ဒီနေ့ အင်္ဂါနေ့အစောပိုင်း အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အနောက်ဘက် ကမ်းရိုးတန်းတလျှောက် ဟာရီကိန်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ် လောက်ကပဲ ဖလော်ရီဒါကို Helene မုန်တိုင်းဝင်ရောက်ခဲ့ပြီး အခု အင်အားပြင်း အဆင့်၅ သတ်မှတ်ထားတဲ့ Milton ဟာရီကိန်းမုန်တိုင်းဆက်ပြီးဝင်ဖို့ရှိတာပါ။
အိန္ဒိယအနွယ် အမျိုးသမီးတဦးဖြစ်တဲ့ အမေရိကန် လက်ရှိ ဒုတိယ သမ္မတ Kamala Harris ကို ဒီမိုကရက်ပါတီ သမ္မလောင်းအဖြစ် ၀င်ရောက်ယှဥ်ပြိုင်ဖို့ ရွေးချယ်လိုက်တဲ့အပေါ်မှာ အိန္ဒိယနိုင်ငံမှာ အမြင်သဘောထားအမျိုးမျိုးရှိကြပါတယ်။
တရုတ်နိုင်ငံအပေါ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒဟာ Doanld Trump အစိုးရလက်ထက်ကနေ Joe Biden အစိုးအထိ တသမတ်တည်း ဖြစ်ပါတယ်။ သမ္မတ နှစ်ဦးလုံးက တရုတ်ကို အမေရိကန် ရဲ့ အကြီးဆုံးပြိုင်ဘက် အဖြစ်မြင်ထားတာပါ။
အမေရိကန် Michigan ပြည်ဖွား Stephen Jomes Hubbard ဟာ တလကို ဒေါ်လာ (၁,၀၀၀) နဲ့ ယူကရိန်းအရှေ့ပိုင်းမှာ နယ်မြေကာကွယ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းမှုနဲ့ ရု ရှားတရားရုံးတခုက အသက် (၇၂) နှစ်အရွယ် အမေရိကန်နိုင်ငံသားတဦးကို ယူကရိန်းမှာ ကြေးစားစစ်မှုထမ်းဆောင်မှုနဲ့ ထောင်ဒဏ် (၆) နှစ်နဲ့ (၁၀) လ ချမှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာဟာမတ်စ် ရံပုံငွေကွန်ယက်ကို ပါလက်စတိုင်း စစ်သွေးကြွ တွေအတွက် ပြည်ပရံပုံငွေရှာဖွေရေးမှာ အဓိက အခန်းကဏ္ဍကပါဝင်နေတယ်လို့စွပ်စွဲပြီး တနင်္လာနေ့က ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ ဒါဟာ ဂါဇာစစ်ပွဲနှစ်ပတ်လည်အတွက် လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။
ဟာရီကိန်း Milton ဟာ ဒီနေ့တနင်္လာနေ့ အစောပိုင်းမှာ မက္ကဆီကိုပင်လယ်ကွေ့တောင်ပိုင်းကိုဖြတ်ပြီး၊ အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေရာမှာ အင်အားပိုကောင်းလာနိုင်တယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလထဲ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အမေရိကားကို ရွှေ့ပြောင်းအခြေချ နေထိုင်လာသူတွေထဲ မဲပေးခွင့်ရှိသူဦးရေ ၂၄ သန်းနီးပါး ရှိတယ်လို့ Pew သုတေသနအဖွဲ့ရဲ့ လေ့လာချက် စစ်တမ်းက ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဒီလို လူတွေရဲ့ မဲတွေကလည်း လာမယ့်ရွေးကောက်ပွဲအတွက် အရေးပါပါတယ်။
ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါနဲ့ ဂျော်ဂျီယာပြည်နယ်တွေကို သမ္မတ ဂျိုးဘိုင်ဒန် ဒီကနေ့ ကိုယ်တိုင် သွားရောက်ပြီး သဘာဝဘေး အန္တရာယ် တုံ့ပြန်ကိုင်တွယ်ရာမှာ ပါဝင်နေတဲ့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့ညက ကျင်းပခဲ့တဲ့ Democratic ပါတီ ဒုသမ္မတလောင်း Tim Walz နဲ့ Republican ပါတီ ဒုသမ္မတလောင်း J.D. Vance တို့ရဲ့ စကားစစ်ထိုးပွဲနဲ့ သုံးသပ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ Donald Trump နဲ့ Kamala Harris တို့ကြား လဝက နဲ့ပတ်သက်လို့ ချဥ်းကပ်ပုံမတူကြသလို သမ္မတဖြစ်လာသူအပေါ် မူတည်ပြီး ပုံစံမတူတဲ့တင်းကျပ်မှုတွေကြုံလာရနိုင်ကြောင်း အမေရိကားမှာ အခြေချလိုသူမြန်မာတွေအတွက် ဥပဒေ ထောက်ကူအဖွဲ့ USIRD ကို ဦးဆောင်တည်ထောင်သူ ကိုရဲရင့်မြင့်မိုရ်ကပြောပါတယ်။
အမေရိကန်ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz နဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance တို့ရဲ့ စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။
မုန်တိုင်းကြောင့် ပိတ်မိနေသူတွေ ရှိရာ အကူအညီတွေ အရောက်ပို့ဆောင်တာ၊ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း ဆက်သွယ်ရေးတွေ ပြန်ရအောင် အရေးပေါ် လုပ်သားတွေ မနားတမ်း ဆက်လက် လုပ်ကိုင်နေကြချိန်မှာပဲ မုန်တိုင်းသင့် ဒေသတွေအတွက် အကောင်းဆုံး ကူညီ ဆောင်ရွက်ပေးနေပါတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။