ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါနဲ့ ဂျော်ဂျီယာပြည်နယ်တွေကို သမ္မတ ဂျိုးဘိုင်ဒန် ဒီကနေ့ ကိုယ်တိုင် သွားရောက်ပြီး သဘာဝဘေး အန္တရာယ် တုံ့ပြန်ကိုင်တွယ်ရာမှာ ပါဝင်နေတဲ့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့ညက ကျင်းပခဲ့တဲ့ Democratic ပါတီ ဒုသမ္မတလောင်း Tim Walz နဲ့ Republican ပါတီ ဒုသမ္မတလောင်း J.D. Vance တို့ရဲ့ စကားစစ်ထိုးပွဲနဲ့ သုံးသပ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ Donald Trump နဲ့ Kamala Harris တို့ကြား လဝက နဲ့ပတ်သက်လို့ ချဥ်းကပ်ပုံမတူကြသလို သမ္မတဖြစ်လာသူအပေါ် မူတည်ပြီး ပုံစံမတူတဲ့တင်းကျပ်မှုတွေကြုံလာရနိုင်ကြောင်း အမေရိကားမှာ အခြေချလိုသူမြန်မာတွေအတွက် ဥပဒေ ထောက်ကူအဖွဲ့ USIRD ကို ဦးဆောင်တည်ထောင်သူ ကိုရဲရင့်မြင့်မိုရ်ကပြောပါတယ်။
အမေရိကန်ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz နဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance တို့ရဲ့ စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။
မုန်တိုင်းကြောင့် ပိတ်မိနေသူတွေ ရှိရာ အကူအညီတွေ အရောက်ပို့ဆောင်တာ၊ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း ဆက်သွယ်ရေးတွေ ပြန်ရအောင် အရေးပေါ် လုပ်သားတွေ မနားတမ်း ဆက်လက် လုပ်ကိုင်နေကြချိန်မှာပဲ မုန်တိုင်းသင့် ဒေသတွေအတွက် အကောင်းဆုံး ကူညီ ဆောင်ရွက်ပေးနေပါတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့တာပါ။
လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ဒုသမ္မတနေရာအတွက် ယှဥ်ပြိုင်ကြမယ့် ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း JD Vance နဲ့ ဒီမိုကရက် ဒုသမ္မတလောင်း Tim Walz တို့ ဒီကနေ့ အင်္ဂါနေ့မှာ ပထမဆုံးနဲ့ တကြိမ်တည်းသော စကား စစ်ထိုးပွဲမှာ ဆုံတွေ့ကြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းမှာ လုံခြုံရေးတိုးမြှင့်ပြီး လိုအပ်ရင်အစ္စရေးကိုကာကွယ်ဖို့ ထောင်ဂဏန်း အနည်းငယ်ခန့် တပ်ဖွဲ့ဝင်တွေကို ထပ်မံပို့ပေးမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောပါတယ်။
ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ဒုသမ္မတလောင်းတွေဟာ မနက်ဖြန်ည ကျင်းပမယ့် စကားစစ်ထိုးပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။ CBS သတင်းဌာနက ကမကထ ပြုလုပ်ကျင်းပတဲ့ စကားစစ်ထိုးပွဲအတွင်း ဒုသမ္မတလောင်းတွေဟာ သူတို့ရဲ့ မူဝါဒတွေ အဓိကထား ဆွေးနွေးကြမယ်လို့ခန့်မှန်းထားပါတယ်။
ဆယ်စုနှစ် တခုအတွင်း ရေဘေးဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ လမ်းတွေ၊ တံတားတွေပျက်စီးပြီး အဆက်အသွယ်တွေ ပြတ်တောက်နေသလို၊ သေဆုံးသူတွေ တိုးလာနိုင်တယ်လို့လည်း ဒေသခံတာဝန်ရှိသူတွေက ခန့်မှန်းနေကြပါတယ်။
မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ ကျင်းပမယ့် ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ အရေးပါမှုနဲ့ ပတ်သက်လို့ မြန်မာနွယ်ဖွား အမေရိကန်တွေကြားမှာ အမြင်သဘောထားတွေ မတူညီကြပါဘူး။ သမ္မတလောင်း စကားစစ်ထိုးပွဲတွေကို ကမကထလုပ်တဲ့ သတင်းဌာနတွေ မျှတမှုရှိရဲ့လား မေးခွန်းထုတ်တာတွေနဲ့ ကွဲလွဲချက်တွေလည်း ရှိနေပါတယ်။
ဟက်ဇ်ဘိုလာခေါင်းဆောင် အစ္စရေးလက်ချက်နဲ့ သေဆုံးရပြီး စိုးရိမ်စရာတွေတိုးလာနေချိန် အမေရိကန်တပ်ဖွဲ့တွေ အရှေ့အလယ်ပိုင်းမှာ လိုအပ်သလိုချထားဖို့ သမ္မတဘိုင်ဒန်ညွှန်ကြားပြီးနောက် အမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းမှာ လေကြောင်းအထောက်အကူပြု စွမ်းရည်တိုးမြှင့်နေပြီး တပ်ဖြန့်ဖို့ ပြင်ထားတယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။