စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်အတွက် အဓိက ကုန်စည်တင်ပို့နေတဲ့လမ်းကြောင်းတွေကို စစ် ကောင်စီက ဒီရက်ပိုင်းမှာပဲ ဆက်တိုက်ဆိုသလို ပိတ်လိုက်ပါတယ်။ ရပ်စောက် - ကျောက်ဂူလမ်းကို မနေ့က ပိတ်လိုက်ပြီး ဒီကနေ့မှာတော့ တောင်ကြီး - လွိုင်လင်- လဲချားလမ်းကိုပါ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရတာ ၂ နှစ်နီးပါးရှိလာတာကြောင့် မိသားစုနဲ့ ရှေ့နေတွေက စိုးရိမ်နေကြပြီး ကျန်းမာရေးယိုယွင်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေတာရော၊ ရင်ဆိုင်နေရတဲ့အမှုတွေအတွက်ပါ ရှေ့နေတွေက တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်း နေကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက တွေ့ဆုံ ဆွေးနွေးမှုဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ Hat Yai ခရိုင်ထဲမှာ မလေးရှားနိုင်ငံကိုအလုပ်သွားလုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ကို ထိုင်းရဲတွေက မနေ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ချင်းကာကွယ်ရေးတပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood)ရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) နိုဝင်ဘာဆန်းက စတင်လိုက်ပြီဖြစ်ပြီး မင်းတပ်မြို့နဲ့ ဖလမ်းမြို့က စစ်ကောင်စီတပ်ရဲ့ မြို့ပေါ် စစ်စခန်းတွေကို တပြိုင်နက်တည်း စတင်တိုက်ခိုက်နေကြပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ မြို့မဈေးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရကြောင်း TNLA တအာင်းတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးနဲ့ မြိတ်မြို့မှာ အခုလထဲ ဝမ်းပျက်ဝမ်းလျှော အဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြင်းထန်တဲ့ အခြေအနေမဟုတ်ပေမယ့် အစားအသောက်ကနေတဆင့် အဖြစ်များနေကြလို့ ရာသီအကူးအပြောင်းမှာ သတိပြုကြဖို့ကိုလည်း ပရဟိတဆောင်ရွက်သူတွေက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းကKNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA /PDF အပါအဝင် ပူးပေါင်းတပ်တွေက တိုက်ခိုက် နေသလို ကူးဆိပ်တံတားလုံခြုံရေးစခန်းကိုတော့ နိုဝင်ဘာလက ၉ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
“ ခြုံပြီးတော့ ပြောရရင်တော့ စစ်ဘက်ဆိုင်ရာ မျော်မှန်းချက် တော်တော်ခရီးရောက်တယ်လို့ပြောရမယ်။ တဘက်မှာကျနော်တို့ စစ်ပွဲတွေဆိုတာတော့ အများအားဖြင့် ပြည်သူတွေ ဒုက္ခရောက်တာပေါ့၊ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်တယ်၊ ပြည်သူတွေ စားဝတ်နေရေးခက်ခဲတယ်။ စစ်ဘေး ဒုက္ခသည်တွေများတယ်။ ..."
နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ သီတင်းတပတ်ကြာ တောင်ကြီးမြို့ အဝေရာ ကွင်းမှာကျင်းပသွားမယ့် မီးပုံးပျံပွဲတော်မှာ ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနဲ့ နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမယ့်အကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းက ပြောပါတယ်။
"ပြည်သူဘက်ကကျဆုံးမှုအနေနဲ့က ကိုကျော်ဆန်း ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်ခင်ဗျ။ သူတို့က လက်ရှိ လျှပ်စစ်ရုံးရဲ့အရှေ့ဘက်မှာနေတာ သူ့အိမ်မှာ တည့်ကျပြီးတော့ သူကသေဆုံးတယ်။ သူ့မိန်းမက ခေါင်းထိခိုက်မှုဒဏ်ရာ ပြင်းပြင်းထန်ထန် နဲ့ ကုသမှုခံယူနေဆဲပေါ့။" (ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်)
ပြည်ပသွင်းကုန်အပေါ် ကန့်သတ်စိစစ်မှုတွေတိုးလာတာနဲ့အမျှ ကုန်ပစ္စည်းရှား၊ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေထိခိုက်လာပြီး နိုင်ငံခြားငွေဈေးတက်တာ၊ ကုန်သွယ်ရေး လျော့ကျတာနဲ့ ကုန်ကြမ်းရှားပါးတာကြောင့် လာမဲ့နှစ် မွေးမြူရေးအစာဈေးတွေတက်နေဦးမယ်လို့ လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်