သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွါးပူးပေါင်းဆောင်ရွက်ရေး တိုင်ဝမ်ကိုယ်စားလှယ်နဲ့ ကန်ဝန်ကြီးဘလင်ကန် ဆွေးနွေး


 ထိုင်ဝမ် ကိုယ်စားလှယ် Lin Hsin-I နဲ့တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် (နိုဝင်ဘာ ၁၄၊ ၂၀၂၄)
ထိုင်ဝမ် ကိုယ်စားလှယ် Lin Hsin-I နဲ့တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် (နိုဝင်ဘာ ၁၄၊ ၂၀၂၄)

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ စနေနေ့ တွေ့ဆုံပွဲ မတိုင်မီ အမေရိကန် ပြည်ထောင်စုအနေနဲ့ "တရုတ်တနိုင်ငံတည်းမူကို" လေးစားလိုက်နာဖို့၊ ထိုင်ဝမ်သမ္မတ Lai ရဲ့ ပစိဖိတ်ဒေသ အတွင်း ခရီးစဥ်မှာ အမေရိကန်ကို ခရီးတထောက် နားခွင့်မပြုဖို့ နဲ့ "တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန် ခိုင်မာစေရေး” တောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က ပီရူးနိုင်ငံ လီမာမြို့မှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး မတိုင်မီ အစည်းအဝေးကို တက်ရောက်လာတဲ့ ထိုင်ဝမ် ကိုယ်စားလှယ် Lin Hsin-I နဲ့ တွေ့ဆုံ အပြီးမှာလည်း ဖြစ်ပါတယ်။ ကြိုတင် တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိတဲ့ ကြာသပတေးနေ့က တွေ့ဆုံမှုက မိနစ် ၂၀ လောက် ကြာပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပွင့်လင်း တက်ကြွ ငြိမ်းချမ်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်ရေး ဘုံတူညီ မျှဝေတဲ့ ကတိကဝတ်တွေ အကြောင်း အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီး ဘလင်ကန်က X လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

“အရေးကြီးတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့တယ်” လို့ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ကြာသပတေးနေ့နှောင်းပိုင်း ဖုန်းကတဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။ ထိုင်ဝမ် ရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်-တိုင်ဝမ် မိတ်ဖက်ဆက်ဆံရေးကို အားကောင်းလာစေဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြကြောင်း ပြောပါတယ်။

ဝန်ကြီး ဘလင်ကန်နဲ့ တွေ့ဆုံခဲ့တဲ့ Lin ဟာ ထိုင်ဝမ်ရဲ့ ဒုတိယဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်ခဲ့သလို သမ္မတ Lai Ching-te ရဲ့ အကြီးတန်း သမ္မတအကြံပေးတဦးဖြစ်ပြီး ပီရူးနိုင်ငံမှာ ကျင်းပတဲ့ ဒီနှစ် APEC ခေါင်းဆောင်များ အစည်းအဝေးကို ထိုင်ဝမ်ကိုယ်စားပြုပြီး တက်ရောက်လာတာပါ။

တချိန်တည်းမှာပဲ ကမ္ဘာ့ထိပ်တန်း အဆင့်မြင့် တပိုင်း လျှပ်ကူး ပစ္စည်း ထုတ်လုပ်သူ ထိုင်ဝမ် ကုမ္ပဏီ ဖြစ်တဲ့ ထိုင်ဝမ် ဆီမီးကွန်ဒတ်တာ ကုမ္ပဏီ (TSMC) က ချစ်ပ်ပြား နဲ့ သိပ္ပံ ဆိုင်ရာ အက်ဥပဒေ အောက်က ရန်ပုံငွေ ဒေါ်လာ ၆.၆ ဘီလီယံ ရရှိမယ်လို့ သောကြာနေ့က အိမ်ဖြူတော်မှာ ကြေညာပါတယ်။

ဒါက အရီဇိုးနားပြည်နယ်မှာ စက်ရုံ ၃ ခုတည်ဆောက်မယ့် TSMC ရဲ့ ဒေါ်လာ ၆၅ ဘီလီယံရင်းနှီးမြုပ်နှံမှုကို အထောက်အပံ့ပေးမှာ ဖြစ်ပြီး လာမယ့် ဆယ်စုနှစ်ထဲမှာ သောင်းနဲ့ချီတဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်သမိုင်းမှာ လုံးဝအသစ်ဖြစ်တဲ့ စီမံကိန်း တခု အနေနဲ့ အကြီးမားဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG