အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးလ မှာ Donald Trump နဲ့ Kamala Harris တို့ ၂ ဦးလုံးဟာ အနည်းငယ်ပဲ ကျန်တော့တဲ့ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို မဲလာပေးဖို့ ကြိုးစားစည်းရုံးနေပါတယ်။ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေအကြောင်း Scott Stearns က သတင်းပေးပို့ထားတာပါ။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ဆိုက်ဘာသူလျှိုလုပ်ငန်းတွေလုပ်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေကို ဆိုက်ဘာတိုက်ခိုက်ဖို့ ရုရှား၊ တရုတ်နဲ့အီရန်တို့ဟာ အင်တာနက် ဆိုက်ဘာရာဇဝတ်သားတွေနဲ့ တွဲဖက်လုပ်ဆောင်တာကို ချဲ့နေကြတယ်လို့ မိုက္ကရိုဆော့ဖ်ကုမ္ပဏီကြီးက ပြောပါတယ်။
အီရန်နိုင်ငံရဲ့ နျူကလီယာနဲ့ ရေနံဆိုင်ရာနေရာတွေကိုမတိုက်ဘူးလို့ အစ္စရေးဆီက အာမခံချက် ရရှိတယ်လို့ အမေရိကန်အစိုးရကယုံကြည်ကြောင်း အမည်မဖော်လိုသူ အရာရှိကြီး ၂ ယောက်က အေပီသတင်းဌာနကို အင်္ဂါနေ့က ပြောကြပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ကတိက အသေမဟုတ်ဘဲ အခြေအနေပြောင်းသွားတာနဲ့ပြောင်းနိုင်ကြောင်း သူတို့က သတိပေးပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ဖလော်ရီဒါပြည်နယ်က Milton ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်ခဲ့ရာ ဒေသကို တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။ ဒေသခံတွေ လျှပ်စစ်စွမ်းအင် ပိုမို ရရှိရေးအတွက် ရန်ပုံငွေ ဒေါ်လာ ဘီလျံဝက်ကျော် ချမှတ်ပေးမယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဥပဒေတွေ ချမှတ်ကျင့်သုံးတဲ့အခါ ဘာသာရေးကို အခြေခံ ပြဋ္ဌာန်းရမယ်လို့ ယုံကြည်တဲ့ မဲဆန္ဒရှင်တွေ အခိုင်အမာ ရှိပါတယ်။ သူတို့ အမြင် အယူအဆတွေဟာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီ လစ်ဘရယ် ပြောင်းလဲရေးအမြင်ရှိသူတွေနဲ့ ကွန်ဆာဗေးတစ် သမရိုးကျအမြင်ရှိသူတွေကြား ကွဲလွဲနေပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ သမ္မတဟောင်း Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးပွဲအနီး သေနတ်တွေ၊ ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးမိတဲ့သူကို လက်နက်မှုနဲ့ အရေးယူလိုက်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် ဆုံးဖြတ်မယ့် နေရာ မှာ ဝစ်ကွန်ဆင်ပြည်နယ်က ခရိုင်တခုဟာ အလွန် အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မဲဆန္ဒရှင်တွေကို ကိုယ့်ဘက် ပါလာအောင် ဆွဲဆောင်တာတွေကလည်း ပြင်းထန်လာတဲ့အကြောင်း ကိုငြိမ်းချမ်းတင်ပြထားပါတယ်။
ဖလော်ရီဒါပြည်နယ်က ဟာရီကိန်းမုန်တိုင်းဒဏ်ခံလိုက်ရတဲ့နေရာတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်န်က တနင်္ဂနွေနေ့မှာ လှည့်လည်ကြည့်ရှုခဲ့ပြီး မုန်တိုင်းနှစ်ခုဒဏ် ရှေ့ဆင့်နောက်ဆင့် ခံလိုက်ရတဲ့ဒေသတွေအတွက် ဖက်ဒရယ်အစိုးရက ဒေါ်လာသန်းပေါင်း ၆၁၂ သန်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။
အစ္စရေးမှာ အမေရိကန်တပ်သားတွေချမထားဖို့ အီရန်ကသတိပေးနေပေမယ့် အမေရိကန်က အစ္စရေးအတွက် THAAD လို့ခေါ်တဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးခွင်းဒုံးစနစ်နဲ့ တပ်သားတွေကို စေလွှတ်မှာ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က စနေနေ့မှာ ပြောပါတယ်။
အင်အားပြင်း ဟာရီကိန်းမုန်တိုင်း ၂ ခု ဆက်တိုက် ဝင်ရောက်ခဲ့တဲ့ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်အတွက် ကပ်ဘေးအန္တရာယ် အရေးပေါ်ရန်ပုံတွေ ထပ်မံအတည်ပြုဖို့လည်း ကွန်ဂရက်လွှတ်တော်ကို သမ္မတက တိုက်တွန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် သမ္မတအိမ်ဖြူတော်ဝန်းရဲ့ တောင်ဘက်ခြမ်း မြက်ခင်းပြင်နဲ့ ပန်းဥယျာဉ်ကို အခု စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ အများပြည်သူ ဝင်ကြည်နိုင်အောင် ဖွင့်ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ထဲ ဗုဒ္ဓဟူးနေ့ညက ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Milton ကြောင့် သေဆုံးသူဦးရေ ၁၄ ယောက်ထက်မနည်း ရှိနေပါတယ်။ ဟာရီကိန်းမုန်တိုင်းနဲ့အတူ လေဆင်နှာမောင်းတွေပါ တိုက်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု ပမာဏတွေကို သက်ဆိုင်ရာက ဆန်းစစ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။