Man-yi လို့ အမည်ပေးထားတဲ့ စူပါတိုင်ဖွန်းဟာ ဖိလစ်ပိုင် ကျွန်းစု ကမ်းရိုးတန်းကို စနေနေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ သဘာဝကပ်ဘေး အဖြစ် မိုးလေဝသဌာနက သတိပေးထားလို့ လူပေါင်း ၆၅၀,၀၀၀ ကျော်ဟာ ကြိုတင်ပြီး နေအိမ်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတ တာဝန် ပြန်ထမ်းဆောင်လာချိန်အတွက် ယူကရိန်းနဲ့ ရုရှား ၂ နိုင်ငံစလုံးက ပြင်ဆင်နေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelensky က ရုရှားနဲ့ ဖြစ်ပွါးနေတဲ့စစ်ပွဲကို လာမယ့်နှစ်ထဲမှာ သံတမန်ရေး နည်းလမ်းတွေနဲ့ အဆုံးသတ်ဖို့ သူလိုလားကြောင်း စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
စနေနေ့မှာ ပြီးဆုံးခဲ့တဲ့ G20 စီးပွားထိပ်တန်းနိုင်ငံများရဲ့ လူမှုရေးရာညီလာခံမှာ လာမယ့် ၂၀၃၀ ခုနှစ်ကျရင် ကမ္ဘာ့လူဦးရေ သန်း ၆၀၀ ကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်ရေး ရည်မှန်းချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဂါဇာဒေသတချို့မှာ အငတ်ဘေး ဆိုက်တော့မယ့် အချိန်မှာပဲ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေလည်း ဒုက္ခရောက်နေကြပါတယ်။ သူတို့ဟာ အစ္စရေးဘက်မှာလည်း အလုပ်သွားမလုပ်နိုင်တာကြောင့် ဒေသစီးပွားရေးတခုလုံး ကျုံ့လာနေပါတယ်။ Linda Gradstein ရာမာလာ မြို့ကနေ သတင်းပေးပို့ထားတာပါတယ်။ကိုငြိမ်းချမ်း တင်ပြမှာပါ။
သာမန်ထက် ပိုပြီး ထူးခြား ကြီးမား တောက်ပတဲ့ Supermoon လဝန်းကြီးကို မြန်မာ အပါအဝင် ကမ္ဘာတဝန်းမှာ နိုဝင်ဘာလ ၁၅ ရက် သောကြာနေ့ ညက တွေ့မြင်ခဲ့ကြရပြီး ဒီနှစ်အတွက် နောက်ဆုံးအကြိမ်မြင်ရတဲ့ supermoon ပဲ ဖြစ်ပါတယ်။
စားသုံးသူတွေ အွန်လိုင်းကနေ ဝယ်ယူထားတဲ့ပစ္စည်းကို လိုက်ပို့ရာမှာ လမ်းခရီးချောမွေ့ပြီး အချိန်တိုအတွင်း လိုရာခရီးကို ရောက်အောင် လမ်းပြပေးနိုင်မယ့် GPS ပါတဲ့ မျက်မှန်တမျိုးကို ပစ္စည်းပို့−ဒရိုင်ဘာတွေအတွက် အမေဇုန်ကုမ္ပဏီက စမ်းသပ်တီထွင်နေပါတယ်။ REUTERS သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် ပြောပြထားပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ် အကျိုးရှိရှိ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အတွက် တကိုယ်တော် တဘက်သတ်ဝါဒ (Unilateralism) နဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (Protectionism) တွေကို ပယ်ချဖို့ လိုအပ်ကြောင်း သောကြာနေ့မှာ ပြောလိုက်ပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် စတင်အပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ၂ နှစ်နီးပါးအတွင်းမှာ အနောက်နိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတခုရဲ့ ခေါင်းဆောင် တယောက်ဟာ ရုရှား ခေါင်းဆောင် ပူတင်နဲ့ ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောတာပါ။
လက်ဘနွန်နဲ့ ဂါဇာမှာ စစ်ပွဲတွေနဲ့ အတူ အရှေ့အလယ်ပိုင်း ဒေသတွင်း တင်းမာမှုတွေ ဆက်လက်မြင့်မားနေချိန်မှာပဲ အီရန်ဟာ မြို့တော် တီဟီရန်ရဲ့ ပြတိုက်တခုမှာ သောကြာနေ့က သူတို့ရဲ့ အဆင့်မြင့် ဒုံးကျည်တွေနဲ့ ကာကွယ်ရေးစနစ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါဟာ လက်ဘနွန်က အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ အဖွဲ့ နဲ့ အစ္စရေးအကြား အပစ်ရပ်ဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ကြိုးစားနေချိန်မှာပဲ အီရန်က ပဋိပက္ခကို အဆုံးသတ်လိုတဲ့ သဘောထား ပြသတာဖြစ်ပါတယ်။
