“ဒီဒေသမှာ ရွာပေါင်း ၁၀ ကျော်၊ ၂၀ လောက်က ဒီဆေးရုံကို အားကိုးပြီး မှီခိုနေကြတာလေ။ အဲဒါကြောင့် ဆရာဝန်ကလည်း တစုံတခုဆေးပြတ်သွားရင် ဒုက္ခရောက်မှာစိုးလို့ ပိုဝယ် တာ။ အဲဒါကြောင့် ဖမ်းတယ်။ ဆေးတွေ အကုန်လုံးကိုလည်း သိမ်းသွားတယ်။” (ငပသုန်ရွာဒေသံ)
“ အပြန်အလှန်ဖြစ်ကြတာပါ။ သေနတ်နဲ့တယောက်က ချိန်တယ်၊ မင်းတို့အဖမ်းခံပါ၊ မရိုက်နဲ့ ဆိုပြီးတော့ အဲဒီအချိန်မှာ အဖမ်းမခံဘဲ သေနတ်ကိုလုတာကြောင့် နောက်တယောက်က ထုတ်ပြီးတော့ ပစ်လိုက်တာ။ သေလောက်တဲ့ ဒဏ်ရာမဟုတ်ပါဘူး။ ပေါင်ကိုပဲ ပစ်လိုက်တာပါ။ သုံးလေးချက် မပစ်ပါဘူး။ ၂ ချက်ပဲ ပစ်တာပါ။”(ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုး)
စစ်ပွဲတွေကြောင့် ပြည်သူတွေတွေ့ကြုံနေရတဲ့ အခက်အခဲတွေ လျှော့ချဖို့နဲ့ အချင်းချင်း အပြန်အလှန်နားလည်မှု ပိုမိုရရှိစေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတွေ့ဆုံ ဆွေးနွေးကြဖို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ဖိတ်ခေါ်လိုက်ပါတယ်။
ကုလမဟာမင်းကြီး ကုလလူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာအရေးထည့်သွင်းတင်ပြ၊ လက်ယက်ကုန်းပစ်ခတ်မှု စစ်ရာဇဝတ်မှုမြောက်မမြောက် IIMM စုံစမ်း၊ မြန်မာစစ်တပ်ကို လက်နက်ပိတ်ပင်မှု ထိရောက်အောက် အမေရိကန်နည်းလမ်းရှာ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုစံကျော်တို့ ပြောပြပေးပါမယ်။
ကန်သမ္မတဘိုင်ဒန်က မြန်မာ့အရေး ကုလအထွေထွေညီလာခံမှာ ထည့်သွင်းပြောကြား၊ စစ်ကောင်စီနဲ့ NUG ကုလမြန်မာ ကိုယ်စားလှယ်နေရာ အပြိုင်အဆိုပြု၊ မြန်မာ့စီးပွားရေး ၂၂ မတ်လ နောက်ပိုင်း အတန်အသင့် တိုးတက်ဟု ADB ပြော၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုစံကျော်တို့ ပြောပြပေးပါမယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဘက်က ကုန်းကြောင်း ရေကြောင်း လမ်းတွေပိတ်ဆို့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်နေတာကြောင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးမှာပါ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ ဘူးသီးတောင် မောင်တောဘက်အခြမ်းက ဘယ်အချိန်မှာ ပြဿနာဖြစ်နိုင်ခြေအရှိဆုံးလဲဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံလုပ်တဲ့အချိန်မှာ အမြဲတမ်းဖြစ်တယ်။ ဒီနှစ်မှာလည်း AA၊ ARSA ပူးပေါင်းပြီးတော့ကျ နှစ်နိုင်ငံနယ်ခြားမှာ ပြဿနာဖြစ်အောင် ဖြစ်တီးလာတာဖြစ်ကြောင်း ပြောလိုပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာမှာ ဒီလ ၁၄ ရက်နေ့က ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က လူ ၅ ယောက် သတ်ဖြတ်ခံခဲ့ရတာပါ။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ၄ ရက်ဆက်တိုက် မနေ့ကအထိ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလက်နက်ကြီးအပြင် လေကြောင်းသုံး ဗုံးကြဲတာကြောင့် နေအိမ် ၂၀ ထက်မနည်းပျက်စီးသလို အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်သစ် ခန့်အပ်၊ အမေရိကန် လွှတ်တော်အမတ်တွေ ထိုင်ဝမ်ကျွန်း သွားရောက်မှု တရုတ် အပြင်းအထန် ဝေဖန်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုစံကျော်တို့ ဆက်ပြီး ပြောပြပေးပါမယ်။
