သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများပြည်သူ ဝင်ကြည့်နိုင်မယ့် အိမ်ဖြူတော် ပန်းဥယျာဉ်


 အိမ်ဖြူတော် ပန်းဥယျာဉ်
အိမ်ဖြူတော် ပန်းဥယျာဉ်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် သမ္မတအိမ်ဖြူတော်ဝန်းရဲ့ တောင်ဘက်ခြမ်း မြက်ခင်းပြင်နဲ့ ပန်းဥယျာဉ်ကို အခု စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ အများပြည်သူ ဝင်ကြည်နိုင်အောင် ဖွင့်ပေးထားပါတယ်။ ၁၉၇၂ ခုနှစ်ထဲကစလို့ သမ္မတနဲ့ သမ္မတကတော်တို့က အခုလို အိမ်ဖြူတော်တောင်ဘက်ခြမ်းနဲ့ ပန်းဥယျာဉ်ကို ပြည်သူတွေကို လာကြည့်ခွင့် ပြုလာခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ ကျော် ရှိနေပြီဖြစ်တဲ့ အစဉ်အလာအတိုင်း လက်ရှိသမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့ကလည်း ပြည်သူ့အိမ်ကြီးနဲ့ ပန်းဥယျာဉ်ကြီးကို အများပြည်သူ အနီးကပ်တွေ့မြင်နိုင်ဖို့ တံခါးဖွင့် ကြိုဆိုပါတယ်လို့ သမ္မတကတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အိမ်ဖြူတော်ကို လာလည်သူတွေအနေနဲ့ သမ္မတဟောင်းကတော် Jackie Kennedy ရဲ့နှင်းဆီခြံ၊ သမ္မတဟောင်းကတော် Michelle Obama စိုက်ပျိုးသွားတဲ့ ခြံထွက်သီးနှံစိုက်ခင်း၊ လက်ရှိသမ္မတကတော် Jill Biden လတ်လတ်ဆတ်ဆတ် ပန်းတွေ ဆွတ်ခူးတဲ့နေရာတွေကို လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၂ ရက် စနေနေ့နဲ့ ၁၃ ရက် တနင်္ဂနွေနေ့ ၂ ရက် မနက် ၁၀ နာရီကနေ ၄ နာရီခွဲအထိ ဘယ်သူမဆို သွားလာရောက်နိုင်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

လာလည်ချင်သူတွေအနေနဲ့ အချိန်ကန့်သတ်ထားတဲ့ လက်မှတ်တွေ ရှိဖို့တော့ လိုပါတယ်။ အိမ်ဖြူတော်ကို ဧည့်သည်တွေ ဝင်ရောက်နိုင်တဲ့ Pennsylvania Avenue အနောက်မြောက်ခြမ်း ဝင်ပေါက်မှာ မနက် ၈ နာရီခွဲကစလို့ အခမဲ့ လက်မှတ်တွေကို ထုတ်ပေးနေပြီး တယောက်ကို လက်မှတ် ၁ စောင်စီရမှာ ဖြစ်ပါတယ်။ ၂ ရက်အတွင်း အိမ်ဖြူတော် ပန်းဥယျာဉ်ကို လာလည်သူ ၃ သောင်းကနေ ၄ သောင်းအထိရှိမယ်လို့ အိမ်ဖြူတော်က ခန့်မှန်းထားပါတယ်။

Forum

XS
SM
MD
LG