ထိုင်ဝမ်သမ္မတ Lai ရဲ့ ပစိဖိတ်ဒေသ အတွင်း ခရီးစဥ်မှာ အမေရိကန်ကို ခရီးတထောက် နားခွင့်မပြုဖို့ နဲ့ "တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန် ခိုင်မာစေရေး” တောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အာရှက ပုဂ္ဂလိကစုဆောင်းသူတယောက်က ရောင်းချခဲ့တဲ့ ဂျော်ဂျီယန်ခေတ်က စိန် ၃၀၀ ကာရက်နဲ့ လည်ဆွဲက အချိန်အကြားကြီး လေလံ အပြိုင်လုခဲ့ရပြီး ဆော်သဘီက မှန်းထားတဲ့ ဒေါ်လာ ၂.၂ သန်းကျော်ထက်တောင် ပိုဈေးရသွားတာဖြစ်ပါတယ်။
ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆင်နဲ့ ယူကျုဗွီဒီယို လွှင့်ထုတ်သူကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ ဂျိတ်ခ်ပေါလ်တို့ မြန်မာစံတော်ချိန် စနေမနက် ၇ နာရီခွဲ မတိုင်ခင် ကြာသပတေးနေ့က သတ်မှတ်အလေးချိန်စစ်ဆေးပွဲမှာတော့ မိုက်တိုင်ဆန်က မျက်နှာချင်းဆိုင်ရပ်နေစဉ် ဂျိတ်ခ်ပေါလ်ကို ပါးရိုက်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က တိုက်ခိုင်းဖို့ မြောက်ကိုရီးယားစစ်သားတွေ ပို့ပေးနေတယ်ဆိုတဲ့ သတင်းတွေကို ရုရှားက ငြင်းဆိုပါတယ်။ ယူကရိန်းစစ်မြေပြင်မှာ မြောက်ကိုရီးယားစစ်သားတချို့ သေဆုံးတဲ့သတင်းတွေလည်း ထွက်နေပေမဲ့ ရုရှားက ငြင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီအကြောင်း VOA ရဲ့ ပိုလီဂရပ်ဖ်ဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့နဲ့ ရင်းနှီးတဲ့ မဟာမိတ်တဦးကို အမေရိကန် ထောက်လှမ်းရေးဌာနကို ဦးဆောင်ဖို့ ရွေးချယ် အဆိုပြုထားပါတယ်။ ထရမ့်သမ္မတ သက်တမ်း ဇန်နဝါရီမှာစတင်တဲ့အခါ သူအဆိုပြုထားသူဟာ ထောက်လှမ်းရေးအေဂျင်စီတွေကို ကြီးကြပ်နိုင်ပါ့မလားဆိုတဲ့အကြောင်း ကိုအောင်အောင် တင်ပြထားပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အချိန်စောကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အနုရာ ကုမာရ ဒစ္စနာရာကေးရဲ့ ညွန့်ပေါင်းအဖွဲ့က ဒီနေ့ သောကြာနေ့အထိ မဲ ၆၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်မှာ အမျိုးသားပြည်သူ့အာဏာ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ ၃ ပုံ ၂ ပုံ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ ကုန်းလောရွာကို ဒီကနေ့ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဘုရားကျောင်းအတွင်းကျရောက်ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံးလူ ၈ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံတဦးက VOA ကို ပြောပါတယ်။
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း၊ မောင်တော၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
ပီရူး (Peru) နိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Joe Biden ဟာ ဒီနေ့ သောကြာနေ့မှာ တောင် ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ လီမာ (Lima) မြို့တော်မှာကျင်းပတဲ့ APEC အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံ ဘေးပန်းမှာ ခေါင်းဆောင် ၃ ယောက် သီးခြားတွေ့ဆုံကြမှာဖြစ်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းရပ်ကွက်တခုအပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အထပ်မြင့် အဆောက်အဦးတခု ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ဒရုန်းယာဉ်သုံးပြီး Missile ဒုံး ၂ ခုနဲ့ ပစ်ခတ်ခဲ့လို့ မြူနီစပယ်ရုံးတွေနားက အဆောက်အဦးတခု ပြိုကျသွားခဲ့တယ်လို့ လက်ဘနွန် အစိုးရသတင်းဌာန NNA က ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်