တရုတ်အစိုးရက မြန်မာ့အရေး ထဲထဲဝင်ဝင် စွက်ဖက်နေတဲ့အပေါ်မှာ နိုင်ငံတကာလှုပ်ရှားမှုကြီး ဖော်ဆောင်ကာ တုံ့ပြန်သွားရေး မဟာဗျူဟာတရပ် ချမှတ်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ပြောပါတယ်။ ခင်မောင်စိုးမင်းက သတင်းပေးပို့ ထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ Gen Z မြန်မာလူငယ်တွေအကြောင်း ဒါရိုက်တာ Dylan Chow ရိုက်ကူးထားတဲ့ Zoomers ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ စနေနေ့က ပြသခဲ့ပါတယ်။ အဲဒီရုပ်ရှင်ပြပွဲကိုရောက်နေတဲ့ VOA ဝိုင်းတော်သူ မခင်ဖြူထွေးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ရဲ့ အခု သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်အစိုးရသစ်အဖြစ် တာဝန် ထမ်းဆောင်ရတော့မယ့် ရွေးချယ်ခံ သမ္မတသစ် ဒေါ်နယ်ထရန့် အစိုးရကို ဘယ်လို ချည်းကပ်ဖို့ ဆောင်ရွက်သင့်သလဲ ဆိုတာကို ပြောဆိုကြပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက ကုန်းလောရွာအပေါ် စစ်တပ်က နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့တုန်းက လေကြောင်းကနေ ဗုံးကြဲခဲ့မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ အသုဘအခမ်းအနားကို ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကလို့ ယူဆရတဲ့ ရိုဟင်ဂျာ ၇၀ ကို နိုင်ငံတောင်ပိုင်းက ကျွန်းတခုပေါ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။ ထိန်းသိမ်းခံရသူတွေထဲ ကလေးငယ် ၃၀ လည်း ပါဝင်တယ်လို့ ပြောပါတယ်။
သာမန်ထက် ပိုပြီး ထူးခြား ကြီးမား တောက်ပတဲ့ Supermoon လဝန်းကြီးကို မြန်မာ အပါအဝင် ကမ္ဘာတဝန်းမှာ နိုဝင်ဘာလ ၁၅ ရက် သောကြာနေ့ ညက တွေ့မြင်ခဲ့ကြရပြီး ဒီနှစ်အတွက် နောက်ဆုံးအကြိမ်မြင်ရတဲ့ supermoon ပဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ ကုန်းလောရွာကို ဒီကနေ့ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဘုရားကျောင်းအတွင်းကျရောက်ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံးလူ ၈ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံတဦးက VOA ကို ပြောပါတယ်။
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း၊ မောင်တော၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ကို ထိုင်း မြန်မာနယ်စပ်မှာ စစ်သားနဲ့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ယောက်က အခုနှစ်ဆန်းက ညှဉ်းပမ်းရိုက်သတ်ခဲ့မှုအပေါ် ထိုင်းအစိုးရအနေနဲ့ အပြည့်အဝ စုံစမ်းပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားမဝင်ခိုးဝင်မှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ပြီး မြန်မာပြည်ဘက်ပြန်ပို့လိုက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၆ ဦးကို စစ်မှုထမ်းဖို့စစ်ကောင်စီက ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ပြည်ပကို နှစ်နိုင်ငံသဘောတူညီမှု အလုပ်သမားစာချုပ် ဒါမှမဟုတ် MoU စနစ်အောက်ကသွားတဲ့ အလုပ်သမားတွေအနေနဲ့ စစ်မှုထမ်းဖို့ လိုအပ်တယ်ဆိုရင် စာချုပ်သက်တမ်းပြည့်တာနဲ့ နေရပ်ပြန်လာပြီး စစ်မှုထမ်းရမယ်ဆိုတဲ့ သဘောတူညီမှုကို အလုပ်သမားစာချုပ်မှာ အသစ်ထပ်မံ ဖြည့်စွက်လိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သာမညဖလ အခါတော်နေ့မှာ မြန်မာနိုင်ငံတဝန်းက ဘုရားစေတီပုထိုးတွေမှာ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေသလို တန်ဆောင်တိုင်ပွဲတော်ကို ရန်ကုန်၊ မန္တလေး ရှမ်းပြည်နယ် တောင်ကြီးအပါအဝင် နေရာတချို့မှာ ကျင်းပကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်