အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီနေ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လက်ဘနွန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံပါတယ်။ လက်ဘနွန်နိုင်ငံအတွင်းက ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းပေးဖို့ လက်ဘနွန်အစိုးရကို အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတာပါ။
အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးလုပ်ဆောင်မှုအဖြစ်နဲ့ AI ဉာဏ်ရည်တုနည်းပညာကို ခုထက် ပိုပြီး အလျင်အမြန်အသုံးပြုဖို့ အမေရိကန် ထောက်လှမ်းရေးဌာနတွေကရော ပင်တဂွန် စစ်ဌာနချုပ် ကပါ ညွှန်ကြားချက်အသစ်တွေ ထုတ်ပြန်ကြပါတယ်။
မြောက်ကိုရီးယားက တပ်သား ၃,၀၀၀ ရုရှားကို စေလွှတ်ထားတယ်လို့ အမေရိကန်ရဲ့ ပြောကြားချက်ကို ရုရှားသမ္မတ Vladimir Putin က မငြင်းပါဘူး။ ဒါပေမယ့် ဒီတပ်သားတွေကို ယူကရိန်းစစ်မြေပြင်ကို စေလွှတ်ဖို့အပါအဝင် ဘယ်လို တာဝန်ချမယ်ဆိုတာကိုတော့ ရုရှားအစိုးရကဆုံးဖြတ်မှာဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။
ဂါဇာနဲ့လက်ဘနွန်မှာဖြစ်နေတဲ့ပဋိပက္ခတွေ အဆုံးသတ်စေဖို့ကြိုးစားတဲ့အနေနဲ့ ရက်ပိုင်းအတွင်း ညှိနှိုင်းရေးမှူးတွေ တွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့မှာ ပြောလိုက်ပြီး ပါလက်စတိုင်းပြည်သူတွေအတွက် နောက်ထပ် ဒေါ်လာ ၁၃၅ သန်း အကူအညီပေးမှာဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာဒေသနဲ့ လက်ဘနွန် ပဋိပက္ခတွေကို ဆွေးနွေးဖို့အတွက် အရှေ့အလယ်ပိုင်း ဒေသကိုသွားရောက်နေပြီး ဒီနေ့မှာတော့ ကာတာနိုင်ငံကို အုပ်ချုပ်နေတဲ့ စော်ဘွား Sheikh bin Hamad Al Thani နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဗြိတိန်အာဏာရ လေဘာပါတီက ပြောင်ပြောင်တင်းတင်း စွက်ဖက်နေကြောင်း ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ရဲ့ စည်းရုံးရေးအဖွဲ့ရဲ့ စွပ်စွဲချက်ကို ဝန်ကြီးချုပ် Keir Starmer က ပုံမှန်လုပ်ရိုးလုပ်စဉ် စေတနာ့ဝန်ထမ်း ကူညီမှုအဖြစ် တုံ့ပြန်လိုက်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန် ရွေးကောက်ပွဲကို အကြောင်းပြပြီး နိုင်ငံရေးအရ ကွဲလွဲချက်တွေနဲ့ အမုန်းတရားတွေ ပိုကြီးထွားအောင်၊ အကြမ်းဖက်မှုတွေ ပေါ်လာအောင် ရန်ဖက် နိုင်ငံတွေက တိုးလုပ်လာနေတဲ့အကြောင်း အမေရိကန် ထောက်လှမ်းရေးဌာနက သတိပေးနေပါတယ်။
အီရန်အပေါ် တုံ့ပြန် တိုက်ခိုက်ဖို့အတွက် အစ္စရေးက ပြင်ဆင်နေပုံကို ဖော်ပြထားတဲ့ အဆင့်မြင့် လျှို့ဝှက် ထောက်လှမ်းရေးစာရွက်စာတမ်းတွေ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI က အင်္ဂါနေ့က ပြောပါတယ်။
ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar သေဆုံးသွားတာကိုအကြောင်းပြုပြီး ဂါဇာမှာ ဟာမတ်စ်နဲ့ ဖြစ်နေတဲ့စစ်ကို အဆုံးသတ်၊ ဓားစာခံတွေ လွတ်အောင်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဂါဇာနဲ့လက်ဘနွန် စစ်ပွဲပဋိပက္ခလျှော့ချရေး ဆွေးနွေးဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားလေ့ရှိတဲ့ သေနတ်ပစ်ခတ်မှုတွေကို နောင်တက်လာမယ့် သမ္မတအနေနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာ သေနတ်ပိုင်ရှင်တွေနဲ့ သေနတ်ပစ်ခတ်မှုမှာ သားကောင်ဖြစ်ခဲ့ရသူတွေအကြား အလွန်ကွဲပြားတဲ့ အမြင်မျိုးရှိကြပါတယ်။ Vernoica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ အလိုမှာပဲ သမ္မတဟောင်း Donald Trump က အတွင်းရန်သူတွေ ရှိနေတာကို ဖြေရှင်းရမယ်ဆိုပြီး တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့တာကြောင့် ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။