သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်တောင်ပိုင်းကို အစ္စရေး လေကြောင်းက ဆက်လက်တိုက်ခိုက်


လက်ဘနွန်တောင်ပိုင်း Ghobeiry ရပ်ကွက်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားတဲ့ လူနေအဆောက်အဦး။​ (နိုဝင်ဘာ ၁၅၊ ၂၀၂၄)
လက်ဘနွန်တောင်ပိုင်း Ghobeiry ရပ်ကွက်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားတဲ့ လူနေအဆောက်အဦး။​ (နိုဝင်ဘာ ၁၅၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံတောင်ပိုင်းရပ်ကွက်တခုအပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အထပ်မြင့်အဆောက်အဦးတခု ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ဒရုန်းယာဉ်သုံးပြီး Missile ဒုံး ၂ ခုနဲ့ ပစ်ခတ်ခဲ့လို့ မြူနီစပယ်ရုံးတွေနားက အဆောက်အဦးတခု ပြိုကျသွားခဲ့တယ်လို့ လက်ဘနွန် အစိုးရသတင်းဌာန NNA က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှု မလုပ်ခင်လေးမှာတော့ အစ္စရေးစစ်တပ်ပြောခွင့်ရက တိုက်ခိုက်မှုတွေလုပ်တော့မှာမို့ ဒေသခံတွေကို ဘေးလွတ်ရာသွားကြပါလို့ X လူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။ တောင်ပိုင်း ရပ်ကွက်တွေက ဒေသခံတွေအားလုံးအထူးသဖြင့် Ghobeiry ဒေသတဝိုက်မှာ ရှိနေကြသူအားလုံးဟာ Hezbollah အဖွဲ့နဲ့ သူ့ရဲ့ အကျိုးစီးပွားတွေနားမှာ ရှိနေတဲ့အတွက် ချက်ချင်းဘေးလွတ်ရာသွားကြပါလို့ ပြောကြားခဲ့ပါတယ်။

Hezbollah စစ်သွေးကြွအဖွဲ့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း အပေါ် အစ္စရေးကအကြိမ်ကြိမ် လေကြောင်းနဲ့ တိုက်ခိုက်နေတာကြောင့် အရပ်သားအမြောက်အမြား တခြားနေရာတွေကို ရွှေ့ပြောင်းနေကြရပါတယ်။ တချို့ကလည်း နေ့ဘက်အချိန်တွေမှာ သူတို့နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပြန်လာ ကြည့်ကြလေ့ရှိပါတယ်။

သောကြာနေ့မနက် နေမထွက်ခင်ကလည်း Nabatieh မြို့တိုက်ခိုက်ခံရတယ်လို့ NNA သတင်းဌာနက ထုတ်ပြန်ပါတယ်။အစ္စရေးဘက်ကို ဒုံးတွေနဲ့ ပစ်ခတ်နေတဲ့ ဒုံးပစ်စင်တွေနဲ့ Hezbollah အဖွဲ့ရဲ့ Radwan Force အထူးတပ်ရဲ့ ကွပ်ကဲရေးဌာနကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ကြာသပတေးနေ့တွင်း လက်ဘနွန်နိုင်ငံတဝန်းကလက်နက်တိုက်တွေ၊ ကွပ်ကဲရေးစခန်းတွေနဲ့ ဒုံးပစ်စင်တွေအပါအဝင် Hezbollah ပစ်မှတ် ၁၂၀ ကျော်ကို ပစ်ခဲ့တယ်လို့အစ္စရေးတပ်ဘက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG