သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်းတင်းမာမှု မြင့်မားချိန် အီရန်စစ်လက်နက်အင်အား ပြသ


အီရန်မြို့တော် တီဟီရန်မှာပြုလုပ်တဲ့ စစ်လက်နက်ပြပွဲ (နိုဝင်ဘာ ၁၅၊ ၂၀၂၄)
အီရန်မြို့တော် တီဟီရန်မှာပြုလုပ်တဲ့ စစ်လက်နက်ပြပွဲ (နိုဝင်ဘာ ၁၅၊ ၂၀၂၄)

လက်ဘနွန်နဲ့ ဂါဇာမှာ စစ်ပွဲတွေနဲ့ အတူ အရှေ့အလယ်ပိုင်း ဒေသတွင်း တင်းမာမှုတွေ ဆက်လက်မြင့်မားနေချိန်မှာပဲ အီရန်ဟာ မြို့တော် တီဟီရန်ရဲ့ ပြတိုက်တခုမှာ သောကြာနေ့က သူတို့ရဲ့ အဆင့်မြင့် ဒုံးကျည်တွေနဲ့ ကာကွယ်ရေးစနစ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေဟာ အီရန် ကာကွယ်ရေး အခန်းကဏ္ဍမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အောက်တိုဘာ ၁ ရက်က အစ္စရေးကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့သလို အောက်တိုဘာ ၂၆ ရက်က အစ္စရေးဘက်က အီရန်စစ်စခန်းတွေကို တိုက်ခိုက်တုန်းကလည်း တုံ့ပြန် ကာကွယ်တိုက်ခိုက်ရာမှာ သုံးခဲ့ပါတယ်။

အစ္စရေး တိုက်ခိုက်တုန်းက အီရန်ရဲ့ ရေဒါစနစ်နဲ့ ရုရှားလုပ် S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ပစ်မှတ်ထားခဲ့ပြီး အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို အားနည်းသွားစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့ အချက်အလက်တွေ အရ ဆိုရင် အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပဲ့ထိန်းဒုံးကျည် အရေအတွက် အများဆုံး ပိုင်ဆိုင်ထားပါတယ်။

အီရန်ကတော့ ပဲ့ထိန်းဒုံးကျည်တွေဟာ ကာကွယ်ရေးမှာ အရေးကြီးသလို အမေရိကန်၊ အစ္စရေးနဲ့ အခြား အလားအလာရှိတဲ့ ဒေသတွင်း ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေမှာ အရေးပါတယ်လို့ ပြောဆိုလေ့ရှိပေမယ့် နျူကလီးယားလက်နက် စွမ်းဆောင်နိုင်ဖို့ ကြိုးစားနေတယ် ဆိုတာကို အမြဲ ငြင်းဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG