပန်ဝါဘက်က အခြေအနေကတော့ သိပ်ပြီးမှ အပြောင်းအလဲတွေ မရှိဘူး။ ဟိုးတရုတ်ပြည်နယ်စပ်အစွန်ဘက်က လန်ဆယ်ဆိုတဲ့ရွာတခုကိုတော့ ၁၀ ရက်နေ့မနက်ပိုင်းမှာ သိမ်းပြီးမှ အခုတော့ အဲဒီမှာ ကျနော်တို့နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ လုံခြုံရေးတွေ လုပ်နေတယ်။” (ဗိုလ်မှူးကြီးနော်ဘူ-KIA ပြန်ကြားရေးတာဝန်ခံ)
ရှမ်း ကယားနယ်စပ် ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် နှစ်နေရာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ် ဗုံးကြဲတိုက်ခိုက်လို့ နိုဝင်ဘာလ (၈) ရက်တရက်တည်းမှာပဲ အရပ်သား(၆)ဦးသေဆုံးပြီး တချို့ဒဏ်ရာပြင်းထန်ရခဲ့ကြတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။
NLD အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရာကနေ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၁ ရက်အကြာ နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတုအပတွေ လုပ်တာကို စီစစ်တွေ့ရှိရတဲ့အတွက်ဆိုပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းတာမျိုး၊ အမည်မည်းစာရင်း သွင်းတာမျိုးလုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
NUG (တောင်ကိုရီးယား)ကိုယ်စားလှယ်ရုံးကနေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက်၊ တရားမဝင် တံဆိပ်တုံးအတုအပတွေ လုပ်တာကို စိစစ်တွေ့ရှိရင် နိုင်ငံကူးလက်မှတ် ဖျက်သိမ်းတာမျိုး၊ အမည်မည်းစာရင်းသွင်းတာမျိုးလုပ်သွားမယ်လို့ ဆိုလ်းမြို့ စစ်ကောင်စီ မြန်မာသံရုံးက ကြေငြာပါတယ်။
အခုအခါမှာတော့ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ မြန်မာနိုင်ငံသားတွေအတွက်ဆိုပြီး ကြေငြာချက်ထုတ်ပြန်ရာမှာ တရားမဝင် တံဆိပ်တုံး အတုအပတွေလုပ်ရင် နိုင်ငံကူးလက်မှတ်ဖျက်သိမ်းတာ အမည်မည်းစာရင်း သွင်းတာ လုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက် ရက်စွဲနဲ့ ကြေငြာခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ တရုတ် ဝင်ရောက်ပါဝင်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိန်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီနေ့ လန်ဒန်မြို့တော်နဲ့ မန်ချက်စတာမြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ မဟာမိတ်နိုင်ငံရေး အင်အားစုတွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ တခုကို ဒီသီတင်းပတ်ထဲ ဖိတ်ကြားခဲ့ကြောင်း နီးစပ်သူတွေကို ကိုးကားပြီး အိန္ဒိယလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ ၂၀၂၀ ရွေးကောက်ပွဲ အပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်က လာမယ့် ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို တရားမဝင်ဘူးဆိုပြီး ကန့်ကွက်ထားပါတယ်။
ဒီဗျူဟာစခန်း မကျရေးအတွက် စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ခုခံနေသလို တပ်မိသားစုတွေကို အပြင်ထွက်ခွင့်မပေးပဲ ဒိုင်းကာလို အသုံးပြုထားတယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်