“နန်းတော်ရာကုန်းဆိုတာ မြောက်ဦးရဲ့ မြို့အလယ်တည့်တည့်မှာရှိတယ်။ ဈေးနဲ့လည်း သိပ်မဝေးဘူး။ ဒါက ပြည်သူကို အကြောင်းမဲ့သက်သက် ခြိမ်းခြောက်တာဖြစ်တယ်။ ပြီးတော့ နန်းတော်ရာကုန်းဆိုတာ ရှေးဟောင်းသမိုင်းဝင် နေရာတခုလည်းဖြစ်တယ်၊ ဒီနေရာမှာ တပ်စခန်းချပြီး မိုင်းဖောက်တာ မလုပ်သင့်ဘူး။ ဘယ်သူမှ မနှစ်သက်ဘူး။” (ဒေသခံ)
“အဓိက သူတို့ မှီခိုတာက အဲဒီတောင်ယာ။ နဂိုကတည်းက လမ်းပန်းဆက်သွယ်ရေးက ခက်တဲ့အခါကျ သူတို့ ဒုက္ခရောက်တယ်။ ဒီနှစ်က ပိုဆိုးတယ်။ ကြွက်ဘေးဒဏ်ကြောင့်ရယ်။ နောက် နိုင်ငံရေးအခြေအနေကြောင့်ရယ်။ ကုန်ဈေးနှုန်းမြင့်တက်တာရယ်။ ...သူတို့ ခါတိုင်းနှစ်ထက်ပိုပြီးတော့မှ အငတ်ဘေး ကြုံတွေ့ဖွယ်ရှိတာပေါ့နော်။“ (ကိုဆားဂျီး-KDNG)
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း အနည်းဆုံး ကျေးရွာ ၁၀ ရွာ က ထောင်နဲ့ချီတဲ့ရွာသူရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
ယူကရိန်းက ရုရှားထိန်းချုပ် နျူကလီးယားဓာတ်အားပေးစက်ရုံ ဘေးကင်းမှုစစ်ဆေး၊ တရုတ်အစိုးရ ဝီဂါတွေအပေါ်ချိုးဖောက်မှုများ ကုလအစီရင်ခံစာထုတ်၊ မလေးရှားဝန်ကြီးချုပ်ဟောင်းကတော် နှစ်ရှည်ထောင်ဒဏ်ချခံရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုစံကျော် တင်ပြထားပါတယ်။
“၂၇ ရက်နေ့က လေယာဉ်နဲ့လာပြီးပစ်တော့ အဲဒီနေ့ညနေ ၇ နာရီလောက်ကနေ ဆက်သွယ်လို့ မရတော့ဘူး၊ အဲဒီဘက်ကပြေးလာတဲ့ ဒေသခံတချို့နဲ့ တွေ့လို့ ပြောတာကတော့ ဖုန်းတာဝါတိုင်က လေယာဉ်နဲ့ပစ်တဲ့အခါထိသွားတယ်။ တာဝါတိုင်ကြောင့် ဖြစ်တယ်လို့ ထင်ကြတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတာဝါတိုင် ထိပ်တည့်တည့်ကို ကျတာ။”(ခမောင်းဆိပ်ဒေသခံ)
“အမျိုးသမီးက ငါးယောက်၊ အမျိုးသား ၃ ယောက်။ ထိခိုက်ဒဏ်ရာရတာ။ သေဆုံးတာကတော့ ၅ နှစ်အရွယ် ကလေးတယောက်ရယ်၊ နောက် အသက် ၃၈ နှစ် အမျိုးသားတယောက်ရယ်၊ နောက်ပြီးတော့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတယောက်သေဆုံးတယ်။“ (ခိုင်သုခ- ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြောခွင့်ရ)
ယူကရိန်းလွတ်လပ်ရေးနေ့၊ ရုရှားကျူးကျော်စစ်စတဲ့ ၆ လပြည့်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေ၊ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ရာထူးတာဝန်ထမ်းဆောင်မှု ယာယီဆိုင်းငံ့ခံရ ဒီလိုတပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုစံကျော် တင်ပြထားပါတယ်။
“လောလောဆယ် ၂ ယောက်က သေချာတယ်လို့ ပြောတယ်။ တယ်ပင်ဆိပ် ရွာခံတွေပါပဲ။ တယောက်က ယောက်ကျားလေး၊ နာမည်က ကိုနိုင်ဝင်းလို့ပြောတယ်။ မိန်းကလေးနာမည်ကတော့ မသိရသေးဘူး။ ပြေးရင်းနဲ့ စက်လှေပေါ်မှာ ရဟတ်ယာဉ်နဲ့ အပစ်ခံရတာပေါ့။ စက်လှေအပေါ် တက်တဲ့အချိန်ပေါ့။” (ဒေသခံ)
အစိုးရက ကျနော်တို့ကို စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံခွင့်ကို ပိတ်ပင်ထားတယ်ဗျာ။ အလှူမခံရဘူး၊ အလှူခံရင် တရားစွဲခံရမယ်၊ လူတွေကို ဖမ်းမယ်၊ ကျနော်တို့ အသင်းအဖွဲ့က ကားတွေကိုလည်း သိမ်းမယ် ဆိုပြီးတော့ ပြောထားတာလည်းရှိတယ်ဗျာ။” (ကိုကျောက်ချိုင်-မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း)
“Dialogue က အရမ်းအရေးကြီးတယ်ဆိုတာမျိုး၊ အဓိကအားဖြင့် တတိုင်းပြည်လုံးရဲ့ ငြိမ်းချမ်းရေး၊ တိုင်းပြည်ရဲ့ နိုင်ငံရေးခရီးကို ဆက်သွားတဲ့ နေရာမှာ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး ဒါတွေကို ကျမတို့ဘက်က သွားကြတဲ့ ပုဂ္ဂိုလ် များ အားလုံးက ကိုယ်စီ ကိုယ်စီ ရှင်းပြကြပါတယ်။”(ဒေါ်စောမြရာဇာလင်း ALP)
နောက်ထပ်ကြည့်ရှုရန်